Home သတင်း မဲဆန္ဒရှင်အမည်စာရင်းထုတ်ပြန်သည့်အချိန် မဲဆန္ဒရှင် အမည်‌ရှေ့ “ဦး/‌ဒေါ်” အတိုင်း ထုတ်ပြန်သွားမည်ဟု ‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်‌ပြော

မဲဆန္ဒရှင်အမည်စာရင်းထုတ်ပြန်သည့်အချိန် မဲဆန္ဒရှင် အမည်‌ရှေ့ “ဦး/‌ဒေါ်” အတိုင်း ထုတ်ပြန်သွားမည်ဟု ‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်‌ပြော

2304

ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

မဲဆန္ဒရှင်အမည်စာရင်းထုတ်ပြန်သည့်အချိန်တွင် လိုက်လံ‌ကောက်ယူထားသည့် တိုင်းရင်းသားပြည်သူများ၏ အမည် ‌ရှေ့ “ဦး/‌ဒေါ်” အတိုင်းသာ ထည့်သွင်းထုတ်ပြန်သွားမည်ဟု ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အရာရှိက ‌ပြောဆိုလိုက်သည်။

ဖားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုုံးအစည်းအ‌ဝေးခန်းမတွင် ပြုလုပ်ခဲ့‌သော ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်နှင့် ကရင်ပြည်နယ်အတွင်းရှိ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံ‌ရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ‌ရွေး‌ကောက်ပွဲဆိုင်ရာ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ၌ ယခုလို‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ကရင်ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦး‌မောင်‌မောင်နိုင်က “ဦး‌တွေ ‌ဒေါ်‌တွေ ထည့်လိုက်ခြင်းအား ဖြင့် လူပုဂ္ဂိုလ်တစ်ဦးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းသွား‌စေမယ်လို့ ကျ‌နော်တို့ မထင်မြင်မိပါဘူး။ မဲစာရင်းမှာ ကျား၊ မ ခွဲရ လွယ်ကူ‌အောင် ဦး‌တွေ ‌ဒေါ်‌တွေအတိုင်း ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်”ဟု ဇူလိုင် ၉ ရက်‌နေ့က ‌တွေ့ ဆုံပွဲ၌ ‌ပြောဆိုသည်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကနဦးကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် ယခုနှစ် မတ်လဆန်းပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများမှတစ်ဆင့် ကရင်ပြည်နယ်တွင် အိမ်တိုင်ရာ‌ရောက် အ‌ခြေခံ မဲဆန္ဒရှင်စာရင်းများ ‌ကောက်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ မဲစာရင်းနှင့်ပတ်သက်၍ ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦးသိန်းဦးက “လဝကနဲ့ ‌ထွေအုပ်ရယ်က လူဦး‌ရေစာရင်း‌ကောက်တယ်။ အဲဒါပြီးမှ ကျ‌နော်တို့ဆီ မဲစာရင်း တက် လာမယ်။ ဒီဩဂုတ်လ အပြီး‌ကောက်မယ်။ မဲစာရင်း‌တွေကို ကွန်ပြူတာထဲသွင်းတာက စက်တင်ဘာလ အပြီး ခင်ဗျ။ အဲလိုအချိန်ဇယား‌တော့ လုပ်ထားတယ်။ မဲစာရင်းထုတ်ပြန်တဲ့ အချိန်‌တော့ မသိ‌သေးပါဘူး ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲဆန္ဒရှင်အမည်စာရင်းထုတ်ပြန်သည့်အချိန်တွင် ယခုကဲ့သို့ တိုင်းရင်းသားအမည်များ‌ရှေ့မှ “ဦး/‌ဒေါ်” ထည့်သွင်း မည့်အ‌ကြောင်းနှင့်ပတ်သက်၍ ပြည်နယ်အ‌ခြေစိုက် လူမှုအဖွဲ့အစည်းအချို့မှ ‌ဝေဖန်‌ပြောဆိုမှုများ ထွက်‌ပေါ်ခဲ့ သလို ကရင်နိုင်ငံ‌ရေးပါတီဥက္ကဌများ၏ မှတ်ချက်‌ပေး‌ပြောဆိုမှုများလည်း ရှိ‌နေပါသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက “(ဦး၊ ‌ဒေါ်၊ မ)ဘာညာထည့်တာ ငါ လုံး ဝ မကြိုက်ဘူး။ (ဦး)နဲ့ (မန်း)နဲ့က အာနိသင်ချင်း၊ အဓိပ္ပါယ်ချင်း၊ တန်ခိုးချင်းအတူတူပဲ။ ‌ရှေ့မှာ ဘာမှထည့်စရာ မလိုဘူး။ အဲဒီလိုထည့်ခြင်းအားဖြင့် ဗမာ‌တွေက တို့တိုင်းရင်းသား‌တွေကို ဝါးမြိုတယ်လို့ပဲ ငါတို့က ခံယူတယ်။ ခံစားရတယ်။” ဟု ယ‌နေ့(ဇူလိုင် ၁၂ ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီပါတီ-PSDP ဥက္ကဌ ‌စောခင်‌မောင်မြင့်က“(ဦး) တပ်လိုက်တာက ‌ယော ကျ်ား၊ မိန်းမ ပိုသိသာသွားတာ‌ပေါ့‌လေ။ ဒါ‌ပေမယ့် အဲဒါက သူတို့ဗမာ အယူအဆကိုး။ ကရင်မှာက (‌စော၊ စ၊ မန်း) ဆို ‌ယောက်ျား‌လေး၊ (နန်း၊ ‌နော်)ဆို မိန်းက‌လေး။ မဲစာရင်းမှာ (ဦး၊ ‌ဒေါ်ထည့်တာ) သိပ်‌တော့ ပြဿနာ မရှိပါဘူး။ အ‌ရေးကြီးတာက မှတ်ပုံတင်လုပ်တဲ့ခါ ဦး‌တွေဘာ‌တွေ ထည့်စရာမလိုဘူး” ဟု မှတ်ချက်ပြု‌ပြော ဆိုသည်။

မတ်လဆန်းပိုင်းတွင် စတင်‌ကောက်ခံခဲ့သည့် အဆိုပါ မဲဆန္ဒရှင်အမည်စာရင်းတွင် ကရင်လူမျိုးဖြစ်ပါက နာမည် ၏‌ရှေ့၌ “‌စော-မန်း/နန်း – ‌နော်”အပြင် “ဦး/‌ဒေါ်” အမည် သ‌ကေင်္တတစ်ခုပါ ဖြည့်စွက် ထည့်သွင်း ‌ကောက်ယူမှု များရှိခဲ့ခြင်းလည်း ဖြစ်သည်။

လိုက်လံ‌ကောက်ယူခဲ့သည့် အ‌ခြေခံမဲဆန္ဒရှင်စာရင်း စာရွက်တွင် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူအမည်၊ ကျား/မ၊ ‌မွေး သက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ ‌တော်စပ်ပုံ၊ မဲရုံ၊ ‌နေရပ်လိပ်စာ၊ အိမ်‌ထောင်စု အမှတ်၊ ကျန်းမာ‌ရေး အ‌ခြေအ‌နေ/မသန်စွမ်းအမျိုးအစား၊ မှတ်ချက် စသည့်အချက်အလက်များ ပါဝင်သည်။

‌ဝေဖန်မှုများဖြစ်‌ပေါ်‌နေသည့် အ‌ခြေခံမဲဆန္ဒရှင် စာရင်း‌ကောက်ယူမှုများနှင့်ပတ်သက်ပြီး အမည်‌ရှေ့တွင် ဦး/‌ဒေါ် ထည့်ရခြင်းမှာ ကျား/ မခွဲခြားနိုင်ရန်အတွက် နည်းပညာပိုင်းအရ ပြင်ဆင်‌ပြောင်းလဲမရသည့် Software ‌ကြောင့် ထိုသို့ထည့်သွင်းရခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ‌ပြောဆို သည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ အ‌ခြေခံ မဲဆန္ဒရှင် စာရင်း ‌ကောက်ယူမှုများကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစတင်ကာ တစ်နှစ်ကြိုတင် ‌ကောက်ယူခဲ့ကြခြင်းဖြစ် သည်။