Home သတင်း ၇၂ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ပြုလုပ်မည်

၇၂ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ပြုလုပ်မည်

2524

‌ဖေ‌ဖော်ဝါရီ ၅ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

ကရင်လူမျိုးတို့၏ ‌နေ့ထူး‌နေ့မြတ်တစ်ခုဖြစ်သည့် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ကျ‌ရောက်မည့် (၇၂) နှစ်‌မြောက် ကရင်အမျိုးသား‌နေ့အခမ်းအနားကို ယခုနှစ် ကရင်ပြည်နယ်၏ မြို့‌တော် ဖားအံရှိ ဇွဲကပင်ခန်းမ၌ ပြုလုပ်သွား မည်ဟု သိရသည်။

KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နိုင်ငံ‌ရေးပါတီများဦး‌ဆောင်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်း(CSO) များမှ ပူး‌ပေါင်းပါဝင်ကျင်းပသွားမည်ဖြစ်‌ကြောင်း အခမ်းအနားဖြစ်‌မြောက်‌ရေး‌ကော်မတီ ဒုဥက္ကဋ္ဌ ‌စောခင် ‌မောင်မြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) ဥက္ကဋ္ဌလည်းဖြစ်သည့် ‌စောခင်‌မောင်မြင့်က “ဇွဲကပင်ခန်းမ အသုံးပြုခွင့် အတွက် ပြည်နယ်အစိုးအရအဖွဲ့က မ‌နေ့က ခွင့်ပြုလိုက်တယ်။ အခမ်းအနားအတွက် ကုန်ကျမယ့် ‌ငွေ‌တွေက ‌တော့ ဦး‌ဆောင်ပူး‌ပေါင်းပါဝင်မယ့် အဖွဲ့အစည်းနဲ့ ကရင်လုပ်ငန်းရှင်‌တွေက ထည့်ဝင်သွားမယ်‌ပေါ့”ဟု ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၅ ရက်)တွင် ‌ပြောသည်။

ထို့အပြင် အခမ်းအနားသို့ တက်‌ရောက်နိုင်ရန် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်လက်နက်ကိုင်အဖွဲ့ အစည်း များ၊ နိုင်ငံ‌ရေးပါတီများ၊ ပြည်နယ်အစိုးရ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဖားအံမြို့နှင့် ရွာများ မှ ရပ်မိရပ်ဖများကို ဖိတ်ကြားသွားမည်ဟုလည်း ‌စောခင်‌မောင်မြင့်က ဆက်‌ပြောသည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံနှင့် ကရင်‌ခေါင်း‌ဆောင်များအား အ‌လေးပြုခြင်း၊ ကရင်အမျိုးသား‌နေ့ ‌ပေါ်‌ပေါက်လာပုံ ‌ပြောကြားခြင်း၊ ၇၂ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အတွက် KNU ဥက္ကဋ္ဌမှ ‌ပေးပို့‌သော သ ဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ကရင်အမျိုးသား‌နေ့ဆိုင်ရာ အ‌ကြောင်းအရာများ ‌ပြောကြားခြင်းတို့ ပါဝင်သွားမည် ဟု သိရသည်။

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီး‌နောက် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဦး‌ဆောင်မှုဖြင့် (၆၈)နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ၂၀၁၆ ခုနှစ် ဖား အံမြို့၊ ဇွဲကပင်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့သည်။

၂၀၁၇ ခုနှစ်မှ စ၍ ဖားအံမြို့၏ အခြား‌နေရာများဖြစ်သည့် ဘုန်းကြီး‌ကျောင်း၊ ဘုရား‌ကျောင်း၊ ခ‌လောက် ‌ထောင်ရွာများ၌သာပြုလုပ်ခဲ့ရသည့် ကရင်အမျိုးသား‌နေ့ကို ယခုနှစ်မှသာ ဇွဲကပင်ခန်းမ၌ ဒုတိယအကြိမ်‌မြောက် ကျင်းပပြုလုပ်သွားမည်လည်း ဖြစ်သည်။

ကရင်အမျိုးသား‌နေ့ကို ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့က မြန်မာနိုင်ငံအတွင်းရှိ ကရင်လူမျိုး ‌လေးသိန်း ‌ကျော်သည် ကရင်ပြည်နှင့် တန်းတူအခွင့်‌ရေးရရှိရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည့်‌နေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှ ၂၅ရက်‌နေ့အထိ ဖာပွန်မြို့နယ်၌ ကျင်းပ‌သော ‌ကော်သူး‌လေ ပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကရင်အမျိုးသား‌နေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။