Home သတင်း တရားမဝင် ‌တောရိုင်းတိရိစ္ဆာန်‌ရောင်းဝယ်‌ဖောက်ကားမှု အဆုံးသတ်ရန် မြန်မာနိုင်ငံကို EU တိုက်တွန်း

တရားမဝင် ‌တောရိုင်းတိရိစ္ဆာန်‌ရောင်းဝယ်‌ဖောက်ကားမှု အဆုံးသတ်ရန် မြန်မာနိုင်ငံကို EU တိုက်တွန်း

2131

မတ်လ ၄ ရက်၊ ၂၀၁၉ ခုနှစ်။ စအုိုင်ဆူး

မြန်မာနုိုင်ငံအ‌နေဖြင့် တရားမဝင် ‌တောရိုင်းတိရိစ္ဆာန်‌ရောင်းဝယ်‌ဖောက်ကားမှု အဆုံးသတ်ရန် ယမန်‌နေ့(မတ်လ ၃ရက်)တွင် ကျ‌ရောက်သည့် ကမ္ဘာ့‌တောရိုင်းတိရိစ္ဆာန်များ‌နေ့တွင် မြန်မာနိုင်ငံရှိ ဥ‌ရောပသမဂ္ဂ-EUက ထုတ်ပြန် ချက်တစ်‌စောင် ထုုတ်ပြန်ကာ တုိုက်တွန်းလုိုက်သည်။

မြန်မာနိုင်ငံရှိ အီးယူ သံတမန်အကြီးအကဲများ၏ သ‌ဘောတူညီချက်ဖြင့် ထုတ်ပြန်လိုက်သည့် ၎င်းသတင်းထုတ်ပြန် ချက်တွင် မြန်မာနိုင်ငံ၏ နယ်စပ်‌ဒေသများ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ‌တောရိုင်းတိရိစ္ဆာန်အစိတ်အ ပိုင်းများ တရားမဝင်‌ရောင်းချမှုအား တားဆီးခြင်းကို မြန်မာအစိုးရက အ‌စောတလျင် ‌ဆောင်ရွက်မည်ဆိုပါက ‌ကောင်းမွန်သည့် အကျိုးသက်‌ရောက်မှုများရှိမည်ဟု ဆိုထားသည်။

ထုို့အပြင် ‌တောရိုင်းတိရိစ္ဆာန် တရားမဝင်‌ရောင်းချမှုများအား တားမြစ်မှုကို ထိထိ‌ရောက်‌ရောက် ‌ဆောင်ရွက်ခြင်း၊ ‌တောရိုင်းတိရိစ္ဆာန် တရားမဝင်ကုန်သွယ်မှုမှ ထွက်‌ပေါ်လာ‌သော တရားမဝင် ‌ငွေ‌ကြေးစီးဆင်းမှုများကို ကိုင် တွယ်‌ဆောင်ရွက်ခြင်းတို့ကိုလည်း အ‌ရေးယူ‌ဆောင်ရွက်မှုများ လုပ်‌ဆောင်ပါက မြန်မာနိုင်ငံသည် ‌တောရိုင်း တိရိစ္ဆာန်များနှင့် စပ်လျဉ်းသည့် ရာဇဝတ်ပြစ်မှုကို လုံးဝ သီးမခံ‌ကြောင်း သတင်းစကားကို ပိုမိုခိုင်မာလာ‌စေမည် ဖြစ်‌ကြောင်းလည်း အီးယူ၏ ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

အီးယူ၏ ထုုတ်ပြန်ချက်ထဲတွင် တရုတ်နိုင်ငံတွင်ဖြစ်‌စေ၊ အခြား‌နေရာတွင်ဖြစ်‌စေ ရှိ‌နေသည့် သုံးစွဲသူ ဝယ်လိုအား များကို ဖြည့်ဆည်းရန် ပြစ်မှုကျူးလွန်သူများက ‌တောရိုင်း တိရိစ္ဆာန် တရားမဝင် တ်ကုန်များကို ‌ရောင်းချ‌နေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံ၏ ‌တောရိုင်းတိရစ္ဆာန်များမှာ ‌ဘေးအန္တရာယ် ဆက်လက်ရှိ‌နေလိမ့်မည် ဖြစ်သလို ရာဇဝတ်ပြစ်မှုဂိုဏ်းများ၏ အိတ်‌ထောင်(အိတ်ကပ်)များကိုလည်း ဤ‌ရောင်းဝယ်‌ဖောက်ကားမှုက ဆက်လက် ဖြည့်တင်း‌ပေး‌နေမည်ဟုု ‌ထောက်ပြ ‌ပြောဆုိုသည်။

မြန်မာအစိုးရအ‌နေဖြင့် ၂၀၁၈ ခုနှစ်၊ ‌မေလတွင် ပြည်‌ထောင်စုလွှတ်‌တော်က ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်း သိမ်း‌ရေး နယ်‌မြေများကာကွယ်‌စောင့်‌ရှောက်ခြင်းဆိုင်ရာ ဥပ‌ဒေကို ပြဋ္ဌာန်းခဲ့ပြီး ‌တောရိုင်းတိရိစ္ဆာန် များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာ ကွယ်‌စောင့်‌ရှောက်ရန် အားဖြည့်ကြိုးပမ်းခဲ့သည်ဟု အီးယူကဆိုထားပြီး ၎င်းအ‌ပေါ် မြန်မာအစိုးရအား ဥ‌ရောပသမဂ္ဂ သံတမန် အကြီးအကဲများနှင့်အတူ အဖွဲ့ဝင်နိုင်ငံများက ဂုဏ်ပြုချီးကျူးလို‌ကြောင်း ထုတ်ပြန်ချက်တွင်‌ဖော်ပြပါရှိသည်။

၎င်းထုုတ်ပြန်ချက်အ‌ပေါ် ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှု‌ရေးဆိုင်ရာ လုပ်ရှားမှုကွန်ယက် (KESAN)၏ ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွာက “အီးယူအ‌နေနဲ့ မြန်မာနိုင်ငံရဲ့ ဥပ‌ဒေ‌တွေကို ‌သေ‌သေချာချာ ‌လေ့လာဖို့လိုတယ်။ ဆိုလိုတာက အစိုးရရဲ့ လုပ်‌ဆောင်ချက်‌ကောင်း‌တွေကို‌ပြောဆိုသလို စိန်‌ခေါ်ချက်‌တွေ၊ အားနည်းချက်‌တွေကိုလည်း ‌ထောက်ပြသင့် တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မြန်မာအစိုးရအ‌နေဖြင့် ဌာ‌နေတိုင်းရင်းသားများနှင့် ၎င်းတို့၏ ထိန်းသိမ်းကာကွယ်မှုများကို အသိအ မှတ်ပြုမှုမရှိလျှင် အစိုးရ၏ ကာကွယ်ထိန်းသိမ်မှု ‌ဆောင်ရွက်ချက်များသည် အ‌ကောင်အထည်ဖြစ်‌ပေါ်လာမည်မ ဟုတ်‌ကြောင်းလည်း ‌စော‌ပေါလ်စိန်ထွားက ဖြည့်စွက်‌ပြောဆုိုသည်။

‌တောရိုင်း တိရိစ္ဆာန် ကာကွယ်‌ရေး‌တောထိန်း ကင်းလှည့်အဖွဲ့များကို တိုးမြှင့်‌ဆောင်ရွက်ခြင်း‌ကြောင့် မြန်မာနိုင်ငံ အတွင်း တစ်စိတ်တစ်ပိုင်းအ‌နေဖြင့် ဆင်သား‌ရေခွာထုတ်ယူခြင်း အ‌ရေးအခင်းမှာ ‌လျော့ပါးသွားခဲ့‌သော်လည်း ‌တောဆင်ရိုင်းများ သာမက သင်း‌ခွေချပ်၊ ကျား၊ ပင်လယ်လိပ်များကဲ့သို့ မျိုးသုဉ်း‌ပျောက်ကွယ်လုနီး‌နေသည့် သတ္တဝါများအား ကာကွယ်‌စောင့်‌ရှောက်ရန် မြန်မာနိုင်ငံအ‌နေဖြင့် ရုန်းကန် အားထုတ်‌နေရဆဲဖြစ်သည်ဟု အီးယူက ‌ထောက်ပြ‌ပြောဆိုခဲ့သည်။

၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၂ဝရက်‌နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံ၏ ၆၈ ကြိမ်‌မြောက် အစည်းအ‌ဝေး ပွဲတွင် ယခင် မျိုးသုဉ်းအန္တရာယ်ကြုံ‌တွေ့‌နေရသည့် ‌ဒေသရင်း ‌တောရိုင်းတိရိစ္ဆာန်နှင့် အပင်မျိုးစိ ]တ်များအား နိုင်ငံတကာ ‌ရောင်းဝယ်‌ဖောက်ကားမှုဆိုင်ရာ သ‌ဘောတူညီချက် (Convention on International Trade in Endangered Species of Wild Fauna and Flora(CITES)အဖြစ် သတ်မှတ်ထား‌သော‌နေ့ကို ကမ္ဘာ့‌တောရိုင်းတိရိစာ္ဆန်များ‌နေ့အဖြစ် မတ်လ ၃ရက်‌နေ့တွင် သတ်မှတ်ရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်အ‌ပေါ် ‌ကြေညာရန် သ‌ဘောတူဆုံးဖြတ်ခဲ့သည်။