Home သတင်း တပ်မ‌တော်၏ အပစ်ရပ်ကာလ တိုးမြှင့်မှုအ‌ပေါ် DKBA ကြိုဆို‌ထောက်ခံ

တပ်မ‌တော်၏ အပစ်ရပ်ကာလ တိုးမြှင့်မှုအ‌ပေါ် DKBA ကြိုဆို‌ထောက်ခံ

3243

‌မေလ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

တပ်မ‌တော်၏ စစ်‌ရေးလှုပ်ရှားမှု နှစ်လတာတိုးမြှင့်ရပ်ဆိုင်း‌ပေးမှုအ‌ပေါ် ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော် (DKBA)က အပြည့်အဝ‌ထောက်ခံကြိုဆို‌ကြောင်း ယမန်‌နေ့ (‌မေလ ၁ ရက်)တွင် DKBA စစ်ဦးစီးချုပ်ရုံးမှ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးလက်မှတ်ဖြင့် ထုတ်ပြန်‌ကြေညာလိုက်သည်။

တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးနှင့် ထာဝရငြိမ်းချမ်း‌ရေးကို ဦးတည်ပြီးလာမည့် ‌မေလမှ ဇွန်လ ၃ဝ ရက်‌နေ့အထိ စစ်‌ရေးလှုပ်ရှားမှုများကို တိုးမြှင့်ရပ်ဆိုင်း‌ပေးသွားမည်ဖြစ်‌ကြောင်း ဧပြီလ (၃၀) ရက်‌နေ့က ထုတ်ပြန်‌ကြေညာချက်ကို DKBA တပ်ဖွဲ့မှ အပြည့်အဝ‌ထောက်ခံကြိုဆို‌ကြောင်း ‌ဖော်ပြပါရှိသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များ‌ဆောင်ရွက်နိုင်ရန် ‌မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များဖြစ်သည့် ကချင်လွတ်လပ်‌ရေး တပ်မ‌တော်(KIA)၊ တအာင်းအမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မ‌တော်-MNDAA (ကိုးကန့်) လက်နက်ကိုင် အဖွဲ့အစည်းများ၏ ‌တောင်းဆို မှုအရ ဖြစ်‌ပေါ်လာသည့် အပစ်ရပ်ကာလတိုးမြှင့်မှုနှင့်ပတ်သက်၍လည်း ညီ‌နောင်တိုင်းရင်းသားများ၏ ငြိမ်းချမ်း‌ရေး လုပ် ငန်းစဉ်ကို ဆက်လက် လုပ်‌ဆောင်သွားမည့်အ‌ပေါ် ကြိုဆို‌ကြောင်းလည်း DKBAက ‌ပြောသည်။

ထို့အတူ မြန်မာ့တပ်မ‌တော်ဘက်က ငြိမ်းချမ်း‌ရေး ဆက်လက်‌ဆွေး‌နွေးရန် အပစ်အခတ်ရပ်စဲမှုကို ‌နောက်ထပ် နှစ်လ တိုးမြှင့်မှုကို ‌ကြေညာလိုက်ခြင်းကို ကြိုဆို‌ကြောင်းလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဌာ‌နေ ညှိနှိုင်း‌ရေးမှူး (ယာယီ) Mr.Knut Ostby က ယမန်‌နေ့က ထုတ်ပြန်‌ကြေညာခဲ့သည်။

ယခင်က တပ်မ‌တော်မှ ‌မြောက်ပိုင်းတိုင်း၊ အ‌ရှေ့‌မြောက်တိုင်း၊ အ‌ရှေ့ပိုင်းတိုင်း၊ အ‌ရှေ့အလယ်ပိုင်းနှင့် တြိဂံ‌ဒေသတိုင်း စစ်ဌာနချုပ်နယ်‌မြေများတွင် စစ်‌ရေးလှုပ်ရှားမှုများကို ၂ဝ၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ဧပြီလ ၃ဝ ရက်‌နေ့ အထိ ရပ်ဆိုင်း‌ကြောင်း ‌ကြေညာထားရာက‌နေ ယခုကဲ့သို့ ‌နောက်ထပ် နှစ်လတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

တပ်မ‌တော်၏ အပစ်ရပ်စဲ‌ရေး နှစ်လ ထပ်မံတိုးမြှင့်သည့် ‌ကြေညာချက်တွင် ယခင်‌ကြေညာချက်နည်းတူ ရခိုင်ပြည်နယ်ရှိ အ‌နောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်‌မြေ ပါဝင်ခြင်းမရှိ‌ပေ။