Home သတင်း ထိ‌တွေ့မှုများကို အတတ်နိုင်ဆုံး ‌ရှောင်ရှားရန် တပ်တွင်း ညွှန်ကြားချက်ထုတ်ထားဟု KNLA စစ်ဦးစီးချုပ်‌ပြော

ထိ‌တွေ့မှုများကို အတတ်နိုင်ဆုံး ‌ရှောင်ရှားရန် တပ်တွင်း ညွှန်ကြားချက်ထုတ်ထားဟု KNLA စစ်ဦးစီးချုပ်‌ပြော

7024

ဇွန်လ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

အစိုးရ တပ်မ‌တော်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွား‌စေသည့် ထိ‌တွေ့မှုကို အတတ်နိုင်ဆုံး ‌ရှောင်ရှားရန် တပ်တွင်း ညွှန် ကြား ချက်ထုတ်ထား‌ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် ( NCA) လက်မှတ်ထိုး ထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ‌ပြောသည်။

လတ်တ‌လော KNU နယ်‌မြေ‌ဒေသများတွင် အစိုးရ စစ်တပ်၏ လက်‌အောက်ခံ တပ်ရင်းများနှင့် KNLA တပ်ဖွဲ့ဝင်များ အကြား နယ်‌မြေကျူး‌ကျော်မှု အ‌ကြောင်းပြချက်များဖြင့် ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုများ ပိုမိုဖြစ်ပွား လာခြင်း‌ကြောင့် ယခုလို ညွှန်ကြားချက် ထုတ်လိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ယခုလို‌ပြောသည်။

၎င်းက “အခု ကျ‌နော်တို့လူ‌တွေကို ညွှန်ကြားထားပြီးပြီ။ ကိုယ့်‌နေရာနဲ့ ကိုယ်‌နေပြီး နယ်‌မြေကျူး‌ကျော်တာမျိုး မဟုတ်ရင် ဘာမှမလုပ်ဖို့နဲ့ တကယ်လို့ နယ်‌မြေကျူး‌ကျော်လာတာမျိုးဖြစ်ရင်လည်း ဘယ်လို အ‌ရေးယူ ‌ဆောင်ရွက်ရမလဲ ဆိုတာ ကို‌ပေါ့။ အခုဆိုရင် ကျ‌နော်ထင်တယ် ‌နောက်တစ်ပတ် နှစ်ပတ်‌လောက်ဆိုရင်‌တော့ အဆင်‌ပြေသွားမှာပါ” ယ‌နေ့ ‌ကေအိုင်စီသို့‌ပြောသည်။

ပြီးခဲ့သည့် လများမှ၍ ယခုဇွန်လဆန်းပိုင်းအထိ KNU လက်‌အောက်ခံ တပ်ဖွဲ့ဝင်များနှင့် အစိုးရ တပ်မ‌တော် တို့အကြား ထိ‌တွေ့မှု ၊ ပစ်ခတ်မှုများ ပုံမှန်ပြန်ဖြစ်လာခြင်းနှင့်ပတ်သက်ပြီး ‌ကေအိုင်စီ-ကရင်သတင်းဌာန၏ ဆက်သွယ်‌မေးမြန်းမှု အ‌ပေါ် ယခုလိုပြန်လည်‌ပြောကြားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်‌ရေးထိုးထားသည့် KNU လက်‌အောက်ခံတပ်များနှင့် အစိုးရ စစ်တပ်အကြား မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိပြီး တစ်ဖက်နှင့် တစ်ဖက်သတ်မှတ်နယ် ‌မြေကျူး‌ကျော်ခြင်း‌ကြောင့် ဖြစ်ပွားရ ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာနှစ်ဖက်တပ်များက ပစ်ခတ်မှုဖြစ်စဉ်များအပြီး ထုတ်‌ဖော်‌ပြော‌လေ့ရှိ‌သော်လည်း ငြိမ်းချမ်း ‌ရေး‌ဆွေး‌နွေးမှု လုပ်ငန်းစဉ်များတွင် ယ‌နေ့အချိန်ထိ နယ်‌မြေပိုင်းခြားသတ်မှတ်ခြင်းကို ‌ဆွေး‌နွေးနိုင်ခြင်းမရှိ ‌သေး‌ကြောင်း သိရသည်။

အလားတူ မြန်မာ့တပ်မ‌တော်အ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေးကို အခွင့်အ‌ကောင်းယူပြီး ၎င်းတို့ နယ်‌မြေထဲတွင် တပ်စခန်း နှင့် တပ်အင်အားတိုးချဲ့မှုများ ယခင်နှစ်များထက် နှစ်ဆဖြည့်တင်းခြင်းများ ပြုလုပ်လာ‌ကြောင်း ပြီးခဲ့သည့် ‌မေလ ၁၅ ရက်‌နေ့က KNU ဗဟိုက သ‌ဘောထားထုတ်ပြန်ထားပြီး တပ်မ‌တော်စစ်‌ကြောင်းများမှ ရန်လိုသည့် ပုံစံပိုမိုပြသ လာခြင်း‌ကြောင့် ‌အောက်‌ခြေတွင် ထိ‌တွေ့မှုများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ‌ပြောဆိုထားသည်။

ထို့အပြင် အဆိုပါ တပ်မ‌တော်၏ တပ်အင်အားတိုးချဲ့မှုများ၊ တပ်စခန်းအသစ် အခိုင်အမာတည်‌ဆောက်မှုများ နှင့် စစ်‌ရေး လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားပါက ယုံကြည်မှုကို ပျက်ပြား‌စေပြီး KNLA အ‌နေဖြင့် မလွဲမ‌သွေ ခုခံကာကွယ် သွားရမည်ဖြစ်‌ကြောင်း ပြီးခဲ့သည့် ‌မေလ ဆန်းပိုင်းက KNLA ၏ တပ်မှူးများ အစည်းအ‌ဝေး ဆုံးဖြတ်ချက်တစ်‌စောင် လူမှုကွန်ယက်သို့ ပျံ့နှံ့သွားပြီး အဆိုပါ ကိစ္စရပ်အ‌ပေါ် KNLAဘက်မှ တစုံတရာ မှတ်ချက်‌ပေး‌ပြောဆိုခြင်းမရှိခဲ့‌ပေ။

ယခုဇွန်လဆန်းပိုင်းတွင်လည်း KNU တပ်မဟာ (၅) နှင့် တပ်မဟာ(၇) ‌ဒေသတို့တွင် အစိုးရတပ်မ‌တော်နှင့် KNLA တပ်ဖွဲ့ ဝင်များအကြား ပစ်ခတ်မှု ၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဇွန်လ ၂ရက်‌နေ့ ပစ်ခတ်မှု ဖြစ်စဉ်တွင် ‌ဒေသခံ ရွာသား ၂ဦး လက်နက်ကြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇွန်လ ၄ရက်‌နေ့တွင်လည်း KNU ဖာပွန်ခရိုင်‌ဒေသရှိ ‌သောလယ်ထ နှင့် ဖားအံခရိုင်‌ဒေသရှိ သူမွဲထ ‌ဒေသတို့တွင် နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ ‌သေးသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်များတွင် တပ်မ‌တော်၏ နယ်‌မြေ‌ကျော် စစ်‌ရေးလှုပ်ရှားမှုများ‌ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု KNUဘက်က ‌ပြောဆိုသလို တပ်မ‌တော်ဘက်ကလည်း KNLA ဘက်မှ တပ်မ‌တော်၏ ‌ဒေသဖွံ့ဖြိုး‌ရေး လုပ်ငန်းစဉ်များ အ‌ပေါ် မိုင်း‌ထောင်တိုက်ခိုက်ခြင်း၊ တပ်စခန်းအတွင်းသို့ လာ‌ရောက်ပစ်ခတ်ခြင်းနှင့် နယ်‌မြေကျူး‌ကျော်လာသည့်လုပ်ရပ် များ‌ကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်သည့် တုံ့ပြန်‌ပြောဆိုမှုများ ရှိခဲ့သည်။

အလားတူ နယ်‌မြေသတ်မှတ်ကျူး‌ကျော်မှုအ‌ကြောင်းပြချက်ဖြင့် ဖြစ်ပွားသည့် ထိ‌တွေ့ပစ်ခတ်မှုများအပြင် လတ်တ ‌လော ဖြစ်ပွား‌နေသည့် COVID-19 ကပ်‌ရောဂါကာလအတွင်း KNU ၏ ကာကွယ်‌ရေးလုပ်ငန်းစဉ်များကို တပ်မ‌တော်ဘက်မှ ‌နှောင့်ယှက်ဟန့်တားမှုများနှင့် ကျန်းမာ‌ရေး စစ်‌ဆေး‌ရေး ဂိတ်များဝင်‌ရောက်ဖျက်ဆီးမှု‌ကြောင့်လည်း နှစ်ဖက် ပဋိပက္ခများ ဖြစ်ပွားခဲ့‌သေးသည်။