Home သတင်း မိခင်ဘာသာစကားမတတ်သည့် ‌မော်လမြိုင် မြို့‌ပေါ်‌နေ ကရင်က‌လေးများအတွက်စကား‌ပြောသင်တန်းဖွင့်‌ပေးရ

မိခင်ဘာသာစကားမတတ်သည့် ‌မော်လမြိုင် မြို့‌ပေါ်‌နေ ကရင်က‌လေးများအတွက်စကား‌ပြောသင်တန်းဖွင့်‌ပေးရ

3213

မတ်လ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

မိခင်ကရင်ဘာသာစကားအား ‌ပြောဆိုတတ်မှု မရှိသ‌လောက်နည်းပါးလာ‌နေသည့် ‌မော်လမြိုင်မြို့‌ပေါ်‌နေ ကရင် လူငယ်များအတွက် ကရင်စကား‌ပြောသင်တန်းများဖွင့်လှစ်ကာ မိမိတို့၏ ဘာသာစကား မ‌ပျောက်ပျက်‌အောင် ထိန်းသိမ်းလုပ်‌ဆောင်‌နေရ‌ကြောင်း ‌မော်လမြိုင်မြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စောဟို ‌ရှေးက ‌ပြောသည်။
သူက “‌မော်လမြိုင်မြို့‌ပေါ်က ကရင်‌လေး‌တွေဟာများ‌သောအားဖြင့် ကရင်စကားမသိ‌တော့ဘူး။ မြို့‌ပေါ် ‌ရောက် လာ‌တော့ ထုံးစံအတိုင်း‌ပေါ့။ ဒါ‌ကြောင့် မိဘ‌တွေက(စာ၊ စကား မတတ်မှာကို) စိုးရိမ်‌တော့ တိုင်ပင်ကြပြီး သင်တန်းဖြစ်လာ‌အောင် တတ်နိုင်သ‌လောက် ကြိုးစား‌နေကြရတာ‌ပေါ့ ”ဟု ယ‌နေ့(မတ်လ ၅ ရက်)တွင် ‌ကေ အိုင်စီသို့ ‌ပြောသည်။
ကရင်မိဘ နှစ်ပါးမှ ‌ပေါက်ဖွား‌သော်လည်း ကရင်ဘာသာစကား မ‌ပြောတတ်‌တော့သည့် ‌မော်လမြိုင်‌နေ ကရင် လူငယ်ဦး‌ရေမှာ တဖြည်းဖြည်းများပြားလာ‌နေသည့်အတွက် စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီ၊ ဘာသာ‌ရေး ‌ခေါင်း ‌ဆောင်များနှင့် မိဘများတိုင်ပင်ကာ ‌နွေရာသီကရင်စကား‌ပြောသင်တန်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်ကာ ဖွင့်လှစ်‌ပေးခဲ့ရသည်ဟု သိရသည်။

ယခုုနှစ် ၂၀၁၉ ခုနှစ်အတွက် ကရင်စာ‌ပေနှင့် ကရင်စကား‌ပြောသင်တန်းကို မတ်လ ၇ ရက်‌နေ့မှစတင်ကာ မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အတွင်းရှိ ‌ကော့လှာ‌ကျောင်းတိုက်တွင် ဒုတိယအကြိမ် ထပ်မံ ဖွင့်လှစ် သင်ကြား‌ပေးမည်ဖြစ်‌ကြောင်း ‌စောဟို‌ရှေးက ‌ပြောသည်။
မတ်လ ၇ ရက်မှ ၃၁ ရက်‌နေ့အထိ ၂၅ ရက်တာ သင်ကြား‌ပေးမည့် ယခုသင်တန်းကို KED-ကရင်ပညာ ‌ရေးနှင့် ယဉ်‌ကျေးမှုဌာနနှင့် ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်းတုို့ အသိအမှတ်ပြု ဆရာ၊ ဆရာမများမှ ပိုးနှင့် စ‌ကော ကရင် နှစ်မျိုးလုံးကို လာ‌ရောက် သင်ကြားပို့ချ‌ပေးမည်ဟု သိရသည်။
ထိုသို့သင်ကြား‌ပေးရာတွင်လည်း က‌လေးငယ်နှင့် အရွယ်‌ရောက်ပြီးလူငယ်ဟူ၍ နှစ်ပိုင်းခွဲထားကာ နံနက် ၉ နာရီမှ ၁၂ နာရီအထိ စာ‌ပေနှင့်စကား‌ပြော ကဏ္ဍ၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ယဉ်‌ကျေးမှု(ဒုံးအက) များကို သင်ကြား‌ပေးမည်ဖြစ်ပြီး စာ‌ရေးကိရိယာ၊ ကားအကြိုအပို့နှင့် အ‌ကျွေးအ‌မွေးများပါ စီစဉ်ထား‌ကြောင်းလည်း သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။
‌မော်လမြိုင်မြို့‌ပေါ်ရှိ ရပ်ကွက်အသီးသီး၌ ကရင်အိမ်‌ထောင်စု တစ်ရာ‌ကျော် ပြန့်ကျဲစွာ‌နေ ထိုင်လျက်ရှိသည်ဟု သိရပြီး အချို့မှာအစုိုးရ ဝန်ထမ်းအ‌နေဖြင့် ‌ပြောင်း‌ရွှေ့ကာ ‌ရောက်ရှိ‌နေထိုင်‌နေခြင်းဖြစ်သည်ဟု သိရသည်။
‌မော်လမြိုင်မြို့ခံတစ်ဦးဖြစ်သူ ‌စောဘိုစိန်က“ ဒီမှာရှိတဲ့ ကရင်သားသမီး‌တွေရဲ့တက်‌ရောက်သင်ယူမှုက‌တော့ အား‌တော့ သိပ်မရဘူး။ စီးပွား‌ရေးအ‌ခြေအ‌နေအရ မအားမလပ်‌တွေကများ‌နေတယ်။ မနှစ်က‌တော့မိတ်ဆက် သ‌ဘောမျိုး‌ပေါ့။ တစ်ချို့ကျ ‌တော်‌တော်များများတတ်သွားတယ်။ တစ်ချို့ကျ‌တော့လည်း မိတ်ဆက်တဲ့အဆင့် ‌လောက်ပဲရှိတယ်။ ဒီနှစ်မှာ ဆက်လုပ်‌တော့ ပိုပြီး‌တော့ထူးခြားမှု‌တွေရှိလာနိုင်တယ်” ဟုသုံးသပ်‌ပြောဆိုသည်။
‌မော်လမြိုင်မြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီကို ၂၀၁၇ ခုနှစ်တွင် သတ်သတ်မှတ်မှတ်ဖွဲ့စည်းခဲ့ပြီး စကား၊ စာ‌ပေ၊ ယဉ်‌ကျေးမှုသင်တန်း အပါအဝင် ကရင်နှစ်သစ်ကူး၊ ဝါ‌ခေါင်လချည်ဖြူဖွဲ့ အစရှိသည့် ကရင့်အ‌ရေးအရာများကို ဦး‌ဆောင် ပါဝင် ပြုလုပ်‌ပေး‌နေသည်ဟု သိရသည်။