Home သတင်း ‌ကျောက်ဘီလူး‌ကျေးရွာအုပ်စုတွင် ‌ရေကြီးမှု‌ကြောင့် စပါးကျီအားလုံးနီးပါး ပျက်စီး

‌ကျောက်ဘီလူး‌ကျေးရွာအုပ်စုတွင် ‌ရေကြီးမှု‌ကြောင့် စပါးကျီအားလုံးနီးပါး ပျက်စီး

2920

ဩဂုတ် ၁၆ရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ ၈ရက်‌နေ့က ခုံခံရွာ‌တောင်‌ခြေအနီးရှိ ဝင်း‌ရော်မြစ်ဖျားမှ ‌ရေစီးဆင်း လာမှု‌ကြောင့် ကြိုးတံတားနှစ်စင်း ‌ရေထဲ‌မျောပါသွားပြီး ‌ကျောက်ဘီလူး‌ကျေးရွာအုပ်စုအတွင်းရှိ ရွာများမှ စပါးကျီအားလုံးနီးပါး ပျက်စီးသွားသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

အဆိုပါ ‌ရေကြီးမှု‌ကြောင့် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမကြီးရှိ ခုံခံတံတားနှင့် ‌တောင်စွန်း-‌ကျောက်ဘီလူးရွာ ဆက်သွယ် ထား‌သော ကြိုးတံတားများ ‌ရေစီးထဲ‌မျောပါသွားသည့်အပြင် ‌ရေကြီးမှု‌ကြောင့် ‌ကျေးရွာရှိ ကျွဲ၊ နွားများနှင့် လူအ‌သေအ‌ပျောက်မှု များရှိ‌ကြောင်းလည်း ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန ‌ကျောက်ဘီလူး‌ကျေးရွာအုပ်စု တာဝန်ရှိသူ ‌စောစိုးဝင်းက ဩဂုတ်လ ၁၆ရက်‌နေ့တွင် ယခုလို ရှင်းပြသည်။

“‌ရေက ည ၁၁ နာရီခွဲ လူ‌တွေအိပ်‌မောကျတဲ့အချိန်မှာ ‌ရေစီးထိုးကျလာတာ။ နိုးလာ‌တော့ တစ်ရွာလုံး ‌ရေပြည့်သွားပြီ။ လယ်မှာ ထားခဲ့တဲ့ ကျွဲ၊ နွား‌တွေ ‌ရေထဲ‌သေဆုံး‌မျောပါသွားတယ်။ အိမ်တိုင်းမှာတစ်နှစ်စာ စပါးကျီ‌တွေထဲမှာ အနည်းဆုံး တင်း ၄ဝ၊ တချို့ အိမ်ဆို တင်း ၂ဝဝ‌ကျော်‌လောက်ရှိ‌သေးတယ်။ တစ်ည‌လောက် ‌ရေမြုပ်ခံရတယ်။ ‌နေပူပြန်လှန်းဖို့လည်း ‌နေမပူဘူး‌လေ။ စပါး ‌တွေပုပ်သွားပြီး အပင်‌တွေတက်(အ‌ညှောင့်‌ပေါက်)တယ်။ စားလို့ မရ‌တော့ဘူး။ ကျန်‌နေတဲ့စပါးနဲ့ တစ်ရွာလုံး ခွဲ‌ဝေပြီး စားသုံး‌နေ ရတယ်။”ဟု ‌ကျေးရွာတာဝန်ရှိသူ ‌စောစိုးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်ကျ‌ရေစီးဆင်းမှုနှင့် ဝင်း‌ရော်‌ချောင်း ‌ရေလျှံတက်လာမှု‌ကြောင့် ‌ကျောက်ဘီလူး‌ကျေးရွာအုပ်စုရှိ ရွာ‌ပေါင်း ၁၅ရွာမှ လူ‌နေ အိမ်များ ‌ရေဝင်‌ရောက်လာသဖြင့် ပျဉ်‌ထောင်အိမ် ၅လုံး၊ စပါးကျီအလုံး ၃၅ဝ‌ကျော်၊ လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွား‌ကောင်‌ရေ ၃ဝ၊ ‌မွေးမြူ‌ရေး ဆိတ်အ‌ကောင် ၇ဝ၊ ဝက်အ‌ကောင် ၂ဝနှင့် ရွာသားတစ်ဦး ‌သေဆုံးသွား‌ကြောင်းလည်း ‌စောစိုးဝင်းက ဖြည့်စွက် ‌ပြောဆိုသည်။

ထိုအ‌ခြေအ‌နေများ‌ကြောင့် ‌ကျောက်ဘီလူး‌ကျေးရွာအုပ်စုရှိ ကြက်ခြံ၊ ထီ‌မော်ကဲ၊ မဲက‌နောင်၊ မဲ့ကဝါ၊ ကို‌ရောင်၊ မုအဲ‌ထော့၊ ကွီည ထီးနှင့် အခြားရွာများမှာ ‌ချောင်းကူးတံတား ‌ရေထဲ‌မျောသွားသည့်အတွက် လတ်တ‌လောတွင် ယာယီဝါး‌ဖောင်ဖြင့်သာ သွားလာ ‌နေကြရသလို စားဝတ်‌နေ‌ရေးအခက်အခဲလည်းရှိသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ ၈ရက်‌နေ့မှစပြီး ဇမိမြစ်နှင့် ဝင်း‌ရော်‌ချောင်း ‌ရေလျှံတက်လာပြီး ‌ကျေးရွာအများစု ‌ရေလွှမ်းမှုဒဏ်ခံခဲ့ရပြီး ယမန်‌နေ့(ဩဂုတ် ၁၅ရက်)တွင် ‌ရေ‌လျော့ကျသွား‌သော်လည်း ‌ကျေးရွာအချို့မှ ‌ချောင်းကူးတံတားနှင့် ရွာချင်းဆက်လမ်း ‌ရေ‌ကျော်‌နေ‌သေးသည့်အတွက် သွားလာ‌ရေးခက်ခဲမှုရှိ‌နေ‌သေး‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။