Home သတင်း မည်းနက် လာသည့်‌ရေ‌ကြောင့် ဖားအံမြို့နယ်အတွင်းရှိ ‌ကျေးရွာအချို့‌ရေအခက်ကြုံ

မည်းနက် လာသည့်‌ရေ‌ကြောင့် ဖားအံမြို့နယ်အတွင်းရှိ ‌ကျေးရွာအချို့‌ရေအခက်ကြုံ

2857

‌အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နယ် ဘားကပ်‌ကျေးရွာအုပ်စု၊ နတ်ကုန်း‌ကျေးရွာအပါအဝင် အနီးအနားရွာအချို့မှ ‌ဒေ သခံရွာသားများမှာ ‌သောက်သုံး၊ အသုံးပြု‌နေသည့်‌ရေတွင်းများနှင့် အနီးဝန်းကျင်ရှိအင်းအိုင်‌ချောင်း ‌ရေများတွင် ပုံမှန်မဟုတ်ဘဲ မည်းနက်သည့် အ‌ရောင်‌ပြောင်းလဲမှု‌ကြောင့် ‌ဒေသခံရွာသားများ အသုံးမပြုရဲ‌တော့သည့် အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေသည်ဟု သိရသည်။

‌အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ အဆိုပါ ‌ဒေသအနီးတဝိုက်ရှိ‌ရေများမှာ သာမန်‌ရေများထက် အ‌ရောင် သိသိသာသာ‌ပြောင်းလဲသွားခြင်းဖြစ်သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်များအရသိရှိရသည့်အတွက် လက်ရှိ ဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေများနှင့်ပတ်သက်၍ နတ်ကုန်း‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောအတိက ယခုလို ‌ပြော သည်။

၎င်းက “ကျ‌နော်တို့‌တောင် အခု‌ရေနည်းလာတဲ့အချိန်ကျမှ သတိထားမိတာ။ တစ်ခါမှမဖြစ်ဖူးဘူး။ အခုအင်း ‌တွေမှာဆို ပိုသိသာတယ်။ ‌ရေကျတဲ့အချိန်ဆို‌တော့ အနည်ထိုင်သွားတဲ့ပုံစံမျိုး‌ပေါ့။ အရင်က‌တော့ ဒီက‌ရေ‌တွေ ပဲ‌သောက်တယ်။ အခုမ‌သောက်ရဲ‌တော့ဘူး” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌ဒေသခံများအ‌နေဖြင့် ‌ကျေးရွာအတွင်းရှိသည့် ‌ရေတွင်း‌ရေကန်‌ရေများကိုသာ ပုံမှန်အမှီပြု‌သောက်သုံး၊ အသုံးပြု ‌နေခဲ့ရာမှ ယခုဖြစ်စဉ်ဖြစ်‌ပေါ်ပြီး‌နောက် ‌သောက်သုံး‌နေကျ‌ရေတွင်း‌ရေများကို မ‌သောက်သုံးရဲ‌တော့ဘဲ ‌ရေသန့် ဗူးများကိုသာ ဝယ်ယူ‌သောက်သုံး‌နေရသည့်အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေသည်ဟု သိရသည်။

ထို့အပြင် ‌ရေအရင်းအမြစ်များ ထိုသို့‌ပြောင်းလဲလာခြင်းမှာ အဆိုပါ‌နေရာ‌ဒေသအနီးတဝိုက် ‌ကျောက်မီး ‌သွေး ဖြင့်လည်ပတ်‌နေသည့် ဘိလပ်‌မြေစက်ရုံများမှ စုပုံထားသည့် ‌ကျောက်မီး ‌သွေးပုံများ‌ကြောင့်ဖြစ်နိုင် ‌ကြောင်း လည်း ‌ဒေသခံများက သုံးသပ်‌ပြောဆို‌နေကြသည်။

နတ်ကုန်း‌ကျေးရွာအပါအဝင် အနီးအနားရွာအချို့‌တွေ့ကြုံ‌နေရသည့် အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ယ‌နေ့ ‌အောက်တိုဘာ ၁၁ ရက်‌နေ့၊ ‌နေ့လည်အချိန်ခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ဦး‌ဆောင်ပြီး ကွင်းဆင်း စစ်‌ဆေးမှုများပြုလုပ်ခဲ့‌ကြောင်းလည်း သိရသည်။

လတ်တ‌လောအ‌ခြေအ‌နေများအရ ဖားအံမြို့နယ်အတွင်းရှိ နတ်ကုန်း‌ကျေးရွာအပါအဝင် ဘားကပ်၊ ‌ကော့ရင်း၊ ရ‌သေ့ပျံ၊ ပန်းကုန်းစသည့်‌ကျေးရွာအုပ်စုများမှ ‌ကျေးရွာ‌ပေါင်း ၃ဝ ခန့်မှာ အလားတူဖြစ်စဉ်မျိုးဖြင့်ကြုံ‌တွေ့ရနိုင် ‌ကြောင်းလည်း နတ်ကုန်း‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။