Home သတင်း နှစ်ဖက်အုပ်ချုပ်မှုကိစ္စရပ်အ‌ပေါ် ပြည်နယ် နယ်လုံဝန်ကြီးနှင့် KNU တို့ အပြန်အလှန် ကန့်ကွက်မှုပြုလုပ်ခဲ့

နှစ်ဖက်အုပ်ချုပ်မှုကိစ္စရပ်အ‌ပေါ် ပြည်နယ် နယ်လုံဝန်ကြီးနှင့် KNU တို့ အပြန်အလှန် ကန့်ကွက်မှုပြုလုပ်ခဲ့

3226

စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်(မူတ‌ရော်)ခရိုင်အတွင်းရှိ နှစ်ဖက်အုပ်ချုပ်‌ရေးကိစ္စရပ်နှင့်ပတ်သက်၍ ကရင် ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) တို့ ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ( JMC-S)ထံသို့ အပြန်အလှန် ကန့်ကွက်စာ‌ပေးပို့ခဲ့ကြသည်။

ဖာပွန်ခရိုင်၊ မ‌ထော‌ကျေးရွာအုပ်စု၊ တခွီးဒို ‌ကျေးရွာအတွင်း KNU ဖာပွန်ခရိုင် တာဝန်ရှိသူများက ‌ကျေးရွာ ရပ်မိရပ်ဖ၊ ‌ကျောင်းဆရာ၊ ဆရာမများအား‌ခေါ်ယူအစည်းအ‌ဝေးပြုလုပ်၍ ‌ကျေးရွာစာသင် ‌ကျောင်းများတွင် နိုင်ငံ‌တော်အလံလွှင့်ထူ မထားရန်၊ ‌ကျေးရွာအဝင်ဆိုင်းဘုတ်များကို ကရင်ဘာသာ ဖြင့်‌ရေးသားရန်နှင့် ‌ကျောင်းသူ၊ ‌ကျောင်းသား စာရင်း ‌တောင်းယူသွားခြင်းအ‌ပေါ် နယ်လုံဝန်ကြီးက စက်တင်ဘာလ ၁ဝရက်‌နေ့တွင် JMC သို့ ကန့်ကွက်အ‌ကြောင်းကြားခဲ့သည်။

“KNUအဖွဲ့အ‌နေဖြင့် နယ်ဘက်အုပ်ချုပ်မှု ကိစ္စရပ်များတွင် ဝင်‌ရောက် စွက်ဖက်ခြင်းများ မပြုလုပ်ရန်၊ NCAသ‌ဘောတူစာချုပ်ပါအတိုင်း လိုက်နာ ‌ဆောင်ရွက်‌စေ‌ရေး မိမိလက်‌အောက်ရှိ တပ်ဖွဲ့ဝင်များအား ထိန်းသိမ်းကြပ်မတ်‌ပေးရန်နှင့် ၎င်း‌ဆောင်ရွက်မှုများအ‌ပေါ် ပြည်နယ်အစိုးရမှ ကန့်ကွက် ‌ကြောင်း” ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်း‌နောင်က လက်မှတ်‌ရေးထိုး၍ အ‌ကြောင်းကြားကန့် ကွက်ခဲ့ခြင်းဖြစ်သည်။

၎င်းကန့်ကွက်မှုကိစ္စရပ်နှင့်ပတ်သက်ပြီး KNU၊ တပ်မဟာ (၅)ဌာနချုပ်မှ ပြန်လည်ရှင်းလင်းချက်နှင့်အ တူ လက်ရှိ နိုင်ငံ‌ရေး ‌ဆွေး‌နွေး‌ရေးကို ပျက်စီး‌စေရန်နှင့် KNU တပ်မဟာ (၅)အ‌ပေါ် အများပြည် သူနှင့် အခြား‌သော အဖွဲ့အစည်းများမှ အထင်အမြင်လွဲမှား‌စေရန် သတင်းအမှား ဖန်တီးအပြစ်ရှာ ပြုလုပ်ခြင်း သာဖြစ်သည်ဟု ပြန်လည် ကန့်ကွက်မှုကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်‌နေ့က ပြုလုပ်ခဲ့သည်။

KNU၏ ရှင်းလင်းချက်တွင် “မူတ‌ရော်(ဖာပွန်)ခရိုင်၊ မ‌ထော‌ကျေးရွာအုပ်စု အတွင်းရှိ မ‌ထော‌ကျေးရွာ၊ ကူးဆိပ်‌ကျေးရွာနှင့် အခြား‌ကျေးရွာအချို့တို့သည် KNU နှင့် အစိုးရ ‌ပေါင်းစပ်အုပ်ချုပ်သည့် ‌ကျေးရွာ များ ဖြစ်ပြီး KNU ပညာ‌ရေးဌာန တာဝန်ရှိသူများမှ တဒွီးခို ‌ကျေးရွာတွင် ‌ပေါင်းစပ်‌ကျေးရွာရှိ စာသင် ‌ကျောင်းများမှ ‌ကျောင်းဆရာ၊ ဆရာမများနှင့် ရပ်မိရပ်ဖများကို ဖိတ်‌ခေါ်ရှင်းပြရာတွင် ‌ပေါင်းစပ် ‌ကျောင်းများဖြစ်၍ အရာအားလုံးအ‌ပေါ်မျှတသည့် သ‌ဘောထားများထားရှိရန်သာ ရှင်းပြခဲ့ ‌ကြောင်း” KNUက ဆိုသည်။

ထိုသို့မျှတသည့် သ‌ဘောထားများဆိုရာတွင် စာသင်‌ကျောင်းများ၌ မြန်မာ နိုင်ငံ‌တော်အလံနှင့် ကရင်အမျိုးသားအလံ‌တော်ကို ပူးတွဲလွှင့်ထူရန်၊ ‌ကျောင်းဆိုင်းဘုတ်၊ ရွာဝင်ရွာထွက်နှင့် လမ်းခွဲ ဆိုင်းဘုတ်များကို မြန်မာဘာသာနှင့် ကရင်ဘာသာနှစ်မျိုးတွဲ‌ရေးသား‌ဖော်ပြထားရန်နှင့် မူလတန်း အဆင့် ‌ကျောင်းသူ၊‌ကျောင်းသားများကို KNU၏ ပညာ‌ရေးဌာန -KED မှ ပြဌာန်းထားသည့် ကရင်စာ များကို သင်ကြား‌ပေးရန်လိုအပ်‌ကြောင်းကို ‌ခေါ်ယူ‌တွေ့ဆုံခြင်းသာဖြစ်ပြီး အစိုးရ၏ အုပ်ချုပ်‌ရေးအား ဝင်‌ရောက်စွက်ဖက်ခြင်းမျိုးမဟုတ်သလို NCAစာချုပ်ပါ မည်သည့်အခန်းကိုမျှ ချိုး‌ဖောက်ခြင်းမရှိ‌ကြောင်းပြန်လည်ရှင်းလင်းထားသည်။

ထို့အပြင် နယ်လုံဝန်ကြီးကန့်ကွက်စာအရ အစည်းအ‌ဝေးကို KNU တပ်မဟာ(၅) ဖာပွန်ခရိုင်မှ ဥက္ကဌ အဆင့်ရှိ ‌ကျော်တိုဖ၊ ခရိုင်အတွင်း‌ရေးမှူး(၂) အဆင့်ရှိ ‌စောကြာမြိုင်၊ မြို့နယ်အတွင်း‌ရေးမှူး(၂)ရှိ ‌စော‌အေးထူးတို့ ပါဝင်‌ကြောင်း ‌ရေးသား‌ဖော်ပြထားပြီး ၎င်း‌ဖော်ပြပါတာဝန်ရှိသူများ၏ အမည်နှင့် ရာထူးအဆင့်များမှ မှားယွင်း‌နေပြီး ၎င်းအစည်းအ‌ဝေးပွဲသို့သွား‌ရောက်သည့် KNU ပညာ‌ရေး တာဝန် ရှိသူများသည် စာထဲတွင် ပါရှိသည့် အမည်များမဟုတ်‌ကြောင်း KNU တပ်မဟာ(၅) ဘက်က ပြန်လည်‌ထောက်ပြ‌ပြောဆိုခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ရက်‌နေ့တွင်လည်း KNU တပ်မဟာ(၇)၊ တပ်ရင်း (၁၀၁)မှ KNU တပ်ဖွဲ့ဝင်များမှ ‌ငွေ‌ကြေးကိစ္စနှင့် ပတ်သတ်၍ ‌မောင်‌မောင်ဆိုသူ အရပ်သားတစ်ဦးကို ဖမ်းဆီး ‌ခေါ် ‌ဆောင်သွားသည့် ဖြစ်ရပ်အ‌ပေါ် NCA ပါသ‌ဘောတူစာချုပ်အ‌ပေါ် ‌ဖောက်ဖျက်‌ကြောင်း နယ်လုံ ဝန်ကြီး ရုံးမှ JMC ကို အ‌ကြောင်း ကြားကန့်ကွက်ခဲ့‌သေးသည်။ ၎င်းကန့်ကွက်စာနှင့်ပတ်သက်၍လည်း KNU၊ ဖာအံဆက်ဆံ‌ရေးရုံးမှ ဩဂုတ်လ ၂၇ရက်‌နေ့က KNU ဗဟိုသို့ တင်ပြအ‌ကြောင်းကြားခဲ့‌ကြောင်း သိရ သည်။