Home သတင်း မဲဆန္ဒရှင်အမည်စာရင်းတွင် “ဦး/‌ဒေါ်” ထည့်သွင်း‌ကောက်ယူမှုအ‌ပေါ် ကရင်လူမှုအဖွဲ့အစည်းများ ‌ဝေဖန်

မဲဆန္ဒရှင်အမည်စာရင်းတွင် “ဦး/‌ဒေါ်” ထည့်သွင်း‌ကောက်ယူမှုအ‌ပေါ် ကရင်လူမှုအဖွဲ့အစည်းများ ‌ဝေဖန်

2031

မတ်လ ၁၅ရက်၊ ၂၀၁၉ခုနှစ်။ နန်း‌ဝေဖြိုးဇာ

၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကနဦးကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် ကရင်ပြည်နယ်အတွင်း အိမ်တိုင်ရာ‌ရောက် အ‌ခြေခံမဲဆန္ဒ ရှင်စာရင်းများ လိုက်လံ‌ကောက်ယူရာတွင် တိုင်းရင်းသားအမည်များ‌ရှေ့မှ “ဦး/‌ဒေါ်” ထည့်သွင်း‌ကောက်ယူမှုများ ရှိ‌နေသည့်အ တွက် ပြည်နယ်အတွင်းရှိ ကရင်လူမှုအဖွဲ့အစည်းများက ‌ထောက်ပြ‌ပြောဆိုမှုများ ထွက်‌ပေါ်‌နေသည်။

မတ်လဆန်းပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများမှတစ်ဆင့် ကရင်ပြည်နယ်တွင် ‌ကောက်ယူ‌နေ သည့် အဆိုပါမဲဆန္ဒရှင်အမည်စာရင်းတွင် ကရင်လူမျိုးဖြစ်ပါက နာမည်၏‌ရှေ့၌ “‌စော-မန်း/နန်း – ‌နော်”အပြင် “ဦး/‌ဒေါ်” အမည် သ‌ကေင်္တတစ်ခုပါ ဖြည့်စွက် ထည့်သွင်း‌ကောက်ယူမှုများ ရှိခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “သူတို့တရားဝင်ညွန်ကြားချက်က တရားဝင် မဲဆန္ဒရှင်‌ကောက်တဲ့အခါမှာ ‌ယောက်ျားဆိုရင် “ဦး” တပ်ရမယ်။ မိန်းက‌လေးဆိုရင် “‌ဒေါ်”တပ်ရမယ်။ အားလုံးပဲလို့‌ပြောတယ်။ ကျ‌နော်တို့က ပြန်‌ထောက်ပြ‌သေးတယ်။ သူတို့က‌တော့ နည်းပညာကို အ‌ကြောင်းပြပြီး ခွဲခြားလို့လွယ်‌အောင် ‌ပြောလိုက်တဲ့ သ‌ဘောမျိုး‌ပေါ့။ မသိမသာ‌လေး ထည့်လိုက်တယ်။ ဘာ‌တွေ ‌ပြောမလဲ‌ပေါ့။ မ‌ပြောဘူးဆိုရင် မဲဆန္ဒရှင်နာမည်ပြီးရင် မှတ်ပုံတင် မှာလည်း အဲလိုထည့်ရင် သွားပြီ။ တိုင်းရင်းသား‌တွေက အဲလိုထည့်ရင်ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူရှိတယ်။”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ယခုလိုက်လံ‌ကောက်ယူ‌နေဆဲဖြစ်သည့် အ‌ခြေခံမဲဆန္ဒရှင်စာရင်း စာရွက်တွင် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူအမည်၊ ကျား/မ၊ ‌မွေးသက္က ရာဇ်၊ မှတ်ပုံတင်အမှတ်၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ ‌တော်စပ်ပုံ၊ မဲရုံ၊ ‌နေရပ်လိပ်စာ၊ အိမ်‌ထောင်စုအမှတ်၊ ကျန်းမာ‌ရေး အ‌ခြေအ‌နေ/မသန်စွမ်းအမျိုးအစား၊ မှတ်ချက် စသည့်အချက်အလက်များ ပါဝင်သည်။

‌ဝေဖန်မှုများဖြစ်‌ပေါ်‌နေသည့် အ‌ခြေခံမဲဆန္ဒရှင် စာရင်း‌ကောက်ယူမှုများနှင့်ပတ်သက်ပြီး အမည်‌ရှေ့တွင် ဦး/‌ဒေါ် ထည့်ရခြင်းမှာ ကျား/ မခွဲခြားနိုင်ရန်အတွက် နည်းပညာပိုင်းအရ ပြင်ဆင်‌ပြောင်းလဲမရသည့် Software ‌ကြောင့် ထိုသို့ထည့်သွင်းရခြင်းဖြစ် ‌ကြောင်း ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများထံမှ သိရသည်။

“Software အရ ကျား/မခွဲခြားနိုင်‌အောင် ဦး/‌ဒေါ်‌တော့ ထည့်‌ပေးရမှာဖြစ်တယ်တဲ့။ အ‌ပေါ်က ညွန်ကြားချက်‌ပေါ့။ ဦး/‌ဒေါ် အ‌နောက်မှာ‌တော့ ‌စောဖြစ်ဖြစ်၊ နန်းဖြစ်ဖြစ် သက်ဆိုင်ရာ တိုင်းရင်းသားကိုယ်စားပြုတဲ့ဟာ ထည့်လို့ရပါတယ်။ တစ်ပြည်နယ် လုံး ‌ကော်မရှင်ခွဲရှိတဲ့‌နေရာတိုင်းမှာ ‌ကောက်မယ်။ အဲဒီပုံစံအတိုင်းပဲ ‌ကောက်ရမှာဖြစ်တယ်။”ဟု ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ဥက္ကဌ ဦး‌ကျော်ဝင်း‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အမည်မ‌ဖော်လိုသူ အမှတ်(၃)ရပ်ကွက်‌နေ အမျိုးသမီးတစ်ဦးက “ကျမတို့ အိမ်ကို‌တော့ ရာအိမ်မှူးက မဲ‌ပေးမယ့်သူစာရင်း ဖြည့်‌ပေးဖို့ဆိုပြီး စာရွက်လာ‌ပေးတယ်။ သူရှင်းပြတာ ကျမတို့ ဖြည့်ရမှာက အမည်က‌နေစပြီး ‌တော်စပ်ပုံအထိ‌ပေါ့။ ဒါ‌ပေ မယ့် ‌မွေးသက္ကရာဇ်ကို‌တော့ အဂင်္လိပ်လို ‌ရေး‌ပေးဖို့ ‌ပြောတယ်။ ဘာအတွက်လဲ‌တော့ ‌သေချာ မရှင်းပြတတ်ဘူးတဲ့။”ဟု ဆိုသည်။

ကရင်ပြည်နယ်တွင် မြို့တွင်းရပ်ကွက်နှင့် ‌ကျေးရွာအသီးသီးတွင် လက်ရှိ ‌ကောက်ယူ‌နေဆဲဖြစ်သလို စာရင်း‌ကောက်ယူရာတွင် လည်း ဘတ်ဂျက် တစ်စုံတစ်ရာ ချ‌ပေးခြင်းမရှိ‌သေးသည့်အတွက် သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူးအဖွဲ့ဝင်များကသာ တာဝန်ယူ ‌ကောက်ခံ‌ပေး‌နေရပြီး ပြီးဆုံးမည့်အချိန်ကို မခန့်မှန်းနိုင်‌သေး‌ကြောင်း ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင် တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ အ‌ခြေခံမဲဆန္ဒရှင်စာရင်း ‌ကောက်ယူ မှုများကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစတင်ကာ တစ်နှစ်ကြိုတင် ‌ကောက်ယူခဲ့ကြခြင်းဖြစ်သည်။