Home သတင်း KNU နှင့် မွန်ပြည်သစ်ပါတီကြား ပစ်ခတ်မှု ၃ ကြိမ်အတွင်း ရွာသား ၁ ဦးနှင့် နှစ်ဖက်တပ် ၂ ဦးစီ...

KNU နှင့် မွန်ပြည်သစ်ပါတီကြား ပစ်ခတ်မှု ၃ ကြိမ်အတွင်း ရွာသား ၁ ဦးနှင့် နှစ်ဖက်တပ် ၂ ဦးစီ ‌သေဆုံး

4722

‌အောက်တိုဘာလ ၂၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

KNU- ကရင်အမျိုးသားအစည်းအရုံး နှင့် မွန်ပြည်သစ်ပါတီ -NMSP တို့ တပ်ဖွဲ့ဝင်များအကြားတွင် ပြီးခဲ့သည့် ‌အောက်တို့ဘာလ ၁၇ ရက်မှစ၍ ၂၃ ရက်‌နေ့အထိ ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှု ၃ ကြိမ်အတွင်း ထီးဝါးဒို့ရွာသား ၁ ဦးအပါအဝင် နှစ်ဖက်တပ်မှ ၂ ဦးစီ ထိခိုက် ကျဆုံးသွား‌ကြောင်း နှစ်ဖက်တာဝန်ရှိသူများထံမှ သိရသည်။

KNU စိုက်ထူထားသည့် အလံ (ကရင်အလံ) အား မွန်ပြည်သစ်ပါတီဘက်က လာ‌ရောက်ဖြုတ်ချခဲ့သည်ဟုဆိုကာ ‌အောက် တိုဘာလ ၁၇နှင့် ၂၁ ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဝါးဒို့ရွာ အနီးတစ်ဝိုက်နှင့် ၂၃ ရက်‌နေ့တွင် မွန်ပြည်နယ်‌ရေးမြို့နယ် အ‌ရှေ့ဘက် ငါးက‌လေး‌ချောင်းအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုသုံးကြိမ်အတွင်း KNU အဖွဲ့မှ ၂ ဦး၊ မွန်ပြည်သစ်ပါတီမှ ၂ ဦးနှင့် ထီးဝါးဒို့ရွာသားတစ်ဦးပါ ‌သေဆုံးသွားသည်ဟု KNU – ဝင်း‌ရေးမြို့နယ် အတွင်း‌ရေးမှူးပဒို‌စောအယ်းဒါးက ယ‌နေ့(‌အောက်တိုဘာလ ၂၄ ရက်)တွင် ‌ကေအိုင်စီသို့ အတည်ပြု‌ပြော သည်။

၎င်းက “မ‌နေ့က မင်းလှရွာမှာ အစိုးရစစ်တပ်ရှိ‌နေ‌တော့ ထိပ်တိုက်မတိုးချင်လို့ ငါးက‌လေး‌ချောင်းဘက်ကို ပတ်ပြန်သွားတာ မွန်ပြည်သစ်ပါတီနဲ့ ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်တယ်။ ၅ မိနစ်‌လောက်ပဲ ဖြစ်သွားတယ်။ ပစ်ခတ်မှုသုံးကြိမ်မှာ ရွာသား တစ်‌ယောက်၊ မွန်ပြည်သစ်က ၂‌ယောက်၊ ကျ‌နော်တို့ဘက် ၂ ‌ယောက်ကျသွားတယ်” ဟု ‌ပြောသည်။

KNU နှင့် မွန်ပြည်သစ်ပါတီဖွဲ့တို့ကြားတွင် ‌အောက်တိုဘာလအတွင်း ပစ်ခတ်မှုပြန်လည်ဖြစ်ပွားလာသည့်အ‌ပေါ် နှစ်ဖက်တာဝန်ရှိ သူများအကြား ‌တွေ့ဆုံညှိနှိုင်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ‌နောက်‌နောင်စစ်မဖြစ်ပွား‌ရေး၊ နှစ်ဖက်‌ခေါင်း‌ဆောင်များပူး‌ပေါင်းပြီး သ‌ဘောတူညီချက်များကို လူထုရှင်းလင်းပွဲပြုလုပ်သွားရန်နှင့် အချင်းချင်းငြိမ်းချမ်းစွာ အတူတကွ ‌နေထိုင်သွားကြရန် သ‌ဘောတူသည်ဟု ယမန်‌နေ့ (‌အောက်တိုဘာ ၂၃ရက်)က ထုတ်ပြန်သည့် ပူးတွဲ‌ကြေညာချက်တွင်ပါရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်‌ဒေသတာဝန်ခံ နိုင်နယ်ထူးရာမာဉ်က “ကရင်က လာပစ်တယ်။ တစ်ချက်နှစ်ချက်ပဲ မွန်ဘက် တစ်‌ယောက် ကျသွားတယ်။ မပစ်ကြရင် ‌ကောင်းတာ‌ပေါ့။ လာလာပြီးပစ်တယ်ဆို‌တော့ သိပ်မ‌ကောင်ပါဘူး” ဟု ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU နှင့် မွန်ပြည်သစ်ပါတီတို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်(NCA ) လက်မှတ်ထိုးထားသည့် အဖွဲ့များ ဖြစ်ကြပြီး ၂ဝ၁၆ ခုနှစ်‌နောက်ပိုင်း ၎င်းတို့နှစ်ဖွဲ့ကြားတွင် နယ်‌မြေအငြင်းပွားမှုကိစ္စဖြင့် မကြာခဏပစ်ခတ်မှု ပြန်လည်ဖြစ်ပွားလျက်ရှိသည်။