Home သတင်း အ‌ထောက်အထားမဲ့ ဝင်‌ရောက်လာ‌သော ထိုင်းနိုင်ငံသား ၄ ဦး မြဝတီ ရဲတပ်ဖွဲ့ ထိန်းသိမ်း

အ‌ထောက်အထားမဲ့ ဝင်‌ရောက်လာ‌သော ထိုင်းနိုင်ငံသား ၄ ဦး မြဝတီ ရဲတပ်ဖွဲ့ ထိန်းသိမ်း

2031

ဇူလိုင် ၁၁ ရက်။ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံ မဲ‌ဆောက်မှ မြဝတီမြို့သို့ အ‌ထောက်အထားမဲ့ ဝင်‌ရောက်လာ‌သော ထိုင်းနိုင်ငံသား ၄ ဦးကို ဇူ လိုင်လ ၁၁ ရက်‌နေ့၊ နံနက် ၄ နာရီအချိန်တွင် မြဝတီမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ထိန်းသိမ်း ထားလိုက်ဟု သိရသည်။

မဲ‌ဆောက်မြို့‌နေ ထိုင်းနိုင်ငံသား မစ္စတာချက်သတီ ၃ဝ နှစ်၊ နိုင်ပဆစ် ၂၆ နှစ်၊ မစ္စတာဗီလရွတ် ၃၁ နှစ်နှင့် မစ္စတာနိုင်ချိုင်း ၄၄ နှစ်တို့ ‌လေးဦးသည် အမှတ် ၅ ရပ်ကွက်၊ ချစ်ကြည်‌ရေးလမ်းရှိ ငါးဂိမ်း‌လောင်းကစားရုံ တွင် လာ‌ရောက်ကစားပြီး‌နောက် ဗိုက်ဆာသဖြင့် ချစ်ကြည်‌ရေးလမ်းရှိ စား‌သောက်ဆိုင်ရှာ‌ဖွေစဉ် ချစ်ကြည်‌ရေးလမ်း သံတံတားအနီးအ‌ရောက်တွင် နယ်‌မြေလုံခြုံ‌ရေး‌ဆောင်ရွက်‌နေ‌သောရဲတပ်အဖွဲ့က ‌တွေ့ရှိ၍ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု မြဝတီမြို့မ ရဲစခန်းက ထုတ်ပြန်ထားသည်။

အဆိုပါ ထိုင်းနိုင်ငံသား ၄ ဦးသည် တရားဝင် ဝင်‌ရောက်လည်ပတ်ခွင့်အ‌ထောက်ထား ပါရှိခြင်းမရှိဘဲ ဇူလိုင် လ ၁ဝ ရက်‌နေ့၊ ည ၈ နာရီအချိန်ခန့်ကတည်းက မဲ‌ဆောက်မှ မြဝတီသို့ ကာစီနိုဂိမ်းကစားရန်အလို့ငှါ ကူးတို့‌လှေဖြင့် ‌သောင်းရင်းမြစ်ဖြတ်ကူးကာ ကူးသန်းလာခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် မြဝတီမြို့မရဲ စခန်းတွင် ထိန်းသိမ်းထားလျက်ရှိသည်ဟု မြဝတီမြို့မ ရဲစခန်း ရဲတပ်ဖွဲ့မြို့မ ရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် တရားဝင် ဝင်‌ရောက်လာခြင်းမဟုတ်ဘဲ ‌သောင်ရင်းမြစ်ကို ‌လှေဖြင့်ကူး၍ တရားမဝင်လမ်း‌ကြောင်းမှတဆင့် ဝင်‌ရောက်လာ‌ကြောင်း မြို့နယ် လဝကမှ စစ်‌ဆေး‌ပေါ်‌ပေါက်သဖြင့် မြဝတီမြို့မရဲစခန်းမှ (ပ) ၈၆၃/ ၂၀၁၉ လူဝင်မှုကြီးကြပ်‌ရေးအက်ဥပ‌ဒေ ၁၃ (၁)ဖြင့် အမှုဖွင့်အ‌ရေးယူထားသည်ဟု သိရသည်။