Home သတင်း ဖာပွန်ရှိ က‌လေးငယ် ၃ဝ,ဝဝဝ ‌ကျော်အတွက် ပိုလီယို‌ရောဂါ ကာကွယ်‌ဆေးတိုက်‌ကျွေးမှု BPHWT စတင်

ဖာပွန်ရှိ က‌လေးငယ် ၃ဝ,ဝဝဝ ‌ကျော်အတွက် ပိုလီယို‌ရောဂါ ကာကွယ်‌ဆေးတိုက်‌ကျွေးမှု BPHWT စတင်

2533

ဇူလိုင်လ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖာပွန်(မူတ‌ရော်ခရိုင်)တွင်ရှိသည့် က‌လေး ၃ဝ, ဝဝဝ (သုံး‌သောင်း)‌ကျော်အတွက် အသွင် ‌ပြောင်း ပိုလီယို ‌ရောဂါကာကွယ်‌ဆေးများကို နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့-BPHWTမှ ယမန်‌နေ့ (ဇူလိုင် ၁၈ ရက်)မှ စတင်ကာ ကာကွယ်‌ဆေးများ တိုက်‌ကျွေး‌နေပြီဖြစ်‌ကြောင်း သိရသည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေး လုပ်သားအဖွဲ့-BPHWTက သက်ဆိုင်ရာ ကျန်းမာ‌ရေးအဖွဲ့အစည်းများဖြင့် ပူး‌ပေါင်းကာ အသွင်‌ပြောင်းပိုလီယိုအ‌ကြော‌သေ‌ရောဂါ ကာကွယ်တိုက်ဖျက်‌ရေး လုပ်ငန်းများ လုပ်‌ဆောင်သွား မည်ဟု ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်‌နေ့က သတင်းထုတ်ပြန်‌ကြေညာပြီး‌နောက် ယခုလို လုပ်ငန်းအ‌ကောင် အထည်‌ဖော် ‌ဆောင်ရွက်‌နေခြင်းလည်းဖြစ်သည်။

BPHWT တာဝန်ခံ ‌စောဝင်း‌ကျော်က “လတ်တ‌လော လျာထားချက်က က‌လေး‌ပေါင်း သုံး‌သောင်း‌ကျော်ကို ကာကွယ်‌ဆေးလိုက်လံတိုက်‌ကျွေး‌နေတာ‌ပေါ့။ တိုက်‌ကျွေး‌နေစဉ် တစ်ဆက်တည်းမှာပဲ အဲဒီရွာ‌တွေထဲမှာ ပိုလီယိုနဲ့ဆက်စပ်တဲ့ ‌ရောဂါဖြစ်ပွားတဲ့ က‌လေးရှိမရှိ ရှာ‌ဖွေ‌ဖော်ထုတ်သွားမယ်။ ‌တွေ့လို့ရှိရင် လိုအပ်တဲ့ ကုသမှု‌တွေ လုပ်‌ပေးသွားမယ်”ဟု ယ‌နေ့(ဇူလိုင် ၁၉ ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ ဖာပွန်နယ်တွင် အသွင်‌ပြောင်းပိုလီယိုအ‌ကြော‌သေ‌ရောဂါနဲ့ ဆင်တူစွာ ဖြစ်ပွား‌နေသည့် က‌လေးငယ် ၇ ဦးကို ကနဦး‌တွေ့ရှိထားပြီး စမ်းသပ်စစ်‌ဆေးမှုမျုားပြုလုပ်လျက်ရှိကာ မည်သည့် ‌ရောဂါ အမျိုးအစားဖြစ်သည်ကို အတည်မပြုရ‌သေး‌ကြောင်းလည်း ‌စောဝင်း‌ကျော်က ဆက်‌ပြောသည်။

BPHWT ၏ အဆိုအရ ဇူလိုင်လ ၁၈ ရက်‌နေ့မှ စက်တင်ဘာလကုန်အထိ လုပ်‌ဆောင်မည့် ပိုလီယို‌ရောဂါ ကာ ကွယ်‌ဆေးတိုက်‌ကျွေးမှုကို ဖာပွန် (မူ‌တြော်) ခရိုင်အတွင်းရှိ ကမ‌မောင်း-ဖာပွန်ကား လမ်းတ‌လျှောက် ယွန်းစ လင်းမြစ်တ‌လျှောက် အ‌ရှေ့၊ အ‌နောက် နှစ်ဖက်ရှိ ရွာများ၊ နတ်ကြီး-ဘီးလင်း‌ချောင်းတ‌လျှောက်ရှိ ‌ကျေးရွာများ မှ အသက် ၁၅နှစ်‌အောက် အရွယ်များအား ‌ဒေသခံကျန်းမာ‌ရေးလုပ်သား‌ပေါင်း ၇ဝ ဦး‌ကျော်မှ ဦး‌ဆောင်ကာ တိုက်‌ကျွေးသွားမည်လည်း ဖြစ်သည်။

ထိုသို့လုပ်‌ဆောင်ရာတွင် ကရင်ပြည်နယ်၊ ကျန်းမာ‌ရေးဦးစီးဌာနမှလည်း လိုအပ်သည့် ကာကွယ်‌ဆေးဝါး များအား ‌ထောက်ပံ့‌ပေး‌နေသလို နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ (BPHWT) အပြင် ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW) တို့ ပူး‌ပေါင်း၍ ပိုလီယိုကာကွယ်‌ဆေးတိုက် ‌ကျွေးမှုများပြုလုပ်လျက်ရှိသည်ဟုလည်း သိရသည်။

ကျန်းမာ‌ရေးဦးစီးဌာနအ‌နေဖြင့်လည်း ၎င်းအသွင်‌ပြောင်းပိုလီယို‌ရောဂါပိုး တိုက်ဖျက်‌ရေးလုပ်ငန်းများကို ကရင် ပြည်နယ်မှ (၇)မြို့ နယ် အပါအဝင် ‌ရောဂါကူးစက်ပျံ့နှံ့နိုင်‌ခြေများ‌သော ‌နေရာ‌ဒေသ၊ လူအုပ်စုများရှိသည့် မွန်ပြည်နယ်မှ (၃)မြို့နယ်၊ ပဲခူးတိုင်းမှ (၂)မြို့နယ်၊ စုစု‌ပေါင်း (၁၂) မြို့နယ်တို့တွင် အသွင်‌ပြောင်းပိုလီယို ပိုးကူးစက်မှုကို ဖြတ်‌တောက်ရန် ရည်ရွယ်၍ ပိုလီယိုကာကွယ်‌ဆေး အပို‌ဆောင်း တိုက်‌ကျွေးခြင်းလုပ်ငန်းကို ပြုလုပ်သွားမည်ဟုလည်း ကျန်းမာ‌ရေးဦးစီးဌာနမှ ‌ကေအိုင်စီသို့‌ပြောဆိုထားသည်။

အသွင်‌ပြောင်း ပိုလီယိုကာကွယ်‌ဆေးတိုက်‌ကျွေးခြင်းလုပ်ငန်းများကို ယခု ဇူလိုင်လ (၇)ရက်မှ လာမည့် ဩဂုတ်လ ၆ရက်‌နေ့ အထိ (၃)ကြိမ် တိုက်‌ကျွေးမှု ပြုလုပ်သွားမည်ဖြစ်ပြီး ‌ဝေးလံ‌ခေါင်ဖျား‌ဒေသများရှိ က‌လေး သူငယ်များအတွက် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွား မည်ဖြစ်‌ကြောင်း လည်း အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပိုလီယိုကင်းစင်‌ကြောင်း ‌ကြေညာပြီးသည့်‌နောက်ပိုင်း ယခုတဖန် ဖာ ပွန်မြို့နယ်တွင် ‌နေထိုင်သူက‌လေး ၃ ဦးတွင် အသွင်‌ပြောင်းပိုလီယိုပိုးကူးစက်မှု‌တွေ့ရှိခဲ့ရ‌ကြောင်း ကရင်ပြည် နယ် ကျန်းမာ‌ရေးဦးစီးဌာနထံမှ သိရသည်။