Home သတင်း NCA စာချုပ်ကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌ရေး ‌ကျောက်ကြီးမြို့နယ်တွင် လူထု‌ထောင်ချီဆန္ဒထုတ်‌ဖော်

NCA စာချုပ်ကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌ရေး ‌ကျောက်ကြီးမြို့နယ်တွင် လူထု‌ထောင်ချီဆန္ဒထုတ်‌ဖော်

2521
Photo: Local

ဇန်နဝါရီလ ၁ဝရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

‌ကျောက်ကြီးမြို့နယ်အတွင်း မြန်မာ့တပ်မ‌တော်မှ လုပ်‌ဆောင်ခဲ့သည့် လမ်း‌ဖောက်လုပ်မှုများ‌ကြောင့် ထိခိုက် နစ်နာမှုများရှိ‌နေသည့်အတွက် တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်-NCA ကို နှစ်ဖက်တပ်များအ‌နေဖြင့် အပြည့်အဝ အ‌ကောင်အထည်‌ဖော်‌ပေးရန် ‌ထောင်ချီရှိသည့်‌ဒေသခံများက ဇန်န ဝါရီလ ၉ရက်‌နေ့တွင် ဆန္ဒထုတ်‌ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်း‌ရေးကို‌ရှေးရှု‌သော အဆိုပါ ဆန္ဒထုတ်‌ဖော်ပွဲကို လမ်း‌ဖောက်သည့် လမ်း‌ကြောင်းတစ်‌လျှောက် ‌ကျေးရွာ များဖြစ်သည့် မူသယ်အုပ်စု၊ ‌မော်ဘွယ်အုပ်စုနှင့် ‌လော်မူပယ်အုပ်စုများရှိ ‌ဒေသခံ လူဦး‌ရေ ၁,၅၀ဝ ‌ကျော်မှ ‌ကျောက်ကြီးမြို့အပါအဝင် ‌နေရာ ၃ ‌နေရာခွဲပြီး ထိုသို့ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းလည်း ဖြစ်သည်။

မူသယ်အုပ်စုမှ ဆန္ဒထုတ်‌ဖော်ရာတွင် ဦး‌ဆောင်ပါဝင်သူတစ်ဦးဖြစ်သူ ‌နော်‌ဂေဟဲက“ ဖွံ့ဖြိုး‌ရေးအတွက် လမ်း ‌ဖောက်လုပ်တယ်လို့ ‌ပြောတယ်။ အဲဒီလမ်း‌ဖောက်လုပ်မှု‌ကြောင့်ပဲ ကျမတို့ ‌ဒေသခံ‌တွေ ထိခိုက်တယ်။ ‌နေရပ် စွန့်ခွာရတယ်။ နှစ်ဖက်တိုက်ပွဲပြန်ဖြစ်တယ်။ တပ်အင်အား ‌တွေပြန်ချဲ့လာတယ် ။ အဓိက‌တော့ NCA စာချုပ်ကို မလိုက်နာလို့ပဲ ဖြစ်တယ်။ ထာဝရငြိမ်းချမ်း‌ရေးလိုချင်ရင် NCA စာချုပ်ကိုအပြည့်အဝ အ‌ကောင် အ ထည်‌ဖော် ‌စေချင်ပါတယ်။ ငြိမ်းချမ်း‌ရေး မရရှိ‌သေးဘဲ ဖွံ့ဖြိုး‌ရေးအ‌ကြောင်း ပြုပြီး မလုပ်‌ဆောင်သင့်ဘူး။ ကျမတို့ ‌ဒေသခံတိုင်းရင်းသားအ‌နေနဲ့ မလက်ခံဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NCA လက်မှတ်‌ရေးထိုးပြီး‌နောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ‌ညောင်‌လေးပင်ခရိုင်၊ ဖာပွန်ခ ရိုင်များအတွင်း တပ်မ‌တော်ဘက်မှလမ်း‌ဖောက်လုပ်မှု‌ကြောင့် နှစ်ဖက်တပ်များအကြား မကြာခဏ ထိ‌တွေ့ပစ် ခတ်မှုများဖြစ် ‌ပေါ်ခဲ့သလို ယင်းဖြစ်စဉ်များ‌ကြောင့် ‌ဒေသခံများ‌နေရပ်စွန့်ခွာထွက်‌ပြေးတိမ်း‌ရှောင်ရသည့်အ‌ခြေ အ‌နေများလည်း ဖြစ်‌ပေါ်ခဲ့သည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်‌ဖော်ပွဲတွင်လည်း ‌ဒေသခံများဘက်မှ ထာဝရငြိမ်းချမ်း‌ရေး ရရှိရန် အ‌ကောင်အထည်‌ဖော်‌ရေး၊ NCA အ‌ပေါ် တာဝန်ယူမှုတာဝန်ခံမှုရှိ‌ရေး၊ တပ်‌နေရာချထား‌ရေး၊ NCAစာချုပ် မချိုး ‌ဖောက်‌ရေး၊ NCA အချက်ပါ ချိုး‌ဖောက်မှုများကို အ‌ရေးယူနိုင်‌ရေးနှင့် ပြည်သူများတိုင်ကြား‌သော စာများကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ-JMC မှ အ‌လေးထား‌ဆောင်ရွက်‌ရေး စသည့် အချက်များကို ‌တောင်းဆိုခဲ့ကြသည်။

ထို့အပြင် စစ်ဆင်‌ရေးအတွက်‌ဖောက်လုပ်သည့် လမ်းအား ဖွံ့ဖြိုး‌ရေးအ‌ကြောင်းပြ‌နေခြင်းဖြစ်‌ကြောင်း ‌ဒေသခံများဘက်မှ နားလည်လက်ခံမှုများရှိ‌နေသလို အဆိုပါလမ်းချဲ့ထွင်ခြင်းလုပ်ငန်းများကိုလည်း အလိုမရှိ‌ကြောင်း အချက် ၆ ချက်ပါဝင်သည့် ဗီနိုင်းဆိုင်းဘုတ်များကိုင်‌ဆောင်ကာ ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒ‌ဖော်ထုတ်ခဲ့ကြခြင်းဖြစ် သည်။

Photo: Local

‌ဒေသခံများ ဆန္ဒထုတ်‌ဖော်မှုနှင့်ပတ်သက်၍ ‌ကျောက်ကြီးမြို့ရှိ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ‌စောဝါး‌ရေ တိုးက “ကျ‌နော်တို့မြင်တာက‌တော့‌ကောင်းပါတယ်။ နှစ်ဦးနှစ်ဖက်က ညှိနှိုင်းဖို့လိုတယ်။ အဲဒါမှဒါကို ‌ဖြေရှင်း လို့ရမှာဖြစ်တယ်။ အခု‌လော‌လောဆယ်‌တော့ ဘာအစီအစဉ်မှမရှိ‌သေးဘူး။ နှစ်ဖက် တပ်ဖွဲ့‌တွေက‌တော့ ‌တွေဖို့ရှိတယ်။ ဒါ‌ပေမဲ့ ဒီကိစ္စကို ‌ပြောဖို့မ‌ပြောဖို့က‌တော့ မသိရ‌သေးဘူး။ ကျ‌နော်ထင်တာက‌တော့ ဒီ‌နေ့ (KNL Aနှင့် တပခ ) ‌တွေ့ဆုံပွဲမှာ ‌ပြောဖြစ်လိမ့်မယ်။ ဒါ‌ပေမဲ့ ဒီကိစ္စကို‌တော့တစ်ခါထဲ ‌ဖြေရှင်းလို့မရဘူး။ ကျ‌နော်တို့ ‌တွေ့ဆုံမှုများလာရင်‌တော့ ဒီအခက်အခဲဟာ နည်းနည်းစီ‌ဖြေရှင်းသွားလို့ရမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ့ တပ်မ‌တော်လုပ်‌ဆောင်သည့် လမ်းတိုးချဲ့‌ဖောက်လုပ်မှုကိစ္စနှင့်ပတ်သက်၍ ‌ကျောက်ကြီးမြို့နယ်အတွင်း ရှိ ဌာ‌နေတိုင်းရင်းသားများအ‌နေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ‌အောက်တိုဘာလတွင် ၁ ကြိမ်ဆန္ဒထုတ်‌ဖော် မှုပြု လုပ်ခဲ့ပြီးဖြစ်သလို KNU မူ‌တြော်(ဖာပွန်)ခရိုင်တွင်လည်း ပြီးခဲ့သည့်နှစ်က အလားတူ ဆန္ဒထုတ်‌ဖော်မှုများ ရှိခဲ့ သည်။

လမ်း‌ဖောက်လုပ်မှုများ‌ကြောင့် ယခင်နှစ် ၂၀၁၉ ခုနှစ်အတွင်း မြန်မာ့တပ်မ‌တော်နှင့် KNU တို့တင်းမာမှု အရှိန် မြင့်တက်လာခဲ့ရာ ၂၀၁၉ ဒီဇင်ဘာလ ၂၇ ရက်‌နေ့ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟိုမှ ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်ဦး‌ဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းဦး‌ဆောင်‌သောအဖွဲ့တို့ ‌ကျောက်ကြီးမြို့ရှိ ‌ကေအဲန်ယူဆက်ဆံ‌ရေးရုံး၌ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ လုပ်ခဲ့ ‌သော်လည်း အကျိုးဖြစ်ထွန်းသည့် ရလဒ်တစုံတရာထွက် ‌ပေါ်လာခြင်းမရှိ‌သေး‌ကြောင်း သိရသည်။