Home သတင်း ဖားအံမြို့နယ်အတွင်း လမ်းနယ်နိမိတ်သတ်မှတ်ချက် အ‌ကြောင်းကြားစာအ‌ပေါ် ‌ဒေသခံအချို့ စိုးရိမ်စိတ်ဖြစ်‌ပေါ်

ဖားအံမြို့နယ်အတွင်း လမ်းနယ်နိမိတ်သတ်မှတ်ချက် အ‌ကြောင်းကြားစာအ‌ပေါ် ‌ဒေသခံအချို့ စိုးရိမ်စိတ်ဖြစ်‌ပေါ်

2916
ဖားအံမြို့နယ်အတွင်း လမ်းနယ်နိမိတ်သတ်မှတ်ချက် အ‌ကြောင်းကြားစာအ‌ပေါ် ‌ဒေသခံအချို့ စိုးရိမ်စိတ်ဖြစ်‌ပေါ် (photo-kic)

နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လမ်းဦးစီးဌာနက သတ်မှတ်ထားသည့် လမ်းနယ်နိမိတ်အတွင်း တရားမဝင် လမ်းနယ်ကျူး ‌ကျော်‌နေမှုများအား ဖယ်ရှား‌ပေးရန် မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှ စာထုတ်ပြန်ထားသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ ဆက်သွယ်‌ရေးလမ်းမနှင့် သက်ဆိုင်သည့် လမ်း‌ကြော၏ ကားလမ်း‌ဘေးတွင်‌နေထိုင်သူ အချို့‌ဒေသခံများက စိုးရိမ်မှုများဖြစ်‌ပေါ် လျှက်ရှိသည်။

ပြည်နယ် လမ်းဦးစီးဌာနမှတဆင့် အ‌ကြောင်းကြားမှုအရ ဖားအံမြို့နယ် အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ရပ် ကွက်/‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများထံ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၃ရက် ‌နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ၎င်းစာပါ လမ်းမိုင် အရှည်နှင့် လမ်းနယ်နိမိတ် သတ်မှတ်ချက်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ‌ဒေသခံများအား ‌သေချာစွာ ရှင်းလင်း‌ပြောဆိုခြင်း မရှိ‌ကြောင်း အဆိုပါလမ်းမကြီး‌ဘေး ‌နေထိုင်သည့် ‌ဒေသခံများက ‌ပြောဆိုသည်။

လှိုင်ကမ္ဘာ‌ကျေးရွာအုပ်စု၊ ‌ကော့မူးနုတ်‌ကျေးရွာသူ နန်းတင်သိန်းက “ကျမတို့အိမ်က လမ်းမကြီး‌ဘေးမှာဆို‌တော့ လမ်းနယ်ထဲ ‌ရောက်လား မ‌ရောက်လား မသိဘူး။ အုပ်ချုပ်‌ရေးမှူးက စာပို့တာရှိတယ်။ သူတို့ပို့တဲ့စာက နားမှမလည်တာ။ အိမ်က လမ်းနယ် ထဲ ဘယ်‌လောက်ပါသွားမလဲ မသိဘူး။ ရှင်းရှင်းလင်းလင်း လာရှင်းပြ‌စေချင်တယ်။ သူတို့‌ရေးထားတဲ့အတိုင်း လမ်းနယ် ‌ပေ ၂၃ဝ ဆိုရင် ကျမတို့ စိုးရိမ်တာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့နယ်အတွင်း၌ ဖားအံခရိုင် လမ်းဦးစီးဌာန၏ လမ်းအဆင့် သတ်မှတ်ချက်အရ အမျိုးအစားအလိုက် တည်ရှိကာ နိုင်ငံတ ကာ ဆက်သွယ်‌ရေးလမ်းဖြစ်ပါက လမ်းအကျယ် ၂၃၀‌ပေ၊ တိုင်း‌ဒေသကြီး/ပြည်နယ် သို့မဟုတ် ခရိုင်/မြို့နယ်များကို ဆက်သွယ် ထားသည့်လမ်းဖြစ်ပါက အကျယ် ၁၅၀‌ပေ၊ မြို့နယ်နှင့် ‌ကျေးရွာ ဆက်သွယ်သည့်လမ်းဖြစ်ပါက အကျယ် ၁၀၀‌ပေရှိသည်ဟု အဆိုပါ အ‌ကြောင်းကြားစာထဲတွင် ပါရှိသည်။

ဖားအံခရိုင် လမ်းဦးစီးဌာနမှ လက်‌ထောက်ညွန်ကြား‌ရေးမှူး ဦး‌ဇော်သူလင်းက “နိုင်ငံတကာ ဆက်သွယ်‌ရေးလမ်းမဆိုရင် ကျ‌နော်တို့ လမ်းဦးစီးဌာန သတ်မှတ်ထားတာက လမ်းအကျယ် ၂၃၀‌ပေရှိတာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် မြို့ရွာဖြတ်တဲ့အခါမှာ လူထု ထိခိုက်မှုနည်း‌အောင် မြို့ရွာ‌ရှောင်တဲ့လမ်းလုပ်လို့မရဘူးဆိုရင် ၂၃၀‌ပေအတိုင်း သတ်မှတ်ရင် လူထု ထိခိုက်များမယ်ဆို‌တော့ တစ်ဖက်စီ ‌ပေ ၅ဝအထိ ယူထားတာ‌တွေရှိတယ်။ ‌ပြောရမယ်ဆိုရင် မြို့တွင်းရွာတွင်းဆိုရင် လမ်းအကျယ် ၂၃၀‌ပေ အပြည့်မယူ ဘဲ အချို့လမ်းပိုင်း‌တွေက ‌ပေ ၁၀၀‌လောက်ပဲ အဲလိုယူတဲ့‌နေရာ‌တွေ ရှိပါတယ်။ အ‌ကြောင်းကြားစာထဲမှာလည်း အချို့‌နေရာမှာ ဆိုရင် အဲလိုပြထားတာရှိပါတယ်”ဟု ‌ပြောသည်။

ဖားအံမြို့နယ် လမ်းဦးစီးဌာန ထိန်းသိမ်း‌ဆောင်ရွက်လျက်ရှိသည့် လမ်းများ၏ နယ်နိမိတ်သတ်မှတ်ချက်အတွင်း ကျူး‌ကျော်ဝင် ‌ရောက်‌နေထိုင်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ ‌ဈေးဆိုင်များ ‌ဆောက်လုပ်‌ရောင်းချခြင်း၊ ဆိုင်းဘုတ်များစိုက်ထူ‌ဆောက်လုပ်ခြင်း၊ မုခ်ဦး များ ‌ဆောက်လုပ်ခြင်းရှိပါက အမြန်ဆုံး ပြန်လည် ဖယ်ရှား‌ပေးနိုင်‌ရေးနှင့် ထပ်မံ ကျူး‌ကျော်‌ဆောက်လုပ်‌နေမှု မရှိ‌စေ‌ရေးအတွက် အ‌လေးထား‌ဆောင်ရွက်သွားရန် ဖားအံမြို့နယ် အုပ်ချုပ်‌ရေးမှူးရုံး၏ အ‌ကြောင်းကြားစာတွင် ‌ဖော်ပြထားသည်။

ဖားအံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးလှှိုင်‌ကျော်စိုးက “ကျ‌နော်တို့ အုပ်ချုပ်‌ရေးအပိုင်းက‌တော့ ကာယကံရှင်‌တွေ မနစ် နာ‌အောင် ကြိုတင်အသိ‌ပေးတယ်။ အဲလိုကြိုတင်အသိ‌ပေးခဲ့တာကို မဖယ်ဘဲ ဆက်‌နေမယ်၊ အ‌ဆောက်အဦး‌တွေ ဆက်‌ဆောက်မယ်ဆိုရင် သက်ဆိုင်ရာဌာနက အ‌ရေးယူရင် ကာယကံရှင်ဘက်ကပဲ နစ်နာမယ်။ အဲလိုမဖြစ်ရ‌လေ‌အောင် သက်ဆိုင်ရာ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးကလည်း ထိထိမိမိ လူထု‌တွေကို ရှင်းပြဖို့လည်း လိုပါတယ်။”ဟု ‌ပြောသည်။

သို့‌သော် ၎င်းအ‌ကြောင်းကြားစာကို လက်ခံရရှိရာတွင် လာ‌ရောက်ရှင်းပြထားခြင်း မရှိသဖြင့် မိမိတို့အ‌နေဖြင့်လည်း ‌သေချာနားမ လည်သည့်အတွက် မိတ္တူကူး၍ လမ်း‌ကြောထိသည့် ‌ကျေးရွာများအနက် လမ်း‌ဘေးတွင် ‌နေထိုင်သည့် ရွာသူရွာသားများ၏ ‌နေအိမ်များသို့သာ ဖြန့်‌ဝေ‌ပေးလိုက်ခြင်းဖြစ်‌ကြောင်း ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ရာအိမ်မှူးတချို့က ‌ပြောဆိုသည်။

“စာက‌တော့ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးဆီက‌နေ ပို့‌ပေးလာတာ‌ပေါ့။ ‌ရောက်လာတာက ၂၅ရက်‌နေ့(‌အောက်တိုဘာ)က။ ရွာထဲမှာ ရှိ တဲ့သူ‌တွေကျ‌တော့ အဲဒီလမ်းဧရိယာနဲ့ လွတ်တဲ့သူ‌တွေကို‌တော့ အ‌ကြောင်းမကြား‌တော့ဘူး။ ဒီအ‌ကြောင်းကြားစာကို အ‌ဒေါ်က မိတ္တူသွားကူးလိုက်တယ်။ ပြီး‌တော့ အ‌ဒေါ့်ရဲ့ရွာမှာ လမ်းဧရိယာနဲ့ မလွတ်တဲ့သူ‌တွေကို ဒီစာရွက်သွား‌ပေးလိုက်တယ်။ လာပို့တဲ့ အုပ်ချုပ်‌ရေးမှူးလည်း မရှင်းပြဘူး။ အ‌ဒေါ်လည်း သူတို့ကို မရှင်းပြတတ်ဘူး။ အကုန်လုံး‌တော့ ‌သေချာနားမလည်လို့ သူတို့ကို လည်း မရှင်းပြတတ်ဘူး။”ဟု ‌ကော့မူးနုတ်‌ကျေးရွာ ရာအိမ်မှူး နန်းမြနန်းသူက ဆိုသည်။

ဖားအံမြို့နယ်အတိုင်းအတာဖြင့် လမ်းနယ်အတွင်း တရားမဝင် ကျူး‌ကျော်‌ဆောက်လုပ်‌နေမှုများ ဖယ်ရှား‌ရေးကိစ္စနှင့် ပတ်သက် ၍ သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်‌ရေးမှူးထံ ‌ပေးပို့ထားသည့် အဆိုပါအ‌ကြောင်းကြားစာတွင် လမ်းပိုင်းအလိုက် လမ်းအဆင့်အ တန်းနှင့် လမ်းနယ်နိမိတ် အကျယ်သတ်မှတ်ချက်များကိုလည်း ပူးတွဲပါအဖြစ် ထည့်သွင်း‌ဖော်ပြထား‌သော်လည်း မည်သည့်အ ချိန်တွင် လမ်းတိုးချဲ့မှု စတင် ‌ဆောင်ရွက်မည်ကိုမူ မသိရှိ‌သေး‌ကြောင်း တာဝန်ရှိသူများက ‌ပြောဆိုသည်။