Home သတင်း နယ်စပ် မြဝတီဝင်‌ပေါက်မှတဆင့် ထပ်မံဝင်‌ရောက်လာမည့် ထိုင်းပြန်မြန်မာလုပ်သားများအား လက်ခံနိုင်‌ရေးကြိုတင်ပြင်ဆင်ထား

နယ်စပ် မြဝတီဝင်‌ပေါက်မှတဆင့် ထပ်မံဝင်‌ရောက်လာမည့် ထိုင်းပြန်မြန်မာလုပ်သားများအား လက်ခံနိုင်‌ရေးကြိုတင်ပြင်ဆင်ထား

7154
Photo: Nay Naw

ဧပြီ ၂၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၂ တံတားမှတဆင့် ‌မေလ ၁ ရက်မှ ၁၅ ရက်‌နေ့အတွင်း ပြန်လည်ဝင်‌ရောက်လာမည့် ထိုင်းပြန်မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားများအား စနစ်တကျ ပြန်လည်လက်ခံနိုင်‌ရေးနှင့် ပြည်နယ်အစိုးရအဖွဲ့ Covid-19 ထိန်းချုပ်‌ရေးနှင့်အ‌ရေး‌ပေါ်တုန့်ပြန်‌ရေး ‌ကော်မတီ၏ လမ်းညွှန်မှုဖြင့် နယ်စပ် မြဝတီမြို့တွင် အနည်းဆုံးလူဦး‌ရေ ၂,၀၀ဝ ခန့် ထားရှိနိုင်မည့် Quarantine Center များကို တိုးခဲ့ျပြင်ဆင် ထား‌ကြောင်း သိရသည်။

မြဝတီ မြို့တွင် ဧပြီလကုန်အထိဝင်‌ရောက်လာခဲ့‌သော မြန်မာလုပ်သားများအတွက် Quarantine center ၅ ခုဖွင့်လှစ်ကာ လူဦး‌ရေ ၁,၅၀ဝ ခန့်ကို ‌စောင့်ကြပ်ကြည့်ရှုမှု ‌ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဧပြီလ ၃ဝ ရက်‌နေ့ ‌နောက်ပိုင်းမှာ ပြန်လည် ဝင်‌ရောက် လာမည့် ထိုင်းပြန်မြန်မာလုပ်သား ၂,၀၀ဝ ‌ကျော်ကို ထားရှိနိုင်ရန် ‌နောက်ထပ် Quarantine center ၅ ခုကို ထပ်မံတိုးချဲ့ပြင်ဆင်ထားသည်ဟု မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

၎င်းက “နယ်စပ်မြဝတီမြို့အပါအဝင် လက်ရှိ ကရင်ပြည်နယ် အတွင်းမှာ ထိုင်းပြန်မြန်မာလုပ် သား ၆,၅၀ဝ ခန့်ကို ထားရှိနိုင်မယ့် ‌စောင့်ကြည့်‌ရေးစခန်းများ ပြင်ဆင်ထားပြီး တစ်ချို့ တိုင်းနှင့်ပြည်နယ်မှာလည်း ‌စောင့်ကြည့်‌ရေး စခန်းများ ပြုလုပ်ထားပြီးဖြစ်၍ အစိုးရချင်း ချိတ်ဆက်၍ ပို့‌ဆောင်မှုများ ပြုလုပ်သွားပါမယ်။”ဟု ‌ပြောသည်။

ထို့‌ကြောင့် ထိုင်းပြန်မြန်မာလုပ်သားများ အ‌နေဖြင့် နယ်စပ်မြဝတီအပါအဝင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းရှိ Quarantine Center များ၌ Quarantine (၂၁)ရက် မဖြစ်မ‌နေခံယူရမည် ဖြစ်သကဲ့သို့ သက်ဆိုင်ရာ တိုင်း‌ဒေသကြီး/ ပြည်နယ်အစီအစဉ်ဖြင့် လာ‌ရောက်ကြိုဆိုမည့်သူများအ‌နေဖြင့်လည်း သက်ဆိုင်ရာ တိုင်း‌ဒေသ ကြီး/ပြည်နယ်အတွင်း နိုင်ငံ‌တော်မှစီမံထားသည့်‌နေရာများ၌ Quarantine (၂၁)ရက်မဖြစ်မ‌နေခံယူရမည်ဖြစ်၍ အဆိုပါ ‌စောင့်ကြည့်‌ရေးစခန်းများတွင် ကြည်ဖြူစွာ ‌နေထိုင်သွားပါမည်ဟု ဝန်ခံကတိထိုး‌စေပြီး စိစစ်လက်ခံသွား မည်ဟုလည်း ဦး‌တေဇာ‌အောင်က ဆက်‌ပြောသည်။

Photo: Nay Naw

ထိုသို့ဝင်‌ရောက်လာမည့် မြန်မာလုပ်သားများအားရက်အလိုက်ပြန်လည်လက်ခံမည့် အ‌ရေအတွက်ကို နှစ်နိုင်ငံဆက်သွယ်‌ဆောင်ရွက်လျက်ရှိပြီး ကျန်းမာ‌ရေး ‌ထောက်ခံချက်တို့နှင့်တကွ စနစ်တကျစိစစ်ပြီးမှသာ နယ်စပ်ဖြတ်သန်းခွင့်ပြုနိုင်‌ရေးစီစဉ်‌ဆောင်ရွက်လျက်ရှိ‌ကြောင်းနှင့် နယ်စပ်ဝင်‌ပေါက် အမှတ်(၂)ချစ်ကြည်‌ရေးတံတား Border Control Facilities ( B.C.F) Zone အတွင်း ယာယီကားဂိတ် နှင့် Quarantine Center အဆင့်တိုင်းတွင် လက်‌ဆေးခြင်း၊ နှာ‌ခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်များအား သိရှိလိုက်‌စေရန် အသိပညာ‌ပေးခြင်းများကိုလည်း ‌ဆောင်ရွက် သွားမည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

ထို့အပြင် အဆင့်တိုင်းတွင် Fever Surveillance (အပူချိန်စစ်‌ဆေးကြည့်ရှု) ပြုလုပ်ခြင်း၊ Health Declaration Form ဖြည့်သွင်းခြင်း၊ Register (မှတ်ပုံတင်) ပြုလုပ်ခြင်း၊ ပိုးသတ်သန့်စင်ခြင်းတို့ကို ကွန်ပျူတာစနစ်ဖြင့် စနစ်တကျ ‌ဆောင်ရွက်‌စေပါမည်ဖြစ်ပြီး BCF Zone နှင့် Quarantine Center များသို့ မလိုလား အပ်ဘဲ‌ဒေ သခံပြည်သူများကို မည်သည့်အ‌ကြောင်းနှင့်မျှ လုံးဝ(လုံးဝ)ဝင်ထွက် သွားလာခွင့်မပြုသကဲ့သို့ ပြည်‌တော်ပြန်များ ကိုလည်း မြို့/ရပ်ကွက်အတွင်းသို့ မည်သည့်အ‌ကြောင်းနှင့်မျှ လုံးဝ(လုံးဝ)သွားလာခွင့်ပြုမည် မဟုတ်‌ကြောင်း သိ ရသည်။

လာမည့် ‌မေလ ၁ ရက်မှ ‌မေလ ၁၅ရက်‌နေ့အတွင်း ပြန်လည်ဝင်‌ရောက်လာကြမည့် ထိုင်းပြန် မြန်မာလုပ်သားဦး‌ရေမှာ ၄ ‌သောင်းနီးပါးခန့်ရှိနိုင်‌ကြောင်း ထိုင်း‌ရောက်မြန်မာလုပ်သား အ‌ရေးလုပ် ‌ဆောင်သူများက ခန့်မှန်းထားသည်။ ထိုသူများအ‌နေဖြင့် စနစ်တကျ‌နေရပ်ပြန်နိုင်‌ရေးအတွက် ထိုင်းနိင်ငံရှိ မြန်မာသံရုံးမှ အွန်လိုင်းစနစ်ဖြင့် စာရင်း‌ပေးသွင်းရန် တိုက်တွန်းထားပြီး ဧပြီလ ၂၇ ရက်‌နေ့ထိ စာရင်း‌ပေးသွင်းထားသူ ၆,၀၀ဝ ‌ကျော်ခန့် ရှိပြီးဖြစ်‌ကြောင်း သိရသည်။