Home သတင်း ကရင်ပြည်နယ်ရှိ ‌တောင်သူများကို ကျပ်သိန်း‌ပေါင်း ခုနှစ်‌သောင်း‌ကျော် စိုက်ပျိုးစရိတ်ထုတ်‌ချေး‌ပေးရန်လျာထား

ကရင်ပြည်နယ်ရှိ ‌တောင်သူများကို ကျပ်သိန်း‌ပေါင်း ခုနှစ်‌သောင်း‌ကျော် စိုက်ပျိုးစရိတ်ထုတ်‌ချေး‌ပေးရန်လျာထား

2380

ဇွန်လ ၂၆ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ပြည်နယ်တွင်းရှိ ‌တောင်သူများ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ကရင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်မှ မိုးရာ သီစိုက်ပျိုးစရိတ်‌ချေး‌ငွေ ကျပ်သိန်း‌ပေါင်း ၇ဝ,ဝဝဝ(ခုနှစ်‌သောင်း)‌ကျော် ထုတ်‌ချေး‌ပေးရန်လျာထားသည်ဟု ဘဏ်တာ ဝန်ရှိသူထံမှ သိရသည်။

‌တောင်သူများအ‌နေဖြင့် လယ်ယာ‌မြေလုပ်ပိုင်ခွင့် ပုံစံ(၇) စာအုပ်အား ဘဏ်တွင်အ‌ပေါင်ထား၍ ‌ငွေ‌ချေးယူရသည့်စနစ်ဖြစ်ပြီး လယ်‌မြေ ၁ ဧကကို ကျပ်တစ်သိန်းခွဲနှုန်းဖြင့် တစ်ဦးလျှင် ၁ဝ ဧကအထိ ထုတ်‌ချေးနိုင်သည်ဟု ပြည်နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုး ‌ရေးဘဏ် မန်‌နေဂျာဦးသက်နိုင်က ဇွန်လ ၂၅ ရက်(ယမန်‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကနဦးခွင့်ပြုတဲ့ ရံပုံ‌ငွေက‌တော့ ကျပ်သိန်း‌ပေါင်း ၇၂,ဝ၄ဝ.၅ဝ သိန်းဖြစ်တယ်။ ဇွန်လ ၂၄ ရက်‌နေ့အထိဆိုရင် ကျပ်သိန်း‌ပေါင်း ၁၄,၆၉၇ သိန်း ထုတ်‌ချေး‌ပေးပြီးသွားပြီ။ ‌ချေးမယ့်‌တောင်သူ‌တွေရှိရင် ရံပုံ‌ငွေတိုး‌တောင်းပြီး‌တော့ ထုတ်‌ချေး‌ပေးသွားမယ်။ ‌တောင်သူ‌တွေ စိုက်ပျိုးထုတ်လုပ်မှုအဆင်‌ပြေဖို့ ရည်ရွယ်ပြီး ထုတ်‌ချေး‌ပေးတာပါ” ဟု ၎င်းက ‌ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်မှ ‌တောင်သူများကို အတိုးနှုန်း ၆၇ ပြားဖြင့် ‌မေလမှစတင်ကာ ဩဂုတ်လအကုန်အထိ ထုတ်‌ချေး‌ပေးသွားမည်ဖြစ်ပြီး ဧပြီလ ၁၅ ရက်‌နေ့မှသာ ပြန်လည်‌ပေးဆပ်ရမည်ဟု ဘဏ်မန်‌နေဂျာ ဦးသက်နိုင်က ဆက်‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ‌တောင်သူ‌စော‌မောင်မြင့်ကြည်က “ လယ်‌မြေ ၃ ဧကအတွက် ထုတ်‌ချေးသွားမယ်။ မိုးတွင်းမှာ ‌ငွေအ ခက်ခဲဖြစ်တယ်‌လေ။ ‌ချေး‌ငွေက‌နေ ထွန်ယက်ဖို့ မျိုး‌တွေ၊ ‌မြေဩဇာ‌တွေအတွက် အဆင်‌ပြေတယ်‌ပေါ့‌နော်။ အပြင်မှာ‌ငွေ ‌ချေးရင် အတိုးများတယ်။ ဒီဇင်ဘာလ‌လောက်မှ ပြန်ဆပ်ရမှာဆို‌တော့ အဲ့အချိန်သီးနှံ‌ပေါ်ချိန်ဖြစ်ပြီး အဆင်‌ပြေတယ်” ဟု ပြာသည်။

ကရင်ပြည်နယ်တွင် မိုးသီးနှံ စိုက်ဧက ၄ သိန်း‌ကျော်နှင့် ‌နွေစပါးဧက ၁ သိန်း‌ကျော် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ‌တောင်သူများ ထွန်ယက်စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်မှ ယခင်နှစ်က ကျပ်သိန်း‌ပေါင်း ၇၂,ဝ၄ဝ.၅ဝ သိန်းထုတ်‌ချေး‌ပေးခဲ့ပြီး ယခုနှစ်တွင် ‌ချေး‌ငွေပိုများလာနိုင်‌ကြောင် ဘဏ်တာဝန်ရှိသူထံက ‌ပြောသည်။