Home သတင်း ကရင်ပြည်နယ်တွင် Covid-19 အတည်ပြုလူနာ ၂ ဦး စတင်‌တွေ့ရှိ

ကရင်ပြည်နယ်တွင် Covid-19 အတည်ပြုလူနာ ၂ ဦး စတင်‌တွေ့ရှိ

3135

‌မေ ၁၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် Covid-19 ‌ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၂ ဦး ‌တွေ့ရှိရ‌ကြောင်း ကျန်းမာ‌ရေးနှင့်အားကစား ဝန်ကြီးဌာန၏ ‌မေလ ၁၈ ရက်(ယ‌နေ့နံနက် ၊ ၇ နာရီခွဲ) သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသား ကျန်းမာ‌ရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က ‌မေလ ၁၇ ရက်‌နေ့ ည‌နေပိုင်းတွင် စစ်‌ဆေးပြီးစီးခဲ့ရာ ‌ကော့ကရိတ်မြို့နယ်မှ အမျိုးသား ၂ ဦးတို့တွင် ‌ရောဂါပိုး‌တွေ့ရှိခဲ့‌ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထား သည်။

ကရင်ပြည်နယ်လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်က “အကုန်လုံးက မြဝတီကို အာရုံများများ စိုက်ထားတယ် ‌လေ‌နော်။ ‌ပြောချင်တဲ့သ‌ဘောက ပြန်ဝင်လာတဲ့လူက နည်းသည်ဖြစ်‌စေ များသည်ဖြစ်‌စေ ‌ရောဂါပိုးက ပါလာ နိုင် တာပဲ‌လေ‌နော်။ အခု‌လော‌လောဆယ်‌တော့ ၂ ‌ယောက်စလုံးက ကျန်းမာပါတယ်။” ‌ကေအိုင်စီသို့ ယ‌နေ့ တွင် ‌ပြောသည်။

‌မေလ ၁၁ ရက်‌နေ့တွင် မ‌လေးရှားနိုင်ငံမှ ပြန်လာခဲ့သည့် အဆိုပါ အမျိုးသား ၂ ဦးအား ဖားအံမြို့နယ်၊ စံပရီး‌ကျေးရွာရှိ Quarantine စခန်းတစ်ခုတွင် ထားရှိခဲ့ရာမှ လက်ရှိအချိန်တွင် ဖားအံပြည်သူ့‌ဆေးရုံသို့ ‌ဆေးကုသ မှုခံယူ‌နေပြီ ဖြစ်‌ကြောင်းလည်း ဦးဘိုဘို‌ဝေ‌မောင်က ဆက်‌ပြောသည်။

ကျန်းမာ‌ရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်မှ လူနာအမှတ်စဉ် ၁၈၆ သည် ၂၂ နှစ်အရွယ်ဖြစ်ပြီး အမှတ်စဉ် ၁၈၇ သည် ၃၅ နှစ်အရွယ် အမျိုးသားများဖြစ်ကြသည်။

‌မေလ ၁၈ ရက်‌နေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19 ) ကူးစက်ခံထားရသူ ကရင်ပြည်နယ်မှ ၂ ဦးအပါအဝင် ၁၈၇ ဦးရှိသည့်အနက် ၆ ဦး‌သေဆုံးခဲ့ပြီဖြစ်‌ကြောင်း သိရသည်။