Home သတင်း မယ်‌တော်‌ဆေးခန်း၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်‌နေ့အထိမ်းအမှတ် စည်ကားစွာ ကျင်းပမည်

မယ်‌တော်‌ဆေးခန်း၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်‌နေ့အထိမ်းအမှတ် စည်ကားစွာ ကျင်းပမည်

2731

ဇွန်လ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ဒုက္ခသည်များနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် အခမဲ့ ကျန်းမာ ‌ရေး‌စောင့်‌ရှောက်မှု‌ပေး‌နေသည့် ထိုင်းနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည် ‌နေ့ အထိမ်းအမှတ်ပွဲကို လာမည့် ဇွန်လ ၂၂ရက်‌နေ့တွင် ‌ဆေးခန်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွား မည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိ ‌ဒေါက်တာ စင်သီယာ‌မောင် ဦး‌ဆောင်သည့် အဆိုပါ မယ်‌တော်‌ဆေးခန်းကို ၁၉၈၉ ခုနှစ်မှစ၍ စတင် တည်‌ထောင်ဖွဲ့စည်းခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်သို့ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ရောက်ရှိလာသည့် မြန်မာ ဒုက္ခ သည်များနှင့် ‌ရွှေ့‌ပြောင်းပြည်သူများကို ကျန်းမာ‌ရေးဆိုင်ရာ ‌စောင့်‌ရှောက်မှု‌ပေးရန် တည်‌ထောင်ခဲ့ရာမှ ယခုနှစ် ဇွန်လ(၂၂)ရက်‌နေ့တွင် နှစ် (၃၀)ပြည့်‌မြောက်သွားပြီးဖြစ်သည်။

ထို့အပြင် ယခုပြုလုပ်မည့် မယ်‌တော်‌ဆေးခန်း၏ နှစ်(၃၀)ပြည့် အထိမ်းအမှတ်‌နေ့အဖြစ် မယ်‌တော်‌ဆေးခန်း၏ ဝန်ထမ်း (၃၀)ဦးကို သတ်မှတ်ထားသည့် စံနှုန်း (၁၄) ချက်နှင့်အညီ မဲ‌ပေးပြီး‌ရွေးချယ်၍ ဝန်ထမ်းထူးချွန်ဆုကို ‌ပေးအပ်သွားမည်ဖြစ်သလို အမျိုးသမီး၊ အမျိုးသားအားကစားပြိုင်ပွဲများကိုလည်း ပြီးခဲ့သည့်‌မေလမှစ၍ စတင် ကျင်းပခဲ့သည်။

၎င်းအထိမ်းအမှတ်‌နေ့အတွက် ‌ဆေးခန်းရန်ပုံ‌ငွေရှာ‌ဖွေသည့်အ‌နေဖြင့် ‌ဈေး‌ရောင်းပွဲ‌တော်ကို ဇွန်လ ၂ဝရက်‌နေ့ တွင် က‌လေးများဖွံ့ဖြိုး‌ရေးစင်တာ(CDC)အထက်တန်း‌ကျောင်း၌ ပြုလုပ်ကာ အမှတ်တရ ပစ္စည်းများကိုလည်း ‌ရောင်းချသွား‌ပေးသွားမည်ဖြစ်သည်။

အလားတူ နှစ်(၃၀)ပြည့် အထိမ်းအမှတ်‌နေ့အဖြစ် မယ်နှင့်‌မောင် ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ် သည့်အတွက် ပါဝင်ယှဉ်ပြိုင်လိုသည့် လူငယ်‌မောင်မယ်များကို ၎င်းတို့၏ မယ်‌တော်‌ဆေးခန်း Facebook လှုမှုကွန် ယက်များ‌ပေါ်တွင် တရားဝင်ဖိတ်‌ခေါ်‌ကြေညာထားသည့်အပြင် လက်ရှိပါဝင်ယှဉ်ပြိုင်မည့်သူများ၏ ရုပ်ပုံများ ကိုလည်း (Miss and Mister Mae Tao Clinic 30th Anniversary) Face Book စာမျက်နှာ၌ မဲ‌ပေး‌ရွေးချယ်သွားနိုင်‌ကြောင်း လည်း ‌ဖော်ပြထားသည်။

လာမည့် ၂ဝ ရက်‌နေ့ည ၇ နာရီမှ ၁ဝနာရီခွဲအထိ CDC အထက်တန်း‌ကျောင်းတွင် မယ်နှင့်‌မောင်၊ ‌မော်ဒယ်ရှိုး၊ ရိုးရာအကအလှများ၊ ‌ဈေး‌ရောင်းပွဲ‌တော်များကို တစ်ပါးတည်း ကျင်းပလုပ်‌ဆောင်သွားမည်ဖြစ်သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် ၈၈၈၈ လူထုအ‌ရေး‌တော်ပုံ ဖြစ်ပွားရာတွင် စစ်အစိုးရမှ အကြမ်းဖက်နှိမ်နှင်းခဲ့ရမှု‌ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူများ ‌ထောင်နှင့်ချီ၍ ထိုင်း-မြန်မာနယ်စပ်သို့ ‌ရောက်ရှိလာခဲ့သည်။ ထိုအထဲတွင် တစ်ဦးပါဝင်သည့် ‌ဒေါက်တာစင်သီယာ‌မောင် ဦး‌ဆောင်ကာ နာမကျန်းသူများကို ကုသ‌ပေးရန် ၁၉၈၉ ခုနှစ်တွင် မယ်‌တော် ‌ဆေးခန်းကို တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နယ်စပ်တစ်‌လျှောက် ဒုက္ခသည်များနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ‌ပေးလျက်ရှိသည်။

မယ်‌တော်‌ဆေးခန်းကို ဦး‌ဆောင်သူ ‌ဒေါက်တာစင်သီယာ‌မောင်သည် အ‌ရှေ့‌တောင်အာရှ ‌ရေမွန် မာဂါ‌ဆေး‌ဆေး (Southeast Asia’s Ramon Magsaysay Award) ဆု၊ ၂၀၀၃ ခုနှစ် တိုင်းမ် မဂ္ဂဇင်း၏ အာရှနိုင်ငံ အာဇာနည်များ အဖြစ် ‌ရွေးချယ်ခံခဲ့ရသည့်အပြင် ၁၉၉၉ ခုနှစ်တွင် အ‌မေရိကန်ပြည်‌ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံ ‌ဆေးဝါးအဖွဲ့ အစည်းများမှပူး‌ပေါင်းချီးမြှင့်‌သော Jonathan Mann Award ဆုအပါအဝင် နိုင်ငံတကာမှ ဆု‌ပေါင်း ၁၈ ခုအထိ ချီးမြှင့်ခံထားရသူဖြစ်သည်။