Home သတင်း ထိုင်းပြန်မြန်မာလုပ်သားများကို တစ်ရက်လျှင် လူဦး‌ရေ ၂,၅၀ဝ ခန့်သာ အကန့်အသတ်ဖြင့် လက်ခံသွားမည်

ထိုင်းပြန်မြန်မာလုပ်သားများကို တစ်ရက်လျှင် လူဦး‌ရေ ၂,၅၀ဝ ခန့်သာ အကန့်အသတ်ဖြင့် လက်ခံသွားမည်

4700
Photo: Nay Naw

ဧပြီ ၂၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

လာမည့် ‌မေလ ပထမအပတ်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နယ်စပ်မြဝတီဝင်‌ပေါက်မှ တဆင့်ပြန်လာကြ မည့် ထိုင်းပြန်မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများကို ထိုင်း-မြန်မာ အမှတ် ၂ တံတား မြန်မာဘက်ခြမ်းတွင် တစ်ရက် လျှင် လူဦး‌ရေ ၂,၅၀ဝ ခန့်သာ အကန့်အသတ်ဖြင့် ပြည်ဝင်ခွင့် လက်ခံသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ‌ဒေသအသီးသီးမှ မြန်မာနိုင်ငံသို့ ပြန်လာကြမည့် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများအ‌နေဖြင့် ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးမှ ထုတ်ပြန်ထားသည့် ‌ဆော့ဖ်ဝဲ‌ဖောင်တွင် လိုအပ်သည့် အချက်အလက်များဖြည့်ကာ စာရင်း‌ပေးသွင်းရန်လိုအပ်ပြီး ထိုသို့ စာရင်း‌ပေးသွင်းထားသူများအား လာမည့် ‌မေလ ၁ ရက်မှ ‌မေလ ၁၅ ရက်‌နေ့အထိ တစ်ရက်လျှင်ပျမ်းမျှ လူဦး‌ရေ ၂,၅၀ဝခန့်ကို နယ်စပ် မြဝတီ-မဲ‌ဆောက် အမှတ် ၂ ချစ်ကြည် ‌ရေးတံတားမှတဆင့် ပြည်ဝင်ခွင့် လက်ခံသွားရန် လျာထား‌ကြောင်း မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ ‌အောင်က ‌ပြောသည်။

“အလုံးအရင်းနဲ့ ပြန်လာမယ်ကြဆိုရင် ဒီဘက်က ပြန်လည်လက်ခံ‌ရေးမှာ အခက်အခဲ‌တွေ ရှိလာနိုင်လို့ ယခုလို လူဦး‌ရေအကန့်အသတ်ဖြင့်သာ ပြန်လည်လက်ခံခြင်းဖြစ်ပါတယ်။ ထိုသို့ ပြန်လာသူများကို အမှတ်(၂)ချစ်ကြည်‌ရေးတံတား မြန်မာဘက်ခြမ်း Border Control Facilities( B.C.F) Zoneတွင် Fever Surveillance ပြုလုပ်ခြင်း၊ Health Declaration Form ဖြည့်သွင်းခြင်း၊ Register ပြုလုပ်ခြင်း၊ လက်‌ဆေး‌စေခြင်း၊ Mask တပ်ဆင်ခြင်း၊ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား သိရှိလိုက်နာ‌စေရန် အသိပညာ‌ပေးခြင်းများ ကိုလည်း ‌ဆောင်ရွက်သွားမယ်”ဟု ဦး‌တေဇာ‌အောင်က ‌ပြောသည်။

ယမန်‌နေ့ ဧပြီလ ၂၇ရက်‌နေ့ထိ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှတဆင့် စာရင်း‌ပေးထားသည့် ‌နေရပ်ပြန်မည့် မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားဦး‌ရေ ၆,၀၀ဝ ‌ကျော်ခန့်ရှိပြီးဖြစ်‌ကြောင်း ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ဖြည့်စွက်‌ပြောသည်။

Photo: Nay Naw

အဆိုပါ ထိုင်းပြန်မြန်မာလုပ်သားများကို ‌စောင့်ကြည့်‌ရေးစခန်းများတွင် ၂၁ ရက် ထားရှိမည်ဖြစ်ရာ ၎င်းတို့ ပြန် မည့် တိုင်းနှင့်ပြည်နယ်များသို့ အစိုးရချင်းချိတ်ဆက်၍ ပို့‌ဆောင်‌ပေးသွားမှာဖြစ်သလို Quarantine Center များ ဖွင့်ရန် အခက်အခဲရှိ‌သော တိုင်းနှင့်ပြည်နယ်တစ်ချို့သို့ ပြန်မည်သူများအား နယ်စပ်မြဝတီမြို့အပါအဝင် ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လူဦး‌ရေ ၂၀,၀၀ဝ ခန့် ထားရှိနိုင်မည့်‌စောင့်ကြည့်‌ရေးစခန်းများကို တိုးချဲ့ ‌ဆောင်ရွက်ထား‌ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ဂယက်‌ကြောင့် နယ်စပ်မြဝတီဝင်‌ပေါက် ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် မတ်လ ၂၁ ရက်မှ ဧပြီလ ၁ ရက်‌နေ့ထိ ထိုင်းပြန်မြန်မာလုပ်သား ၃၆,၀၀ဝ ‌ကျော် ပြည်တွင်းသို့ ဝင်‌ရောက်ခဲ့ပြီး ဖြစ်သည်။

ယခုအခါ ဒုတိယအကြိမ် နယ်စပ်မြဝတီဝင်‌ပေါင် ထိုင်း-မြန်မာအမှတ် ၂ တံတားမှတဆင့် ထိုင်းပြန်မြန်မာ လုပ်သားများကို ပြည်တွင်းသို့ ဝင်ခွင့် ပြန်လည်လက်ခံခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ‌သောင်းနှင့်ချီ၍ရှိ‌နေ‌ကြောင်း ထိုင်း‌ရောက်မြန်မာလုပ်သားအ‌ရေး ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။