Home သတင်း ရဲမှူးဟုဆိုကာ အုပ်ချုပ်‌ရေးမှူးများကို ဖုန်းဆက်‌ငွေ‌တောင်းခံမှု ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖြစ်ပွား

ရဲမှူးဟုဆိုကာ အုပ်ချုပ်‌ရေးမှူးများကို ဖုန်းဆက်‌ငွေ‌တောင်းခံမှု ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖြစ်ပွား

2382

‌ဖေ‌ဖော်ဝါရီ ၃ ရက်၊ ၂ဝ၂ဝ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများကို ဇန်နဝါရီ ၂၈ ရက်‌နေ့က မြို့နယ်ရဲမှူးဟုဆိုကာ ဖုန်းဆက်‌ငွေ‌တောင်းခံမှု ဖြစ်ပွား‌ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ဘုရားသုံးဆူမြို့ ရပ်ကွက်(၂)၊ (၃)နှင့် ရပ်ကွက်(၄) အုပ်ချုပ်‌ရေးမှူးများကို ရပ်ကွက်အတွင်း အမှုအခင်းတိုင်ကြားထား သည်ဟု ဆိုကာ မြို့နယ်ရဲမှူးအမည်အသုံးပြုပြီး ဖုန်းဆက်‌ငွေ‌တောင်းခံလာမှု‌ကြောင့် စုစု‌ပေါင်း ‌ငွေကျပ်သိန်း ၃ဝ နီးပါးကို ဖုန်းဆိုင်မှတဆင့် ‌ငွေလွှဲပို့‌ပေးခဲ့ရသည်ဟု ဘုရားသုံးဆူမြို့ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက ‌ပြောသည်။

ဘုရားသုံးဆူမြို့ ရပ်ကွက်(၃) အုပ်ချုပ်‌ရေးမှူး ဦး‌သောကြာက “သူကိုယ့်သူ မြို့နယ်ရဲမှူးဆိုပြီး မိတ်ဆက်တာ‌ပေါ့‌နော်။ ရပ်ကွက်နဲ့ ပတ်သက်ပြီး တိုင်တာပြုတာ‌ရောက်‌နေတယ် ‌ပြောတယ်။ ဖုန်း ၃ဝ လုံးစာအတွက် တစ်လုံးကို ၅ ‌သောင်း‌ကျော်ထည့်‌ပေးတယ်။ ကျ‌နော်က ၁၆သိန်း၊ ရပ်ကွက်(၄) အုပ်ချုပ်‌ရေးမှူးက (၁၂) သိန်း၊ ရပ်ကွက်(၂)က ၆ ‌သောင်းပါသွားတယ်။ တစ်ရက်ထဲမှာပဲ လိမ်‌ပြောသွားတယ် ပုံစံတူတူပါပဲ” ဟု ယ‌နေ့ (‌ဖေ‌ဖေါ်ဝါရီ ၃ရက်) ‌ကေအိုင်စီသို့‌ပြောသည်။

ရဲမှူးအမည်ခံပြီး အုပ်ချုပ်‌ရေးမှူးများကို အမှုအခင်းတိုင်ကြားစာ‌ရောက်ရှိထားသည်ဟုဆိုကာ ‌ငွေ‌ကြေး‌တောင်းယူလိမ်လည်မှု ဖြစ်ပွားခဲ့သည့်‌နေ့တွင် မြို့နယ်ရဲမှူးနှင့် ခရိုင်ရဲမှူးတို့က ဘုရားသုံးဆူမြို့ခရီးစဉ်သွားသည့်‌နေ့နှင့် တိုက်ဆိုင်ပြီး ၎င်း‌နေ့ ည‌နေ ၂ နာရီအချိန်တွင် ရဲမှူးထံ‌မေးမြန်းကြည့်ရာမှ လိမ်လည်သွားခဲ့မှန်း သိရှိရသည်ဟု အုပ်ချုပ်‌ရေးမှူးများက ‌ပြောသည်။

မြို့နယ်ရဲမှူး ဝင်းဗိုလ်က “ မြို့နယ်လပတ်အစည်းအ‌ဝေးမှာ အုပ်ချုပ်‌ရေးမှူး‌တွေ‌ရော၊ ရပ်‌ကျေးစာ‌ရေး‌တွေ‌ရော၊ ရပ်မိရပ်ဖ‌တွေ‌ရော အားလုံး‌ပြောထားတယ်။ အခုအမှုဖွင့်ထားတယ်။ အဲ့ဒီအုပ်ချုပ်‌ရေးမှူး‌တွေနဲ့ မရင်းနှီးဘူး။ ဖုန်းနံပါတ်လည်းမရှိဘူး။ အမှန်သူတို့ မြို့နယ်အုပ်ချုပ်‌ရေးမှူး‌တွေနဲ့ ဆက်သွယ်ဖို့ လိုအပ်တာ‌ပေါ့။ ပထမတစ်ရက်မှာ အလားတူ ကြာအင်းဆိပ်ကြီးမြို့ ရပ်ကွက်အုပ် ချုပ် ‌ရေးမှူးတစ်‌ယောက်က ကျ‌နော့်ဆီကို လာပြီး‌မေးမြန်းလုပ်လို့ မခံလိုက်ရဘူး။ ‌နောက်ရက်ကျမှ ဘုရားသုံးဆူမှာ ခံလိုက်ရတယ်” ဟု ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ယခင်မြို့နယ်ရဲမှူးဦးဝင်းနိုင်လက်ထက်တွင် မြို့‌ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်‌ရေးမှူးများကို ရဲမှူးအမည်ခံကာ ဖုန်းဆက်‌ငွေ‌ကြေး‌တောင်းယူမှုဖြစ်စဉ်ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါလအတွင်း ‌ကျောင်းထိုင်ဆရာ‌တော်များနှင့် ရပ်ကွက် အုပ်ချုပ်‌ရေးမှူးများကို ‌ငွေ‌ကြေးလိမ်လည်‌တောင်းယူမှု အများဆုံးဖြစ်ပွားလျက်ရှိသည်။