Home သတင်း နယ်စပ် မဲ‌ဆောက်‌ဈေးကြီး ယ‌နေ့ စတင်ပိတ်သိမ်းထား၊ ‌ဈေးသည်အချို့ ‌ရောင်းချဆဲ

နယ်စပ် မဲ‌ဆောက်‌ဈေးကြီး ယ‌နေ့ စတင်ပိတ်သိမ်းထား၊ ‌ဈေးသည်အချို့ ‌ရောင်းချဆဲ

3570

မတ်လ ၂၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်များ‌ကြောင့် ထိုင်း-မြန်မာနယ်စပ်မြို့ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ မဲ‌ဆောက်‌ဈေးကြီးကို ယ‌နေ့ (မတ်လ ၂၅ရက်)မှ စ၍ စတင်ပိတ်သိမ်းထားပြီး ‌ဈေးသည်အချို့သာ ‌ရောင်းချ‌နေ‌ကြောင်း‌တွေ့ရသည်။

အသီးအနှံနှင့် အသားငါးစိမ်းများ၊ ကုန်‌ခြောက်များ အဓိက ‌ရောင်းချ‌နေသည့် အဆိုပါ မဲ‌ဆောက်‌ဈေးကို ထိုင်း အာဏာပိုင်များ၏ ညွှန်ကြားချက်ဖြင့် ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ‌ဈေးသည်များက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ကြက်သွန် ‌ဈေးသည်တစ်ဦးက “‌ဈေးက နက်ဖြန်ဆိုပိတ်ရ‌တော့မယ်၊ သူတို့‌ပြောတာ ‌ဆေး ဖျန်းမလို့ဆိုလားမသိဘူး။ ဘယ်‌တော့ ပြန်ဖွင့်မလဲ‌တော့ မသိ‌သေးဘူး” ဟု ယမန်‌နေ့မတ်လ ၂၄ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် အသားငါးစိမ်း၊ သီးနှံနှင့် ကုန်‌ခြောက်‌ရောင်းချသူများက ၎င်းတို့ဆိုင်များကို ပိတ်သိမ်းထား ‌သော် လည်း ကြက်ဥနှင့် အသီးအနှံ‌ရောင်းချသူအနည်းငယ်သာ ဆက်လက်‌ရောင်းချ‌နေဆဲဖြစ်ပြီး အလုအယက် လာ‌ရောက်ဝယ်ယူမှုများရှိ‌နေ‌ကြောင်း ‌တွေ့ရသည်။

လတ်တ‌လောဖြစ်ပွား‌နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်တွင် မဲ‌ဆောက်မြို့‌ဆေးရုံးကြီး၌ မတ်လ ၂၃ ရက်‌နေ့ ည‌နေပိုင်းခန့်က အသက် (၃၂)အရွယ် ပါကစ္စတန်နိုင်ငံသား အမျိုးသားတစ်ဦးထံမှ ‌ရောဂါပို့ ‌တွေ့ရှိခဲ့ ပြီး‌နောက် ထိုင်းအာဏာပိုင်များမှ သွားလာမှုများနှင့် လူစုလူ‌ဝေးများအ‌ပေါ် ကြပ်မတ်‌ဆောင်ရွက်လာခြင်းဖြစ် ‌ကြောင်း သိရသည်။

ထိုသို့ မဲ‌ဆောက်‌ဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်‌ရောဂါပိုး‌တွေ့ရှိသည်ဟု သတင်းထွက် ‌ပေါ်ပြီး‌နောက် မဲ‌ဆောက်မြို့ရှိ ပြည်သူများလိုက်နာရန်ဟုဆိုကာ ည ၈ နာရီကစပြီး အပြင်မထွက်ရ၊ လူ ၁ဝ ‌ယောက်ထက် စု‌ဝေးမှုမလုပ်ရ ၊ ကျန်းမာ‌ရေး မသကင်္ာပါက ချက်ချင်း‌ဆေးရုံ/‌ဆေးခန်းကိုအ‌ကြောင်းကြားရန် အစရှိသည့် အချက်များကို ထိုင်း‌ရေဒီယိုက‌နေ မြန်မာလို‌ကြေညာသွား‌ကြောင်းလည်း သိရသည်။

ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့-WHO ၏ လတ်တ‌လောဖြစ်ပွား‌နေသည့် ကိုရိုနာ ဗိုင်ရပ်စ်(COVID-19) ကူးစက်ပျံ့ပွား မှုနှုန်းအရ ယ‌နေ့မတ်လ ၂၅ရက်‌နေ့အထိ ထုတ်ပြန်ထားသည့် တရားဝင် ကိန်းဂဏန်းအရ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံ‌ပေါင်း ၁၉၆ နိုင်ငံမှ ၃၇၅,၄၉၈ ဦး‌ရောဂါးပိုးကူးစက်ခံထားရ‌ကြောင်း အတည်ပြုထားပြီး ၁၆,၃၆၂ဦး ‌သေဆုံး သွားပြီဖြစ်‌ကြောင်း ထုတ်ပြန်ထားသည်။