Home သတင်း မြဝတီမြို့ရှိ ‌နေအိမ်တန်းလျားဝင်းအတွင်း ‌သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ ၁ ဦး‌သေ၊ ၃ ဦးဒဏ်ရာရ

မြဝတီမြို့ရှိ ‌နေအိမ်တန်းလျားဝင်းအတွင်း ‌သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ ၁ ဦး‌သေ၊ ၃ ဦးဒဏ်ရာရ

5158
Photo: Nay Naw

‌မေလ ၂၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် စိုက်ဇုံ ၁၈ ဂိတ်အနီး ငြိမ်းချမ်း‌ရေးလမ်းရှိ ဦး‌အောင်သန်းပိုင် ‌နေအိမ်တိုက်ခန်း တန်းလျားဝင်းအတွင်း ယ‌နေ့ (‌မေ ၂၄ ရက်) နံနက် (၂း၁၅) အချိန်ခန့်က ‌သေနတ်ပစ် ခတ်မှုဖြစ်ပွားခဲ့ရာ ၁ ဦး‌သေဆုံးပြီး ၃ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ နံနက် ၁ နာရီခွဲအချိန်က ဦး‌အောင်သန်း ‌နေအိမ်တိုက်ခန်း တန်းလျားတွင် ငှားရမ်း‌နေထိုင်သူ မြန်မာမှတ်ပုံ တင် ကိုင်‌ဆောင်သည့် တရုတ်လူမျိုး ဝမ်ဖူစိုက်နှင့် အ‌ဖော် ၅ ဦးအရက်‌သေစာ ‌သောက်စားပြီး ရမ်းကားသည့်အ တွက် အနီးရှိ KNU/KNLA (PC) တပ်ရင်း (၇၇၇) ဂိတ်ကင်းတာဝန်ကျ‌နေသူ တပ်သားအဆင့်ရှိ ‌စောဟန်ကို လာ‌ရောက်တားမြစ်မှု လုပ်‌ဆောင်ရာမှ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြဝတီရဲစခန်း၏ ထုတ်ပြန်ချက် အရ သိရသည်။

“ အရက်‌သေစာ ‌သောက်စားမူးယစ်ပြီး ဓါးရှည် (၁)လက်ကိုင်‌ဆောင်ကာ ပတ်ဝန်းကျင်အား ဆဲဆို‌အော် ဟစ် ‌သောင်းကျန်း‌နေတဲ့အတွက် တန်းလျားအနီးရှိ KNU/KNLA(PC) ရင်း(၇၇၇)ဂိတ် ကင်းတာဝန်ကျ‌နေသူ တပ်သား အဆင့်ရှိ ‌စောဟန်ကိုအား သွား‌ရောက်အကူအညီ‌တောင်းခဲ့ပါတယ်။ အဲလို အကူအညီ‌တောင်းမှု‌ကြောင့် ‌စော ဟန်ကို ‌ရောက်ရှိလာပြီး ‌ပြောဆိုတားမြစ်ရာမှ တဖက်က ရန်ပြုတဲ့ အ‌နေအထားဖြစ်တဲ့အတွက် ‌စောဟန်ကိုက အသင့်ပါလာတဲ့ (AK-47) ‌မောင်းပြန်ရိုင်ဖယ်‌သေနတ်ကို ‌မြေစိုက်ပြီး ၂ ချက်‌လောက် ‌ခြောက်လှန့် ပစ်ခတ်ခဲ့ တယ်”ဟု အခင်းဖြစ်ပွားချိန် တန်းလျားတွင် ‌နေထိုင်သူ ဦးသန်း‌ဝေက ‌ပြောသည်။

ထိုသို့ ပစ်ခတ်မှု‌ကြောင့် တန်းလျားပိုင်ရှင် ဦး‌အောင်သန်းတွင် ဝဲ/ယာ‌ခြေသလုံး ကျည်‌ဖောက်ဝင်ဒဏ်ရာနှင့် အဆိုပါ တန်းလျားတွင် ‌နေထိုင်သူများဖြစ်‌သော ဖြိုး‌ဝေဦးဆိုသူ၏ လည်ပင်းရှပ်ထိဒဏ်ရာ(၁)ချက်၊
ဦး‌ပေါ်ကြူးခိုတွင် ဝဲဘက်‌ခြေသလုံး ကျည်‌ဖောက်ဝင် ဒဏ်ရာ(၁)ချက်နှင့် ရှမ်းပြည်နယ် (‌မြောက်ပိုင်း) ၊ တာမိုးညှင်းမြို့တွင် ‌နေထိုင်သူ မြန်မာမှတ်ပုံတင်ကိုင် တရုတ်လူမျိုး ဝမ်ဖူစိုက်တွင် ယာ‌ခေါင်း‌ဘေး ကျည် ‌ဖောက်ဝင်ဒဏ်ရာ(၁)ချက် ရရှိပြီး မြဝတီ‌ဆေးရုံးသို့ ပို့‌ဆောင်စဉ် ‌သေဆုံးသွားသည်ဟု ရဲစခန်း သတင်းထုတ်ပြန် ချက်တွင် ‌ဖော်ပြထားသည်။

လူ ၁ ဦး‌သေဆုံးပြီး ၃ ဦးဒဏ်ရာရ‌အောင် ‌သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ‌စောဟန်ကိုအား မြဝတီမြို့မရဲစခန်းတွင် ထိန်း သိမ်းထားပြီး အမှုဖွင့်အ‌ရေးယူနိုင်ရန် ‌ဆောင်ရွက်‌နေ‌ကြောင်း မြဝတီရဲစခန်း သတင်းထုတ်ပြန်မှုအရ သိရသည်။