Home သတင်း ပညာ‌ရေးပြုပြင်‌ပြောင်းလဲရန် အ‌ထောက်အကူဖြစ်‌စေမည့် သင်တန်းတစ်ခု ဖားအံတက္ကသိုလ်တွင်ပြုလုပ်

ပညာ‌ရေးပြုပြင်‌ပြောင်းလဲရန် အ‌ထောက်အကူဖြစ်‌စေမည့် သင်တန်းတစ်ခု ဖားအံတက္ကသိုလ်တွင်ပြုလုပ်

2748

ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

မြန်မာနိုင်ငံ၏ ပညာ‌ရေးပြုပြင်‌ပြောင်းလဲရာတွင် အ‌ထောက်အကူဖြစ်‌ပေါ်‌စေရန် ရည်ရွယ်၍ ဖားအံတက္ကသိုလ် ဆရာ၊ ဆရာမများအတွက် Reading and Writing for Critical Thinking ‌ခေါင်းစဉ်ဖြင့် ၅ ရက်ကြာမြင့်သည့် ရက်တိုသင်တန်းတစ်ခုကို ဖားအံတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်‌နေ့အထိ ဖားအံတက္ကသိုလ်၊ ဘွဲနှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့သည့် အဆိုပါ‌ဆွေး‌နွေးပွဲ သင်တန်းကို ဖားအံတက္ကသိုလ် ဆရာများသမဂ္ဂနှင့် Thinking Classroom foundation တို ့ပူး‌ပေါင်း ကျင်းပ ခဲ့ခြင်း ဖြစ်သည်။

Thinking Classroom Foundation တည်‌ထောင်သူလည်းဖြစ် ယခုသင်တန်း၏ပို့ချသူဆရာလည်းဖြစ်သည့် ‌ဒေါက်တာသိန်းလွင်က “ဆရာ‌တွေအ‌နေနဲ့ စာသင်ခန်း‌တွေမှာ နည်းစနစ်အသစ်‌တွေ အသုံးပြုခြင်းအားဖြင့် ‌ကျောင်းသား‌တွေ ‌ပျော်ရွှင်သလို စာ‌တွေလည်း ရရှိ‌အောင်၊ ‌ကျောင်းသား‌တွေကလည်း ဖားအံတက္ကသိုလ် တက် ရင်း ဒီပညာရပ်‌တွေကို ထဲထဲဝင်ဝင်‌လေ့လာတတ်‌မြောက်ပြီး လက်‌တွေ့အသုံးချနိုင်တဲ့ အဆင့်အထိ ‌ရောက် ‌အောင် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ‌ပြောသည်။

တက္ကသိုလ် ဋ္ဌာန အသီးသီးတွင်ရှိ‌သော ပါ‌မောက္ခ၊ ကထိက၊ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ ၂၅ ဦးတက် ‌ရောက်သည့် အဆိုပါ သင်တန်းတွင် စာသင်ခန်းနည်းစနစ်ဟု‌ခေါ်‌သော ဘာသာရပ်များအား ‌လေ့လာပုံ၊ အုပ်စု လိုက် ‌လေ့ လာခြင်း၊ ကွဲလွဲသည့်အယူအဆများကို ‌လေ့ခြင်း၊ ကိုယ်ပိုင်အယူအဆများအား ထုတ်‌ဖော်‌စေ သည့် နည်း၊ သင်ရိုးညွန်းတမ်းဆိုင်ရာ အယူအဆများ၊ အလွတ်ကျက်မှတ်ခြင်းမဟုတ်ဘဲ ‌ကျောင်းသားကိုယ်တိုင် သိ နားလည်ရန် အားထုတ်‌လေ့လာခြင်း စသည့်နည်းစနစ်များကို သင်ကြားပို့ချ‌ပေးခဲ့သည်ဟု ‌ဒေါက်တာ သိန်း လွင်က ‌ပြောသည်။

ပထဝီဝင်ဋ္ဌာနမှ နည်းပြဆရာမ ‌ဒေါ်ခင်စု‌ကျော်က “ဆရာသင်တာက အရမ်း‌ကောင်းပြီး‌တော့ လက်‌တွေ့မှာ လည်း အသုံချလို့သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းစနစ်‌တွေကို အသုံးပြုမယ်ဆို အားလုံးရဲ့ အသိ ဉာဏ်‌တွေလည်း တိုးလာနိုင်တယ်။ ဒီ‌ကျောင်းနဲ့ နိုင်ငံရဲ့ ပညာ‌ရေးစနစ်လည်း တိုးတက်လာနိုင်မယ့် နည်းလမ်း တစ်ခု‌ပေါ့‌နော်” ဟု ‌ပြောသည်။

Reading and Writing for Critical Thinking Course သင်တန်းကို Thinking Classroom foundation အ‌နေဖြင့် ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့် ဖားအံတက္ကသိုလ်တို့ကို ပို့ချခဲ့ပြီး ဖြစ်သလို မြန်မာနိုင်ငံရှိ အခြား ‌သော တက္ကသိုလ်များသို့ ဆက်လက်ပို့ချ‌ဆွေး‌နွေးသွားရန်ရှိ‌ကြောင်းလည်း သိရသည်။

ဆရာ၊ ဆရာမများ၏ အတတ်ပညာနှင့် နည်းပညာပိုင်း မြှင့်တင်သည့် ပညာ‌ရေးလုပ်ငန်းများကို လုပ်‌ဆောင် နိုင်ရန်ရည်ရွယ်ချက်ဖြင့် Thinking Classroom Foundation ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၀၁ ခုနှစ်၌ တရားဝင် စတင်တည်‌ထောင်ခဲ့သည်ဟု သိရသည်။