Home သတင်း NCA အ‌ကောင်အထည်‌ဖော်မှု ပိုမိုထိ‌ရောက်ရန် ပူး‌ပေါင်းပါဝင်‌ရေး ကရင်အရပ်ဖက်အဖွဲ့များအား JMC_U အတွင်း‌ရေးမှူး တိုက်တွန်း

NCA အ‌ကောင်အထည်‌ဖော်မှု ပိုမိုထိ‌ရောက်ရန် ပူး‌ပေါင်းပါဝင်‌ရေး ကရင်အရပ်ဖက်အဖွဲ့များအား JMC_U အတွင်း‌ရေးမှူး တိုက်တွန်း

2155

ဇူလိုင် ၁၃ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCA အ‌ကောင်အထည် ‌ဖော်မှုဆိုင်ရာလုပ်ငန်းစဉ် များမှ ‌စောင့်ကြည့်‌ရေးယန္တရားများကို ခိုင်မာထိ‌ရောက်စွာလုပ်‌ဆောင်နိုင်‌ရေး အရပ်ဖက်အဖွဲ့အစည်းများ၏ အ ခန်းကဏ္ဍလိုအပ်‌နေသည့်အတွက် ပူး‌ပေါင်းပါဝင်ကြရန် ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ဆိုင် ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC-U) အတွင်း‌ရေးမှူး-၁ ဖြစ်သူ ‌ဒေါက်တာ‌ရွှေခါးရ်က တိုက်တွန်း‌ပြောဆို လိုက်သည်။

ဇူလိုင်လ ၁၂ ရက်မှ ၁၃ ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ သံလွင်ဟိုပါရာဒိုက်(စ်)ဟိုတယ်တွင် ပြုလုပ်သည့် JMC ဆိုင်ရာ အ‌ကြောင်းအရာများ မိတ်ဆက်ခြင်းအခမ်းအနားသို့ ဖိတ်ကြားမှုဖြင့် တက်‌ရောက်လာသည့် ကရင်ပြည် နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများအား ထိုသို့တိုက်တွန်း ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

JMC-U အတွင်း‌ရေးမှူး ၁ ‌ဒေါက်တာ ‌ရွှေခါးရ်က “NCA တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် စည်းကမ်း‌တွေထဲက Civilian Protection ‌တွေကို တကယ်အ‌ကောင်အထည်‌ဖော်နိုင်ဖို့ CBO၊ CSO ‌တွေက ဝိုင်းပံ့ပိုး‌ပေးရမှာ‌ပေါ့။ အရပ်သားနဲ့ပတ်သက်လို့ နှစ်ဖက် လိုက်နာရမယ့် အချက် ၁၇ ချက်ရှိတယ်။ အဲဒါ‌တွေကို ပြည်သူ‌တွေ ဆီ ‌ရောက်‌အောင် လုပ်‌ပေးဖို့က အ‌ရေးကြီးတယ်။ အဲဒီအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေရဲ့ပါဝင်မှုက အရမ်းအ‌ရေးကြီးတဲ့အတွက် ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ပါဝင်ရာတွင် အရပ်ဖက်အဖွဲ့အစည်းများအ‌နေဖြင့် ‌ဒေသခံအရပ်သား‌စောင့်ကြည့်သူများ -LCM တွင်ပါ ဝင်နိုင်သလို၊ စွမ်းရည်မြှင့်တင်‌ပေးမှုလုပ်ငန်းများ၊ အရပ်သားပြည်သူနှင့်ပတ်သက်ပြီး နှစ်ဖက်‌စောင့်ထိန်း ရမည့် စည်းကမ်းကျင့်ဝတ်များအား ပြည်သူလူထုသိရှိ‌အောင် ပါဝင်ပံ့ပိုးကူညီနိုင်သည့်လုပ်ငန်းများ လုပ်‌ဆောင်နိုင် ‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

နှစ်ရက်တာပြုလုပ်သည့် အစီအစဉ်တွင် NCA အကျဉ်းချုပ်၊ JMC ဖြစ်‌ပေါ်လာပုံနှင့် လုပ်ငန်းလမ်းညွှန်အကျဉ်း ချုပ်၊ JMC လုပ်ငန်းစဉ်များတွင် CBO/ CSO များ၏ ပူး‌ပေါင်းပါဝင်နိုင်မှုသ‌ဘောထား အမြင်များ၊ ‌ဒေသခံအရပ် သား‌စောင့်ကြည့်သူများ လုပ်ငန်းလမ်းညွှန် (LCM-TOR)အ‌ကောင်အထည်‌ဖော်မှု၊ LCM စွမ်းရည်မြှင့်တင်မှုများ တွင် CBO/CSO များ၏ ပူး‌ပေါင်းပါဝင်နိုင်မှု အကြံပြုချက်များအ‌ကြောင်းကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

̔ သွီး̕ လူထုအ‌ခြေပြုလူမှုဖွံ့ဖြိုး‌ရေးအဖွဲ့ ဒါရိုက်တာ မန်းသိဏ်း‌ဇော်က “‌ဒေသခံ‌တွေကို NCA နဲ့ပတ်သက်လို့ ပညာ ‌ပေး၊ သင်တန်း‌ပေးတဲ့‌နေရာမှာ လုပ်ခွင့်ရှိတယ်။ ‌စောင့်ကြည့်‌ရေးကဏ္ဍမှာ‌တော့ လူမှုအဖွဲ့‌တွေအ‌နေနဲ့ အဖွဲ့လိုက် လုပ်ခွင့်မရှိဘူးလို့ ကျ‌နော်တို့ နားလည်တယ်။ ‌နောက်ပြီး‌တော့ LCM နဲ့လူမှုအဖွဲ့အစည်း‌တွေနဲ့ ပူး‌ပေါင်းလို့ရမယ့် ဒီထက်ပိုပြီး ‌သေချာတဲ့နည်းလမ်း‌တွေကို ဆက်လက်‌ဆွေး‌နွေးအ‌ဖြေရှာဖို့ ရှိ‌သေးတယ်လို့ သူတို့က‌တော့ ‌ပြော တယ်။ အဲဒီ‌တော့ အဲဒါ‌တွေဖြစ်လာဖို့ ကျ‌နော်တို့ဘက်က ‌မျှော်လင့်‌နေရတဲ့အ‌ခြေအ‌နေပဲရှိပါ‌သေးတယ်” ဟု ‌ပြောသည်။

NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာလုပ်ငန်းများလုပ်‌ဆောင်နိုင်ရန်အတွက် လက်ရှိကရင်ပြည်နယ်တွင် ပြည်နယ်အဆင့် JMC-S ၊ ‌ဒေသဆိုင်ရာ JMC -L နှင့် ‌ဒေသခံအရပ်သား‌စောင့်ကြည့်သူများ-LCM ကို ပြည်နယ် အတွင်းရှိ မြို့နယ်အချို့တို့တွင် ဖွဲ့စည်းထားပြီးလည်း ဖြစ်သည်။

ယ‌နေ့ကျင်းပပြီးစီးခဲ့သည့် JMC လုပ်ငန်းစဉ်များ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားတွင် JMC- U ဒုဥက္ကဌ ၂ ဦးကိုကိုကြီး၊ အတွင်း‌ရေးမှူး ၁ ‌ဒေါက်တာ‌ရွှေခါးရ်၊ ကရင်ပြည်နယ် JMC-S ဒုဥက္ကဌ ၁ ဗိုလ်မှူးကြီး‌စော‌ဖောဒို (KNU)၊ ဒုဥက္ကဌ ၂ ပဒို‌စော‌ရွှေ‌မောင်း(KNU)တို့ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ၃၂ ဖွဲ့မှ ကိုယ်စားလှယ် စုစု‌ပေါင်း ၇ဝ ‌ကျော် ပါဝင်တက်‌ရောက်ခဲ့ကြသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်‌တွေ့ဆုံပြီး JMC လုပ်ငန်းစဉ်များအား အလားတူ မိတ်ဆက်ရှင်းလင်းခြင်း အစီ အစဉ်ကို ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်‌နေ့က သျှမ်း(ရှမ်း)ပြည်နယ်၊ ‌တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့‌သေးဟုလည်း သိရ သည်။