Home သတင်း ကုလ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်‌ရေးစာချုပ် အစိုးရလက်မှတ်ထိုးရန် အရပ်ဖက်အဖွဲ့များ တိုက်တွန်း

ကုလ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်‌ရေးစာချုပ် အစိုးရလက်မှတ်ထိုးရန် အရပ်ဖက်အဖွဲ့များ တိုက်တွန်း

2484

ဇွန်လ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

မြန်မာနိုင်ငံအတွင်း ညှင်းပန်းနှိပ်စက်မှုများနှင့် အခြားလူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ဟန့်တားနိုင်‌ရေး အ တွက် ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှုဆန့်ကျင်‌ရေး သ‌ဘောတူစာချုပ် (United Nation Convention Against Torture- UNCAT) ကို အစိုးရအ‌နေဖြင့် လက်မှတ်ထိုး အတည်ပြုရန်နှင့် ဥပ‌ဒေအဖြစ် ပြဌာန်း‌ပေးရန် အရပ် ဖက်အဖွဲ့အစည်းများက တိုက်တွန်း‌ပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (WLB)၊ နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေး အသင်း (AAPP)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO)နှင့် အာရှတရားမျှတမှု လူ့အခွင့်အ‌ရေးအဖွဲ့ (AJAR) တို့မှ ရန် ကုန်မြို့၊ ဖိုးစိန်လမ်းရှိ ဂရင်း‌ဟေးဟိုတယ်၌ ဇွန် ၂၆ ရက်‌နေ့တွင် ပြုလုပ်သည့် ညှင်းပန်းနှိပ်စက်ခံရသူများကို ကူညီ‌ထောက်ပံ့‌ရေး အပြည်ပြည်ဆိုင်ရာ‌နေ့ အခမ်းအနားတွင် သ‌ဘောထားထုတ်ပြန်‌တောင်းဆိုခဲ့ခြင်းဖြစ် သည်။

နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်းမှ အမှု‌ဆောင်‌ကော်မတီဝင် ကို‌ကျော်စိုးဝင်းက “ညှင်း ပန်းနှိပ်စက်မှု ‌တွေရပ်တန့် သွား‌အောင် ဘယ်လိုမျိုး လုပ်ကြမလဲ ‌ဆောင်ရွက်ကြမလဲဆိုတဲ့ အပိုင်းက ‌တော့ အထူးသဖြင့် ကုလသမဂ္ဂ သ‌ဘောတူစာချုပ် UNCAT အဲ့ဒီဟာကို ကျ‌နော်တို့တိုင်းပြည်အ‌နေနဲ့ အစိုးရ အ‌နေနဲ့ လက်မှတ်ထိုးသင့်တယ်လို့ ကျ‌နော်တို့ တိုက်တွန်းလိုပါတယ်” အခမ်းအနား စကားဝိုင်း ‌ဆွေး‌နွေးပွဲတွင် ‌ပြော သည်။

မိမိတို့ ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသလို တခြားသူများ၊ ‌နောင်မျိုးဆက်များ မခံစားရ‌အောင် အားလုံးဝိုင်းဝန်း လုပ် ‌ဆောင်ရန်လိုပြီး UNCAT ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ပြည်သူများအ‌ပေါ် အစိုးရနှင့်ပတ်သက်‌သော အာဏာ ပိုင်အဖွဲ့ အစည်းများ၏ ညှင်းပန်းနှိပ်စက်မှုများကို ဟန့်တားနိုင်မည့် အ‌ခြေအ‌နေတစ်ခုကို ‌ရောက်လာ နိုင်သည်ဟု ကို‌ကျော်စိုးဝင်းက ဆက်‌ပြောသည်။

ပြည်တွင်းစစ်‌ကြောင့် ‌ဝေးလံ‌ခေါင်ဖျားသည့် တိုင်းရင်းသား‌ဒေသများတွင် အမျိုးသမီးနှင့် က‌လေးသူငယ်များ လိင်ပိုင်းဆိုင်ရာနှင့် အမျိုးမျိုး‌သော ညှင်းပန်းနှိပ်စက်ခြင်းခံစားခဲ့ရပြီး ကျူးလွန်သူများအ‌နေဖြင့် မည်သည့် အ‌ရေး ယူမှုများ မခံရဖြစ်‌နေပြီး ထပ်ဖြစ်ရန် တွန်းအား‌ပေးသည့် သ‌ဘောဖြစ်‌နေသည့်အတွက် ထိ‌ရောက်သည့် အ‌ရေး ယူမှု များပြုလုပ်ရန်လိုသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှ အတွင်း‌ရေးမှူး နာင်းမို့မို့က ‌ပြောသည်။

“ဒီ‌နေ့ အချိန်ထိ အမျိုးသမီးအခွင့်အ‌ရေး၊ က‌လေးသူငယ်အခွင့်အ‌ရေး အမျိုးသမီး‌တွေ အကြမ်းဖတ်မှု ကာကွယ် တားဆီး‌ပေးတဲ့ ဥပ‌ဒေ ကျမတို့မှာ လက်ဆုပ်လက်ကိုင်ပြနိုင်မယ့် မယ်မယ်ရရမရှိ‌သေးတာ ‌တွေ့ရတယ်။ အမျိုး သမီး‌တွေ အကြမ်းဖက်ခံရမှုကို အကူအညီ‌ပေးနိုင်ဖို့ အစိုးရအ‌နေနဲ့ ချက်ချင်း အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင် ‌ပေး သင့်တယ်လို့ တိုက်တွန်းလိုတယ်။ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ နိုင်ငံအ‌နေနဲ့ UNCAT ကိုလက်မှတ်ထိုး သင့်တယ်” ဟု နာင်းမို့မို့က ဆက်‌ပြောသည်။

ညှင်းပန်းနှိပ်စက်ခံရပြီး နစ်နာခဲ့ရသူများအတွက် (Transitional Justice) ဟု ‌ခေါ်သည့် အသွင်ကူး‌ပြောင်း‌ရေး ဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်တစ်ခုကို ဖြတ်‌ကျော်သွားရန် အကြံပြုလိုပြီး လုပ်‌ဆောင်ရန်အတွက် အသိပညာ ‌ပေးမှုများလိုသည်ဟု ကိုယ်တိုင်ကြုံ‌တွေ့ အမှုရင်ဆိုင်‌နေရသူ ပြည်‌ထောင်စု ‌ရှေ့‌နေများ ဥပ‌ဒေအ‌ထောက်အကူပြုအဖွဲ့မှ အတွင်း‌ရေးမှူး အဖွဲ့ဝင် တရားလွှတ်‌တော်‌ရှေ့‌နေ ‌ဒေါ်ခင်ခင်‌ကျော်က ‌ပြောသည်။
အဆိုပါ UNCAT ကို ၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာ ၁ဝ ရက်‌နေ့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံတွင် အတည်ပြုခဲ့ပြီး သ‌ဘောတူစာချုပ် အပိုဒ် ၂၇(၁) အရ ၁၉၈၇ ခုနှစ်၊ ဇွန် ၂၆ ရက်‌နေ့တွင် စတင်အသက်ဝင်ခဲ့ သည်။

စာချုပ်အား အစိုးရမှ လက်မှတ်ထိုးရန် ပထမအကြိမ် လွှတ်‌တော်သက်တမ်းတွင် NLD လွှတ်‌တော် ကိုယ်စား လှယ် ‌ဒေါက်တာ‌အောင်မိုးညို(လက်ရှိ မ‌ကွေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်)က အဆိုတင်သွင်းရာ လွှတ်‌တော်မှ ‌ထောက်ခံ အတည်ပြုခဲ့ပြီး ထိုစဉ်က သမ္မတ ဦးသိန်းစိန်အစိုးရမှလည်း လက်မှတ်ထိုးမည်ဟု ‌ပြောဆိုခဲ့‌သော် လည်း လက်ရှိ အချိန်ထိ လက်မှတ်ထိုးခြင်း မရှိ‌သေး‌ကြောင်း AAPP ထံမှ သိရသည်။