Home သတင်း အနန်းကွင်းရွာဖြစ်စဉ် ‌သေဆုံးသူများ၏ ကျန်ရစ်သူများ ဆက်လက် ရပ်တည်‌ရေးအတွက် ခက်ခဲ‌နေ

အနန်းကွင်းရွာဖြစ်စဉ် ‌သေဆုံးသူများ၏ ကျန်ရစ်သူများ ဆက်လက် ရပ်တည်‌ရေးအတွက် ခက်ခဲ‌နေ

3583

‌မေလ ၂ရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း‌ကျေးရွာ ဧပြီလ ၅ ရက်‌နေ့က တပ်မ‌တော်သား ၂ဦး၏ ပစ်သတ်မှု‌ကြောင့် အရပ်သား ၈ဦးအား ‌သေနတ်နှင့်ပစ်သတ်ခံရသည့်‌နောက်ပိုင်း ကျန်ရှိခဲ့သူ မိသားစုဝင်အချို့ ဆက်လက် ရပ်တည်‌ရေးအတွက် အခက်အခဲဖြစ်‌နေရသည်ဟု ‌သေဆုံးသူများ၏ ကျန်မိသားစုဝင်များက ‌ပြောသည်။

ကျန်ရစ်သူ မိသားစုဝင် ဦးသန်း‌ရွှေ (ခ) ဦးရင်နွတ်က “မိသားစုတစ်ခုလုံး ဘဝပျက်‌အောင် လုပ်သွားတာ။ ပံ့ပိုးမှုလည်း ဘာမှမရှိ ‌တော့ ‌တော်‌တော်‌လေး ဒုက္ခဖြစ်‌နေတယ်။ အိုးစွန့်အိမ်စွန့်နဲ့ အလုပ်အကိုင်မရှိ ‌နေရာအတည်တကျ မရှိ‌တော့ ဦးကပဲ အပူထမ်း ထား‌နေတယ်။ တပ်မ‌တော်နဲ့ပတ်သက်တဲ့ မှုခင်းဖြစ်လို့လား မသိဘူး။ ဘယ်သူမှအဆက်အသွယ် ကူညီမှုမရှိဘူး။ လူသားချင်း စာနာမှုအ‌နေနဲ့ စဉ်းစား‌ပေးဖို့ ‌တောင်းဆိုချင်ပါတယ်။”ဟု ဧပြီလ ၂၇ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

အခင်းဖြစ်ပွားအပြီးတွင် လူမှု‌ရေးအရ ကူညီမှုအဖြစ် အနန်းကွင်းဗျူဟာတပ်က ‌သေဆုံးသွားသူများ၏ နာ‌ရေးအလှူစရိတ်အ တွက် ‌ငွေကျပ် ၅သိန်း၊ ‌သေနတ်ဒဏ်ရာ‌ကြောင့် ‌ဆေးရုံတွင် ကုသ‌နေရသူ အမျိုးသမီးအတွက် ‌ငွေကျပ် ၁ဝသိန်းနှင့် ‌သေဆုံး သွားသူများ၏ဖခင် ဦးရင်နွတ်အား ‌ငွေကျပ် ၁ဝသိန်း ကူညီမှု‌ပေးခဲ့‌ကြောင်း အဆိုပါမိသားစုဝင်များထံမှ သိရသည်။

သို့‌သော် ကျန်ရစ်သူမိသားစုဝင်များအ‌နေဖြင့် အခင်းဖြစ်ပွားခဲ့သည့် ‌နေအိမ်များတွင် ဆက်လက်‌နေထိုင်မရဲ‌တော့ဘဲ ‌ဆွေမျိုးသား ချင်းများရှိရင် မုဒုံမြို့တွင် သွား‌ရောက်ခိုလှုံလျှက်ရှိသည့်အတွက် ‌ရေရှည်တွင် စားဝတ်‌နေ‌ရေးနှင့် အသက်‌မွေးဝမ်း‌ကျောင်းအ တွက် နိုင်ငံ‌တော်က ‌ထောက်ပံ့မှုမျိုး ရရှိ‌စေချင်သည်ဟုလည်း ဦးရင်နွတ်က ဆက်‌ပြောသည်။

ဧပြီလ ၅ရက်‌နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း‌ကျေးရွာအတွင်း အ‌ခြေစိုက်သည့် တပ်မ‌တော်၏ အနန်းကွင်းဗျူဟာ မှ တပ်သား ၂ဦးက ရွာတွင်းရှိ ကမာ္ဘရှားဆိုင်ကယ်ပြင်ဆိုင်‌နေအိမ်တွင် ညအချိန်တွင် ဆိုင်ကယ်‌တောင်းစီးရာ မ‌ပေးသဖြင့် မိသားစုဝင် ၈ဦးရှိ အိမ်‌ထောင်စု ၂စုကို ‌သေနတ်ဖြင့်ပစ်သတ်သွားသည့်အ‌ပေါ် ‌သေဆုံးသူ၏ဖခင် ဦးရင်နွတ်က တရားလိုပြု လုပ်ကာ ဘုရားသုံးဆူနယ်‌မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထား‌ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ရဲမှူးဝင်းနိုင်က ‌ပြောသည်။

ရဲမှူးဝင်းနိုင်က “‌သေသွားသူ‌တွေဘက်က သူ့ရဲ့အ‌ဖေက‌နေ တရားလိုလုပ်ပြီး ဘုရားသုံးဆူရဲစခန်းမှာ အမှုဖွင့်ထားတယ်။ စစ် တပ်က‌တော့ သူတို့စစ်စည်းကမ်းအရ ‌လော‌လောဆယ် စစ်‌ဆေး‌နေတယ်လို့ သိရတယ်။ ကျ‌နော်တို့ဘက်မှာလည်း အမှုဖွင့် ထားတယ် စစ်‌ဆေးဆဲပါ။”ဟု ဧပြီလ ၂၆ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဧပြီလအတွင်း ဓားခုတ်သတ်မှု၊ ကြိုးဆွဲချသတ်‌သေမှု၊ ‌သေနတ်ပစ်သတ်မှုတို့‌ကြောင့် လူ ၁ဝဦး‌ကျော် ‌သေဆုံးခဲ့ပြီး ဧပြီလ ၅ရက်‌နေ့ အနန်းကွင်းရွာသား ၈ဦးကို ပစ်သတ်ခဲ့သည့် တပ်မ‌တော်သား ၂ဦးကို ဘုရားသုံးဆူ နယ်‌မြေရဲစခန်းမှ (ပ)၁၁/၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂/၃၉၂/၃၉၄တို့ဖြင့် အမှုဖွင့်ထားသည်ဟုလည်း ရဲတပ်ဖွဲ့ထံမှ သိရ သည်။

အဆိုပါအမှုအခင်းမှာ အစုအပြုံလိုက် ပစ်သတ်သည့်အမှုဖြစ်သည့်အတွက် ‌ဒေသတွင်း တရားဥပ‌ဒေစိုးမိုးမှုအ‌ပေါ် စိန်‌ခေါ်လိုက် သကဲ့သို့ ဖြစ်‌စေသည်ဟုယူဆ‌ကြောင်း KNU ဝင်း‌ရေးမြို့နယ် တရားသူကြီး ပဒို‌စောစည်သူထွန်းက မှတ်ချက်ပြု‌ပြောဆိုသည်။