Home သတင်း သိုသိုသိပ်သိပ် ‌နေတတ်သူ ပါ‌မောက္ခ‌စောထွန်း‌အောင်ချိန်ကို အမျိုးသားစာ‌ပေတစ်သက်တာဆု ချီးမြှင့်

သိုသိုသိပ်သိပ် ‌နေတတ်သူ ပါ‌မောက္ခ‌စောထွန်း‌အောင်ချိန်ကို အမျိုးသားစာ‌ပေတစ်သက်တာဆု ချီးမြှင့်

3759
ပါ‌မောက္ခ ‌စောထွန်း‌အောင်ချိန်သည် ၃၉ နှစ်ကြာ တက္ကသိုလ်ဆရာအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ပြည်တွင်း ပညာရှင်အသိုင်းအဝိုင်းတွင် သိုသိုသိပ်သိပ်‌နေတတ်သူဟု မှတ်ချက်ပြုခြင်းခံရသည့် အငြိမ်းစား သမိုင်းပါ ‌မောက္ခ‌စောထွန်း‌အောင်ချိန်ကို အမျိုးသားစာ‌ပေတစ်သက်တာဆု ‌ရွေးချယ်ချီးမြှင့်‌ကြောင်း ပြန်ကြား‌ရေး ဝန်ကြီးဌာန၊ အမျိုးသားစာ‌ပေဆု စိစစ်‌ရွေးချယ်‌ရေး‌ကော်မတီက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်‌ကြေညာသည်။

၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာ‌ပေ တစ်သက်တာဆု ချီးမြှင့်ခြင်းခံရသည့် အငြိမ်းစားသမိုင်းပါ‌မောက္ခ ‌စောထွန်း ‌အောင်ချိန်က “ မ‌မျှော်လင့်ထားဘူး။ ဆုရ‌တော့ ဝမ်းသာတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အငြိမ်းစား သမိုင်းပါ‌မောက္ခ ‌စောထွန်း‌အောင်ချိန်သည် လက်ရှိ ကရင်အမျိုးသားသမိုင်း ပြုစုရာတွင် ကြီးကြပ်သူ အဖြစ် လုပ်‌ဆောင်‌နေသလို စာတမ်းများကို စုစည်းကာ စာတမ်း‌ပေါင်းချုပ် ၄ အုပ်နှင့် ဘာသာပြန် စာအုပ် ၅ အုပ်‌ရေးသားခဲ့သည်။ ဘာသာပြန် စာအုပ်များတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဝထ္ထုဟု ‘‌မောင်ရင်‌မောင် မမယ်မ’ ကို အဂင်္လိပ်ဘာသာပြန်ဆိုသည့် စာအုပ်လည်းပါဝင်ကာ လက်ရှိ သမိုင်းစာတမ်းများ ‌ရေးသား‌နေဆဲဖြစ်သည်။

သူသည် ၁၉၅၄ ခုနှစ်မှ ၁၉၉၃ ခုနှစ်ထိ ၃၉ နှစ်ကြာ တက္ကသိုလ်ဆရာအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့ရာ ပါ‌မောက္ခအဖြစ် ၁၉၇၈ ခုနှစ်မှစတင်ကာ မန္တ‌လေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်း‌ဆောင်ခဲ့သည်။

ဆုချီးမြှင့်ခံရမှုအ‌ပေါ် ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန၊ ကထိက ‌ဒေါက်တာနန်းလှိုင်က “ဆရာကြီး က မြန်မာတင်မကဘူး။ အ‌ရှေ့‌တောင်အာရှကပါ ‌လေးစားခံရတဲ့ ပညာရှင်ဖြစ်တယ်။ သူ့‌ကြောင့် မြန်မာရာဇဝင်‌တွေ၊ ရာဇ ဝင်မှာမှ ဦးကုလား မဟာရာဇဝင်ကြီး တတိယတွဲကို သူအဂင်္လိပ်လို ရိုးရိုးဘာသာပြန် တာမဟုတ်ဘူး၊ တည်းဖြတ်ပြီး ပြန်တာ။ အဲဒါကြီးကို ပြီး‌အောင်လုပ်တယ်ဆိုတာ အင်မတန်‌ကျေးဇူးတင်ဖို့ ‌ကောင်းတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယိုးဒယားရာဇဝင်၊ ဇင်းမယ်ရာဇဝင်၊ မွန်ရာဇဝင်တို့ကို တည်းဖြတ်ကာ အဂင်္လိပ်ဘာသာပြန်ဆိုခဲ့ပြီး သူ၏ အဂင်္လိပ်စာ ကျွမ်းကျင်မှုအ‌ပေါ် သမိုင်းပညာရှင်‌ဒေါက်တာသန်းထွန်းက မိမိထက်‌တော်သည်ဟု ချီးကျူးခဲ့‌ကြောင်း၊ ဗိုလ်ချုပ်မြ(‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး ‌စောဘိုမြ) လက်ထက်တွင် ‌ကေအဲန်ယူနှင့် အစိုးရတို့ ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်ကို လုပ်‌ဆောင်‌ပေးသူ များထဲတွင် ပါဝင်ကာ သိုသိုသိပ်သိပ်‌နေတတ်သူ ဖြစ်သည်ဟု ‌ဒေါက်တာနန်းလှိုင်က ဆက်‌ပြောသည်။

အငြိမ်းစားပါ‌မောက္ခ‌စောထွန်း‌အောင်ချိန်သည် လက်ရှိ အမျိုးသားပညာ‌ရေးမူဝါဒ ‌ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် လုပ် ‌ဆောင်‌နေပြီး၊ ကရင်ပြည်သူ့ပါတီ နာယက၊ ကရင်အမျိုးသားသဟာယအသင်းဥက္ကဌ တာဝန်များကိုလည်း ထမ်း‌ဆောင် ‌နေသူ ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာ‌ပေ တစ်သက်တာဆုကို သူနှင့်အတူ စာ‌ရေးဆရာကြီး ဦးတင် ‌မောင်မြင့်ကိုလည်း ‌ရွေးချယ်ချီးမြှင့်ခဲ့သည်။ အမျိုးသားစာ‌ပေဆု‌ပေးပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်‌နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။