Home သတင်း ထိုင်းပြန် အလုပ်သမားများအ‌နေဖြင့် ‌နေရပ်လိပ်စာ တိတိကျကျ‌ပေးကြဖို့ ကရင်‌ရေးရာဝန်ကြီး တိုက်တွန်း

ထိုင်းပြန် အလုပ်သမားများအ‌နေဖြင့် ‌နေရပ်လိပ်စာ တိတိကျကျ‌ပေးကြဖို့ ကရင်‌ရေးရာဝန်ကြီး တိုက်တွန်း

5666
Photo: Nay Naw

မတ်လ ၂၇ ရက် ၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်‌ရေး တံတားမှတဆင့် ထိုင်းနိုင်ငံ ‌ဒေသ အသီးသီးမှ ပြည်တွင်းသို့ ပြန်လာကြ‌သော မြန်မာလုပ်သားများအ‌နေဖြင့် မိမိတို့ပြန်မည့် ‌နေရပ်လိပ်စာများကို တိတိကျကျ‌ပေးကြရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဖာမျိုးက တိုက်တွန်း‌ပြောဆိုလိုက်သည်။

ယ‌နေ့ (မတ်လ ၂၇ ရက်) နံနက်ပိုင်းက မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်‌ရေးတံတား မြန်မာ ဘက်ခြမ်း BCF ဇုန်တွင် ကျန်းမာ‌ရေးစစ်‌ဆေးပြီး‌နောက် ရန်ကုန်တိုင်း‌ဒေသကြီးနှင့် ထိုမှတဆင့် အခြားတိုင်း နှင့်ပြည်နယ်သို့ ပြန်ကြမည့် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများကို လာ‌ရောက်ကြိုဆိုစဉ် ဝန်ကြီးက သတင်းမီဒီ ယာမှတဆင့် ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ထိုင်းက ပြန်လာတဲ့သူ‌တွေအ‌နေနဲ့ ‌နေရပ်လိပ်စာကို တိတိကျကျ‌ပေးခြင်းအားဖြင့် အားလုံးရဲ့အ သက် အန္တရာယ်လုံခြုံ‌ရေးကို ကာကွယ်ရာ ‌ရောက်တယ်ဆိုတာမျိုးကို ဗဟုသုတ ‌ပေး‌စေချင်တယ်။ အဲ့လိုမျိုး ‌ပေးလိုက် ခြင်းအားဖြင့် သက်ဆိုင်ရာ‌ကျေးရွာမှာရှိတဲ့ ပြည်သူလူထုက သူတို့ကို ရွာပြင်မှာ ထုတ်စရာမလိုဘူး။ သူတို့ရဲ့ သက်ဆိုင်ရာအိမ်ထဲမှာပဲ‌နေ‌စေပြီး ၁၄ ရက်အတွင်းမှာ ဘယ်မှ‌လျှောက်မသွားဖို့ ဒါကို မှာထားဖို့ပဲ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်သားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဖာမျိုးက ‌ပြောသည်။

Photo: Nay Naw

ထို့အပြင် ‌နေအိမ်၌ ၁၄ ရက်တာ ‌နေထိုင်စဉ်အတွင်း ဖျားနားမှု တစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာ မြို့နယ်အုပ် ချုပ်‌ရေးမှူးများကို အ‌ကြောင်းကြားပြီး ခရိုင်မှတဆင့် တိုင်းအဆင့်ကို ‌ရောက်ရှိလာမည်ဆိုပါက လူနာ တင်ယာဉ် များဖြင့် လာ‌ခေါ်မည်ဖြစ်‌ကြောင်း၊ လူနာတွင် ထူးခြားမှု‌တွေ့ရှိပါက ယင်းလူနာနှင့် ထိ‌တွေ့ခဲ့ဘူးသူများကို လိပ်စာအဆင့်ဆင့် ယူထားမှုရှိသည့်အတွက် ၎င်းနှင့်အတူ ကားစီးနှင်းခဲ့ဘူးသူများကို ပြန်လည်စိစစ်ပြီး ၎င်းတို့ကို ဆက်သွယ်ကာ လိုအပ်‌သော ကျန်းမာ‌ရေးစစ်‌ဆေးမှုများပြုလုပ်မှာဖြစ်၍ ထိုင်းပြန် မြန်မာလုပ်သားများ အ‌နေဖြင့် လိပ်စာစ‌ပေးစဉ်က တိတိကျကျ မှန်မှန်ကန်ကန်‌ပေးရန်လို‌ကြောင်း ဝန်ကြီး‌နော်ပန်းသဉ်ဖာမျိုးက ဆက်‌ပြောသည်။

ထိုင်းနိုင်ငံ အစိုးရအဖွဲ့မှ ယမန်‌နေ့ (မတ်လ ၂၆ ရက်)တွင်အကျုံးဝင်မည့် ထိုင်းနိုင်ငံတွင်း ခရီးသွား လာခြင်း နှင့်ပတ်သက်၍ ကန့်သတ်မှုများ ထုတ်ပြန်ပြီးသည့်‌နောက် ယခင်က မြဝတီနယ်စပ် ထိုင်း-မြန်မာအမှတ်(၂) ချစ်ကြည်‌ရေးတံတားမှတဆင့် မတ်လ ၂၁ရက်မှ ၂၆ ရက်‌နေ့ထိ (၆) ရက်အတွင်း ထိုင်းနိုင်ငံ‌ဒေသ အသီးသီးမှ ‌နေရပ်ပြန် မြန်မာလုပ်သား စုစု‌ပေါင်း ၃၀,၀၀၀(သုံး‌သောင်း) ‌ကျော်ရှိကာ ‌နေ့စဉ် လူဦး‌ရေ ၅,၀၀ဝ နီးပါးခန့် ပြည်တွင်းသို့ ဝင်‌ရောက်လာမှုများရှိခဲ့‌သော်လည်း ယ‌နေ့ (မတ်လ ၂၇ ရက်)‌နေ့လည်အထိ ပြန်လာသူ ၃၀ဝ ‌ကျော်ခန့်သာရှိ‌ကြောင်း သိရသည်။