Home COVID-19 ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ‌နေရပ်ပြန်များအတွက် စားနပ်ရိက္ခာများ ‌ထောက်ပံ့နိုင်‌ရေး WFP စီစဉ်

ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ‌နေရပ်ပြန်များအတွက် စားနပ်ရိက္ခာများ ‌ထောက်ပံ့နိုင်‌ရေး WFP စီစဉ်

2427
Photo: WFP

ဇွန်လ ၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ‌နေရပ်ပြန်လာကြပြီး သွားလာ‌စောင့်ကြည့်မှု ခံယူကြမည့် ‌နေရပ်ပြန်မြန်မာ လုပ်သား များအတွက် ကုလသမဂ္ဂ ကမ႓ာ့စားနပ်ရိက္ခာအစီအစဉ် -WFP အ‌နေဖြင့် စားနပ်ရိက္ခာနှင့် အဟာရ အ‌ထောက် အပံ့ ‌ထောက်ပံ့မှုများ ဆက်လက်လုပ်‌ဆောင်‌ပေးနိုင်ရန် စီစဉ်‌နေ‌ကြောင်း ဇွန်လ ၃ရက်‌နေ့ သတင်းထုတ်ပြန် ထားမှုများအရ သိရသည်။

အဆိုပါ စားနပ်ရိက္ခာနှင့်အဟာရအ‌ထောက်အပံ့ ‌ထောက်ပံ့မှုများကို ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ကရင်၊ မွန်၊ ရှမ်း၊ ရန်ကုန်နှင့်တနသင်္ာရီတို့တွင် WFPက အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုသိရပြီး ၎င်း တို့အ‌နေဖြင့် ဆက်လက်‌ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ WFP (မြန်မာ)၏ ဆက်သွယ် ဆက်ဆံ‌ရေးအရာရှိ ကိုထက်ဦးလင်းက ယခုလို‌ပြောသည်။

၎င်းက “WFP အ‌နေနဲ့‌နေရပ်ပြန်လာတဲ့မိသားစု‌တွေကို စားနပ်ရိက္ခာအ‌ထောက်အပံ့‌တွေ ဆက်‌ပေး‌နေသလိုမျိုး ‌နေရပ်ပြန်လာတဲ့အ‌ခြေအ‌နေတစ်ခုလုံးကိုလည်း အနီးကပ်‌လေ့လာ‌စောင့်ကြည့်‌နေပါတယ်။ အခုလို‌လေ့လာ ‌စောင့်ကြည့်တာက တကယ်လို့ လိုအပ်ချက်‌တွေ ရှိလာတဲ့အခါကျရင် အစိုးရနဲ့ပူး‌ပေါင်းပြီး‌တော့ လိုအပ်ချက်ရှိ တဲ့‌နေရာ‌တွေ သတ်မှတ်နိုင်ဖို့ ကျ‌နော်တို့‌လေ့လာ‌နေတာဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ပြီးတဲ့အခါကျရင်လည်း လိုအပ်ချက်ရှိပြီဆိုရင် အကူအညီ‌ထောက်ပံ့‌ပေးနိုင်ဖို့ WFP အ‌နေနဲ့အဆင်သင့်ပြင်ဆင်ထားပါတယ်” ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ယ‌နေ့အထိ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ‌နေရပ်ပြန်လာပြီး သွားလာ‌စောင့်ကြည့်မှုခံယူသူ စုစု‌ပေါင်း ၃၅,၀၀ဝ ‌ကျော်ကို WFPက စားနပ်ရိက္ခာနှင့် အဟာရ အ‌ထောက်အပံ့ ‌ထောက်ပံ့မှုများပြုလုပ်နိုင်ခဲ့ပြီး ကရင်ပြည်နယ် အတိုင်းအတာအရ ထိုင်းနိုင်ငံနယ်စပ်ဂိတ်များမှ ‌နေရပ်ပြန်လာသူ ၁၅,၀၀ဝ ‌ကျော်ကို ‌ထောက်ပံ့‌ပေးနိုင်ခဲ့ ‌ကြောင်းလည်း WFP ထံမှ သိရသည်။

အဆိုပါ ‌ထောက်ပံ့မှုများကို WFPမှ နိုင်ငံ‌တော်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်‌ရောဂါတုန့်ပြန်‌ရေးလုပ်ငန်းများ ကိုပံ့ပိုးသည့်အ‌နေဖြင့် အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်နယ်နှင့်တိုင်း‌ဒေသကြီးအစိုးရများ၊ Covid -19 နဲ့ပတ်သက်ပြီး နိုင်ငံ‌တော်မှ ဖွဲ့စည်းထားသည့် သက်ဆိုင်ရာ ‌ကော်မတီများ၊ ‌စေတနာ့ဝန်ထမ်းများနှင့် ညှိနှိုင်းပူး‌ပေါင်းကာ ကူညီ‌ထောက်ပံ့မှုများ လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည် ဟုလည်း သိရသည်။

Photo: WFP

ထိုသို့ ကူညီ‌ထောက်ပံ့မှုများလုပ်‌ဆောင်ရာတွင် ‌နေရပ်ပြန်လုပ်သားများ နိုင်ငံအတွင်း ပြန်လည် ဝင်‌ရောက် လာစဉ် ၊ ယာယီစုရပ်များသို့‌ရောက်ရှိစဉ်နှင့် အသွားအလာကန့် သတ်မှုခံယူစဉ်ကာလတစ်‌လျှောက် ထမင်း ဟင်းလျာများ ချက်ပြုတ်‌ကျွေး‌မွေးခြင်း၊ ထမင်းဗူးများဖြန့်‌ဝေခြင်းအပြင် အချို့‌နေရာများတွင် အဟာရမြင့် အစားအစာများကိုပါ ဖြည့်စွက်ပံ့ပိုးမှုများပြုလုပ်နိုင်ခဲ့‌ကြောင်းလည်း WFPက ထုတ်ပြန်‌ပြောဆိုသည်။

ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်က “ပထမအကြိမ် ထိုင်းနိုင်ငံက‌နေ ‌ရွှေ့‌ပြောင်း အလုပ်သမား ‌တွေ ပြန်ဝင်လာတုန်းကဆိုရင် ‌တော်‌တော်‌လေးကသီလင်တနိုင်ခဲ့တယ်။ တစ်ရက် တစ်ရက် လူဦး‌ရေ ဘယ် ‌လောက်ပြန်ဝင်လာမလဲဆိုတာ ခန့်မှန်းလို့မရခဲ့ဘူး။

သူတို့စ‌ရောက်တဲ့အခါမှာ ထမင်း‌ကျွေးဖို့ ‌သောက်သုံး‌ရေ စီစဉ်‌ပေးဖို့ အခက်အခဲ‌တွေရှိခဲ့တယ်။ အခု second wave မှာ WFP အ‌နေနဲ့ ကျ‌နော်တို့ အစိုးရနဲ့ပူး‌ပေါင်းပြီး ‌တော့ နိုင်ငံရပ်ခြားက‌နေပြန်လာတဲ့ ကျ‌နော်တို့ရဲ့‌ရွှေ့‌ပြောင်းလုပ်သား‌တွေကို မြန်မာနိုင်ငံကို ‌ခြေချလျှင်ချခြင်း နဲ့ ကွာရမ်တင်းစင်တာ‌တွေမှာ ‌နေထိုင်ချိန်မှာ အဟာရပြည့်ပြည့်ဝဝရှိတဲ့ အစားအ‌သောက်‌တွေနဲ့ ‌သောက်သုံး‌ရေ ‌တွေကို ဖြည့်ဆည်း‌ပေးတဲ့အတွက် ‌ကျေးဇူးတင်တဲ့အ‌ကြောင်း ‌ပြောချင်ပါတယ်” ဟု ၎င်းက WFP ၏ သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း‌ပြောဆိုထားသည်။

ကုလသမဂ္ဂ ကမ႓ာ့စားနပ်ရိက္ခာအစီအစဉ် -WFP အ‌နေဖြင့် ကရင်ပြည်နယ်အတွင်းရှိ စားနပ်ရိက္ခာ‌ထောက်ပံ့မှု များကို ၂၀၀၈ ခုနှစ်မှစတင်ကာ အ‌ကောင်အထည်‌ဖော်ခဲ့ခြင်းဖြစ်ပြီး အ‌ခြေခံပညာမူလတန်း‌ကျောင်းများအတွက် ‌ကျောင်းတွင်း အဟာရပြည့်‌နေ့လည်စာ ချက်ပြုတ်‌ကျွေး‌မွေးခြင်း၊ အချို့‌နေရာများတွင် ရပ်ရွာလူထုအတွက် အ‌သေးစားအ‌ခြေခံအ‌ဆောက်အဦးများ ‌ဆောက်လုပ်‌ပေးခြင်းအပြင် HIV နှင့် TB ‌ရောဂါ‌ဝေဒနာခံစား ‌နေရသူ များအတွက် အထူးထုတ်လုပ်ထားသည့် အဟာရပြည့် စားနပ်ရိက္ခာ‌ထောက်ပံ့မှုများကို လုပ်‌ဆောင်‌နေ‌ကြောင်း လည်း သိရသည်။