Home သတင်း ထိုင်း‌ရောက် မြန်မာအလုပ်သမားများ ‌မေလ ၂၂ရက်မှစ၍ ‌နေရပ်ပြန်နိုင်‌ရေးအစီအစဉ် မြန်မာသံရုံးထုတ်ပြန်

ထိုင်း‌ရောက် မြန်မာအလုပ်သမားများ ‌မေလ ၂၂ရက်မှစ၍ ‌နေရပ်ပြန်နိုင်‌ရေးအစီအစဉ် မြန်မာသံရုံးထုတ်ပြန်

6957
Photo: Nay Naw

‌မေလ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံခြား‌ရေး ဝန်ကြီးဌာနအပါအဝင် အခြားဌာနဆိုင်ရာတာဝန်ရှိသူတို့ ညှိနှိုင်း သ‌ဘောတူညီမှုအရ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် ယခုလ ‌မေ ၂၂ ရက်‌နေ့မှစ၍ ပြည်‌တော်ပြန်နိုင်ရန် စီစဉ်ထား‌ကြောင်း ဘန်‌ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယ‌နေ့ (‌မေလ ၁၉ ရက်)တွင် သတင်းထုတ်ပြန် ‌ကြေညာထားသည်။

နှစ်နိုင်ငံအာဏာပိုင်များ၏ ယမန်‌နေ့ ‌မေလ ၁၈ရက်‌နေ့က ညှိနှိုင်းသ‌ဘောတူညီထားမှုအရ ဘန်‌ကောက်မြို့ ‌မော်ချစ်ကား ဂိတ်မှတဆင့် မဲ‌ဆောက်မြို့သို့ ဘတ်စ်ကားများဖြင့် သွားလာနိုင်‌ရေး အထူးအစီအစဉ်တစ်ရပ်အ‌နေဖြင့် ‌မေလ ၂၂ရက် ‌နေ့မှစ၍ ည (၁၀)နာရီနှင့် ည (၁၁) နာရီ အချိန်တို့တွင် နှစ်ကြိမ်ထွက်ခွာမည်ဖြစ်ပြီး တစ်ကြိမ်လျှင် ဘတ်စ်ကား (၅) စီး ပါဝင်မည်ဖြစ်သလို ထိုင်းရဲတပ်ဖွဲ့က ယာဉ်တန်းဖြင့် လိုက်ပါကူညီ‌စောင့်‌ရှောက်‌ပေးမည်ဖြစ်သည်။

အဆိုပါ ‌မော်ချစ် ကားဂိတ်မှ ထွက်ခွာမည့် ဘတ်စ်ကား တစ်စီးတွင် လူဦး‌ရေ (၂၁)ဦး လိုက်ပါစီးနင်း ရမည်ဖြစ်ပြီး ကားတစ်စီးလုံး ငှားရမ်းခအ‌နေဖြင့် ဘတ်‌ငွေ (၂၂,၀၀၀)ကျသင့်မည်ဖြစ်၍ ခရီးသည်တစ်ဦးစီအ‌နေဖြင့် ဘတ်‌ငွေ(၁,၀၄၈) ဘတ်‌ပေး‌ချေရမည်ဖြစ်သည်။ ခရီးသည်တစ်ဦးစီအတွက် ကီလိုဂရမ် (၂၀)ထက်မပို‌သော ခရီး‌ဆောင်အိတ် (၂)အိတ် သယ်‌ဆောင်ခွင့်ပြု‌ပေးမည်ဖြစ်သည်။

၎င်းဘတ်စ်ကား စီးနင်းခအတွက် မြန်မာအလုပ်သမားသံအရာရှိရုံးက ‌မော်ချစ်ကားဂိတ်ကို စုစည်း‌ပေးသွင်းရမည်ဖြစ်၍ ‌နေရပ်ပြန်မြန်မာပြည်သားများအ‌နေဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးကို ကားခ ကြိုတင်‌ပေး‌ချေရမည်ဖြစ်သည်။ ထိုသို့‌ပေး‌ချေနိုင်ရန်အတွက် ဘန်‌ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံး၏ ဖုန်းနံပါတ်များဖြစ်‌သော ဝ၂၀၀၃၀၀၁၅၊ ဝ၈၉၇၁၆၂၈၉၅၊ ဝ၆၃၅၀၃၄၂၇၃ စသည့် နံပါတ်များကို ဆက်သွယ် ‌ပေးသွင်းရမည်ဖြစ်ပြီး ဆက်သွယ်လာသူ၏ အချက်အလက်များကို စိစစ်၍ ‌ငွေ‌ပေးသွင်းရမည့် ‌ငွေစာရင်းအမှတ်ကို ပြန်လည် အ‌ကြောင်းပြန်ကြား‌ပေးမည်ဖြစ်‌ကြောင်းသံရုံး၏ ‌ကြေညာချက်၌ ‌ဖော်ပြထားသည်။

ထို့အပြင် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ယခင်‌ကြေညာထုတ်ပြန်ထားချက်အရ အွန်လိုင်း(Online)မှ တစ် ဆင့်နာမည်စာရင်း ‌ပေးသွင်းထားသူများထဲမှ ဘတ်စ်ကား စီးနင်းခ ‌ပေးသွင်းခြင်း ပြီးစီးမှုအ‌ပေါ် အ‌ခြေခံပြီး ‌နေ့ ရက်အလိုက် လိုက်ပါစီးနင်းခွင့်ရမည့် ခရီးသည်အမည်စာရင်းကို ‌မေလ ၂ဝရက်‌နေ့တွင် စတင်‌ကြေညာ‌ပေး သွားမည်ဖြစ်သည်။

အဆိုပါ လိုက်ပါစီးနင်းခွင့်ရသည့် ခရီးသည်များအ‌နေဖြင့် ခရီးထွက်ခွာမည့် ရက်၏ ည‌နေ (၅)နာရီထက် ‌နောက်မကျဘဲ မဟာချိုင်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်‌ပေး‌ရေးစခန်းတွင် ကနဦး စုစည်း‌ပေးရမည်ဖြစ်သည်။ ၎င်းမှ တစ်ဆင့် ‌မော်ချစ် ကားဂိတ်သို့ ဘတ်စ်ကားဖြင့် သွား‌ရောက်ရမည်ဖြစ်သလို ၎င်းမဟာချိုင်-‌မော်ချစ်သွား ကားခအတွက် ဘတ်‌ငွေ (၁၅၀) သီး သန့်‌ပေး‌ဆောင်ရမည်ဖြစ်သည်။

ထို့အပြင် ဘန်‌ကောက်မြို့၊ ‌မော်ချစ်ကားဂိတ်နှင့် အလှမ်း‌ဝေးသည့် မြန်မာပြည်သားများအ‌နေဖြင့် ၎င်းတို့ နီးစပ်ရာနယ်စပ် ဂိတ်များဖြစ်‌သော မယ်ဆိုင်-တာချီလိတ်၊ မဲ‌ဆောက်-မြဝတီ၊ ရ‌နောင်း-‌ကော့‌သောင်း နယ်စပ်ဂိတ်များသို့ မိမိအစီအစဉ်ဖြင့် ပြန်သွားရမည့်သူများအ‌နေဖြင့် ခရိုင်ဖြတ်‌ကျော် ခရီးသွားခွင့်အတွက် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ တစ်ဦးချင်း အ မည်စာရင်း‌ပေးသွင်းရမည်ဖြစ်သည်။ ၎င်း‌ပေးသွင်းရမည့် အမည် စာရင်းပုံစံကိုလည်း မြန်မာအလုပ်သမားသံအရာရှိရုံး၏ Facebook စာမျက်နှာဖြစ်သည့် Myanmar Labour Attache Office – Thailand တွင် ‌ဖော်ပြ‌ပေးထားသည်။

ထိုသို့ ‌ပေးသွင်းထားသည့် အမည်စာရင်းများကို မြန်မာသံရုံးက ထိုင်းနိုင်ငံခြား‌ရေး ဝန်ကြီးဌာနသို့ ကနဦး‌ပေးပို့ ခွင့်ပြုချက်ရ ယူ‌ပေးရမည်ဖြစ်ပြီး မြန်မာအလုပ်သမားသံအရာရှိရုံးက ခရီးသွားတစ်ဦးချင်းစီအတွက် သတ်မှတ်ရက်အလိုက် ခရီးသွား ‌ထောက်ခံချက်ထုတ်‌ပေးသွားမည်ဖြစ်သည်။ အဆိုပါ ‌ထောက်ခံချက်ရရှိသူများအ‌နေဖြင့်လည်း ထိုင်းအစိုးရ၏ ကုန်းလမ်းပို့ ‌ဆောင်‌ရေးဌာနတွင် ခရီးသည်တင်‌ဆောင်‌ပြေးဆွဲခွင့်လိုင်စင်ရရှိထားသည့် ‌မော်‌တော်ယာဉ်များဖြင့်သာ ငှားရမ်းစီးနင်းရမည် ဖြစ်‌ကြောင်း ဆိုသည်။

အဆိုပါ အလုပ်သမားများ ငှားရမ်းစီးနင်းမည့် ‌မော်‌တော်ယာဉ်များအ‌နေဖြင့်လည်း ထိုင်းနိုင်ငံတွင် ပြဌာန်းထား‌သော ဥပ‌ဒေ နှင့် ကျန်းမာ‌ရေးဆိုင်ရာ ညွန်ကြားချက်များအတိုင်း သတ်မှတ်လူဦး‌ရေ တင်‌ဆောင် ‌ပြေးဆွဲ‌ကြောင်းကို ချင်းမိုင်၊ ဘန်‌ကောက်နှင့် ရ‌နောင်းမြို့များရှိ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ သွား‌ရောက် သတင်း‌ပေးပို့ရမည်ဖြစ်သလို ထိုင်းနိုင်ငံ၏ အ‌ရေး‌ပေါ်ကာလ ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်၏ သတ်မှတ်နာရီ နံနက် (၄)နာရီမှ ည (၁၁) နာရီအထိသာ ခရီးသွားလာခွင့်ပြုမည်ဖြစ်သည်။

၎င်း မိမိအစီအစဉ်ဖြင့် ‌နေရပ်ပြန်မည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့်လည်း မိမိရယူထားသည့် ခရီးသွား ‌ထောက်ခံချက်ပါ ‌ဖော်ပြထား‌သော ‌နေ့ရက်အတိုင်းသာ ထိုင်းနိုင်ငံ ခရိုင်အသီးသီးရှိ ဂိတ်များနှင့် နယ်စပ်ဂိတ်များက ဖြတ်သန်းခွင့်ပြု‌ပေးမည်ဖြစ်ပြီး နှစ်နိုင်ငံအာဏာပိုင်များ၏ အစီအစဉ်များအတိုင်း ‌နေရပ်ပြန်ရာတွင် ထိုင်းနိုင်ငံ၌ ထုတ်ပြန် ထား‌သော စည်းမျဉ်းဥပ‌ဒေများနှင့်အညီ စနစ်တကျသွားလာနိုင်မှုအ‌ပေါ်မူတည်၍ သွားလာခွင့် အ‌ရေအတွက်ကို ထပ်မံတိုး မြှင့်‌ပေးသွားမည်ဟုလည်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း COVID-19 ‌ရောဂါတိုက်ဖျက်‌ရေး အ‌ရေး‌ပေါ်ကာလ ‌ကြေညာချက်ကို ယခု‌မေလ ၃၁ရက်‌နေ့ အထိ ဆက်လက်သတ်မှတ်ထားသလို ညမထွက်ရ အမိန့်နှင့် ခရိုင်ဖြတ်‌ကျော်သွားလာခွင့်ကိုလည်း တားမြစ်ကန့်သတ်ချက်များ ရှိ‌နေ‌သေးသည်။ ယခုလို မြန်မာပြည်သို့ မဖြစ်မ‌နေ ‌နေရပ်ပြန်လိုသည့် မြန်မာအ‌ရွှေ့‌ပြောင်း အလုပ်သမားများ နယ်စပ်ဂိတ် များသို့ ‌ဘေးကင်းလုံခြုံစွာ‌နေရပ်ပြန်နိုင်‌ရေးအတွက် မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးဌာန အပါအဝင် အခြား‌သော သက်ဆိုင်ရာဌာနများနှင့် ပြီးခဲ့သည့် ‌မေလ ၁၅ရက်‌နေ့ကစ၍ ‌တွေ့ဆုံညှိနှိုင်းခဲ့သလို မြန်မာနိုင်ငံခြား‌ရေး ဝန်ကြီးဌာနအ‌နေ ဖြင့်လည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးသို့ ‌မေတ္တာရပ်ခံခဲ့‌ကြောင်းသိရသည်။

ယခု မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ‌နေရပ်ပြန်နိုင်‌ရေး အစီအစဉ်သည် ထိုင်းနိုင်ငံ၏ COVID-19 ကူးစက်‌ရောဂါ တိုက်ဖျက် ကာကွယ်‌ရေး စီမံခန့်ခွဲမှု ဗဟိုဌာန (CCSA)၏ အ‌ရေး‌ပေါ်အ‌ခြေအ‌နေ ‌ကြေညာထားသည့် ကာလအတွင်း ဖြစ်‌ပေါ်လာသည့် ကြားဖြတ်အထူးအစီအစဉ်တစ်ရပ်ဖြစ်‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ‌ပြောသည်။

‌မေလ ၁ ရက်မှ ၁၈ ရက်‌နေ့အထိ မဲ‌ဆောက်-မြဝတီ နယ်စပ်ဝင်‌ပေါက်မှတစ်ဆင့် နည်းလမ်း‌ပေါင်းစုံဖြင့် ပြန်လည် ဝင်‌ရောက်လာသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ဦး‌ရေ ၆၀ဝ ‌ကျော်ရှိသည်ဟု သိရသည်။