Home သတင်း ‌မြောင်းမြမြို့နယ်တွင် ̔ ‌ပျော်‌ပျော်ရွှင်ရွှင် ကရင်စာကိုသင် ̕ အစီအစဉ် စတင်ပြုလုပ်

‌မြောင်းမြမြို့နယ်တွင် ̔ ‌ပျော်‌ပျော်ရွှင်ရွှင် ကရင်စာကိုသင် ̕ အစီအစဉ် စတင်ပြုလုပ်

2159

မတ်လ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ကရင်စာ‌ပေ သင်ကြားရာ၌ ပိုမိုအ‌ထောက်အကူ ဖြစ်‌စေရန် ̔ ‌ပျော်‌ပျော်ရွှင်ရွှင် ကရင်စာကိုသင် ̕ အစီအစဉ်ကို ‌မြောင်းမြမြို့နယ်တွင် မတ်လ ၁၈ရက်မှ ဧပြီလကုန်ထိ သင်ကြားသွားမည်ဟု ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်းထွန်းလင်းက ‌ပြောသည်။

အဆိုပါ ̔ ‌ပျော်‌ပျော်ရွှင်ရွှင် ကရင်စာကိုသင် ̕ အစီအစဉ်ကို ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီမှ ဦး‌ဆောင်ကာ လာမည့် စာသင်နှစ်အတွက် ‌ကျောင်းတွင်း ကရင်စာ‌ပေ သင်ကြားရာတွင် ထိထိ‌ရောက်‌ရောက် သင်ကြားနိုင်ရန် ယခုနှစ်တွင် ထူးခြားသည့်အစီအစဉ်များထည့်သွင်းကာ တစ်လကြာ သင်ကြားမည်လည်း ဖြစ်သည်။

မန်းထွန်းလင်းက “ ကရင်စာလည်း သင်မယ်။ ဗုဒ္ဓ၊ ခရစ်ယာန်‌တွေနဲ့ ဆိုင်တဲ့ ဘာသာ‌ရေး စာ‌ပေ‌တွေအပြင်ကို ကရင်စာသင်တာ ‌ပျော်စရာပါ ဆိုတဲ့ အစီအစဉ်ဖြစ်‌အောင် ကစားတာ‌တွေ‌ရော ကရင်လို သီချင်းဆိုတာ‌တွေကို ‌ရော ထည့်သွင်းသင်ကြား‌ပေးမယ် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် က‌လေးငယ်များ ယဉ်‌ကျေးလိမ္မာ‌စေရန် ဘာသာ‌ရေးစာ‌ပေများ ထည့်သွင်းသင်ကြားရာတွင် ခရစ် ယာန် က‌လေးများအတွက် သမ္မာကျမ်းစာများနှင့် ဗုဒ္ဓဘာသာက‌လေးများအတွက် (ကရင်ဘာသာဖြင့် ဘုရားရှိခိုးခြင်း)မှ ငါးပါးသီလ ၊ ကန်‌တော့ကျိုးများကို အလွတ်ရ‌အောင် သင်ကြား‌ပေးမည့်အပြင် သုံးဆယ်ရှစ်ဖြာ မဂင်္လာများကိုလည်း ကရင်လို သင်ကြား‌ပေးမည် ဖြစ်သည်။

ယခုလက်ရှိ သင်ကြား‌နေသည့် ̔ ‌ပျော်‌ပျော်ရွှင်ရွှင် ကရင်စာကိုသင် ̕ အစီအစဉ်ကို ‌မြောင်းမြမြို့နယ်အတွင်းရှိ ပိုးကရင် ‌ကျေးရွာ ၁၃ဝ နှင့် စ‌ကောကရင်‌ကျေးရွာ ၂၁ရွာ စုစု‌ပေါင်း ၁၅၁ရွာကို သင်ကြား‌ရေး ထိ‌ရောက်‌စေရန် စနစ်တကျဖြင့် တိုက်/နယ် အလိုက် ကြီးကြပ်မှုများဖြင့်ပထမအကြိမ် စတင် သင်ကြား‌နေခြင်းဖြစ်‌ကြောင်းလည်း မန်းထွန်းလင်းက ဆက်လက်‌ပြောကြားသည်။

ယခုနှစ်တွင် ‌မြောင်းမြမြို့နယ်အတွင်း ပထမအကြိမ် စီမံချက်အ‌နေဖြင့် စမ်းသပ်သင်ကြားခြင်း ‌အောင်မြင်ပါက ‌နောင်နှစ်များတွင် တိုင်းအစီအစဉ်ဖြင့် အ‌ရေးကြီးသည့် မြို့နယ်များကို ‌ရွေးထုတ်ကာ ယခုသင်ကြားနည်း ကဲ့သို့ စာ‌ပေ၊ စကား‌ပြောများနှင့် ဘာသာ‌ရေး စာ‌ပေများကို စတင်၍ ထည့်သွင်းသင်ကြား‌ပေးရန် တိုင်းစာ/ယဉ် များဖြင့် ညှိနှိုင်း ‌ဆွေး‌နွေးထားပြီးဖြစ်‌ကြောင်းလည်း သိရသည်။