Home သတင်း သံ‌တောင်ကြီး နည်းပညာအထက်တန်း‌ကျောင်း တည်‌ဆောက်မည့်‌နေရာ ‌ပြောင်း‌ရွှေ့‌ပေးမည်

သံ‌တောင်ကြီး နည်းပညာအထက်တန်း‌ကျောင်း တည်‌ဆောက်မည့်‌နေရာ ‌ပြောင်း‌ရွှေ့‌ပေးမည်

2783

ဧပြီ ၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

သံ‌တောင်ကြီးမြို့နယ်၊ ‌တောပြာကြီးရွာတွင် နည်းပညာအထက်တန်း‌ကျောင်းတည်‌ဆောက်မည့်‌နေရာကို ‌ပြောင်း ‌ရွှေ့ ‌ပေးသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ‌ပြောဆိုသွား‌ကြောင်း ‌တောပြာကြီး‌ကျေးရွာ ‌ရေအရင်းအမြစ် သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအဖွဲ့ဝင် ‌စောလှထူးက ‌ကေအိုင်စီသို့ ဧပြီ ၈ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ နည်းပညာအထက်တန်း‌ကျောင်း တည်‌ဆောက်မည့်‌နေရာသည် ‌ကျေးရွာ ‌ရေအရင်းအမြစ်အတွက် အဓိ က အားထားရသည့် ကုန်းမြင့်ဖြစ်၍ ‌နေရာ‌ပြောင်း‌ပေးရန် ‌ဒေသခံများက တင်ပြထားမှုအ‌ပေါ် ဧပြီ ၈ ရက်‌နေ့ တွင် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ကွင်းဆင်းစစ်‌ဆေးပြီး‌နောက် ယခုလို ‌နေရာ‌ပြောင်းတည်‌ဆောက်သွား မည် ဖြစ်သည်။

“ဒီ‌နေ့ ‌တောပြာကြီး‌ကျေးရွာထိ ဝန်ကြီးချုပ်လာတယ်။ ရွာသား‌တွေက အဲ့ဒီ‌နေရာကို‌တော့ မလုပ်ပါနဲ့ ‌ရေအရင်း အမြစ်အတွက် အားထားရလို့‌ပေါ့။ ရွာသား‌တွေက တခြား‌နေရာနှစ်ခု ပြလိုက်တယ်။ တစ်ခုကို သူတို့ အတည်ပြု လိုက်တာ‌ပေါ့။ ‌ပြောင်းလိုက်တဲ့‌နေရာက ‌ရေအရင်းအမြစ်ထိန်းသိမ်းတဲ့ကုန်းမြင့်ရဲ့ ‌အောက်ဘက်နားက မျက်နှာ ချင်းဆိုင် ‌တောင်ကုန်းတစ်ခုပါ။ အရင်‌နေရာနဲ့‌တော့ သိပ်အ‌ဝေးကြီး မဟုတ်ဘူး။ အဲ့‌နေရာကို သူတို့ သကြင်္န်ပြီး ရင် အတည်ပြုမယ်လို့ ‌ပြောတယ်” ဟု ‌ကျေးရွာ ‌ရေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး အဖွဲ့ ဝင်‌စောလှထူးက ‌ပြောသည်။

ထို့ အပြင် သံ‌တောင်ကြီးမြို့နယ်၊ ‌တောပြာကြီး‌ကျေးရွာသားများအ‌နေဖြင့် ယခုလို ဝန်ကြီးချုပ်က ‌နေရာ‌ပြောင်း တည်‌ဆောက်‌ပေးမည့်အ‌ပေါ် ‌ကျေနပ်ဝမ်းသာသလို ရွာသားများအ‌နေဖြင့် ပညာ‌ရေးကို လိုလားသူများဖြစ်ကာ ‌ကျောင်း‌ဆောက်မည့်အ‌ပေါ် ကန့်ကွက်ခြင်းမဟုတ်ဘဲ ‌ရေအရင်းအမြစ်‌နေရာ ဖြစ်သည့်အတွက် ‌နေရာ‌ပြောင်း ‌ပေးရန်လိုလားခြင်းဖြစ်သည်ဟု ‌စောလှထူးက ဆက်‌ပြောသည်။

အဆိုပါ နည်းပညာအထက်တန်း‌ကျောင်း‌ဆောက်မည့် ‌နေရာသစ်ကို လျာထားပြီး၊ မည်သည့်‌မြေအမျိုးအစားဖြစ် သည်၊ စသဖြင့် စိစစ်သွားရန်ရှိကာ အဆိုပါ လုပ်ငန်းစဉ်များသည် သကြင်္န်ပြီး‌နောက်ပိုင်းမှသာ ပြီးဆုံးသွားဖွယ်ရှိ သည်ဟု အမည်မ‌ဖော်လိုသည့် သံ‌တောင်ကြီး မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

သံ‌တောင်ကြီးမြို့နယ်၊ ‌တောပြာကြီး ‌ကျေးရွာသည် လွန်ခဲ့သည့် နှစ် ၂၀ဝ ခန့်မှ စတင်တည်ရှိခဲ့ခြင်းဖြစ်ကာ သံ‌တောင်ကြီး မြို့တည်ခြင်း၊ ဘုရင့်‌နောင်တပ်မြို့တည်ခြင်းတို့အတွက် ‌မြေ‌နေရာများ ပါဝင်သွားသလို လက်ရှိ ‌ကျေးရွာတွင် လူဦး‌ရေ စုစု‌ပေါင်း ၈၀ဝ ဦး‌ကျော်နှင့် အိမ်‌ခြေ ၁၈ဝ ‌ကျော်ရှိသည်။ သံ‌တောင်ကြီးမြို့နယ် ‌နေရာ များစုသည် ‌ကျောက်‌တောင်များ‌ကြောင့် ‌ရေတွင်း၊ အဝီဇိတွင်း တူးရခက်သလို သဘာဝ‌တောင်ကျ‌ရေကိုသာ အဓိက သုံးစွဲ‌နေရသည်ဟု ‌ဒေသခံများထံမှ သိရသည်။