Home သတင်း ကရင့်‌ရေးရာများ လုပ်‌ဆောင်ရန် ရန်ကုန်တိုင်းစာယဉ် ကိုယ်ပိုင်‌မြေ ဝယ်ယူ

ကရင့်‌ရေးရာများ လုပ်‌ဆောင်ရန် ရန်ကုန်တိုင်းစာယဉ် ကိုယ်ပိုင်‌မြေ ဝယ်ယူ

2493

မတ်လ ၃ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ကရင် ရိုးရာ၊ ယဉ်‌ကျေးမှု ပွဲ‌တော်များနှင့် ကရင်စာ‌ပေ ဖွံ့ဖြိုးတိုးတက်မှုများ လုပ်‌ဆောင်ရန် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီက လှိုင်သာယာမြို့နယ်အတွင်းရှိ အစိုးရပိုင်‌မြေ‌နေရာကို ကိုယ်ပိုင်ဝယ်ယူ လိုက်ပြီးဖြစ်သည်ဟု တိုင်းစာယဉ် ဥက္ကဌ ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောသည်။

ဝန်ကြီးက “တိုင်းစာယဉ်အ‌နေနဲ့ ကိုယ်ပိုင်‌မြေ‌နေရာ ဝယ်ချင်တယ်ဆိုပြီး‌တော့ တိုင်းအစိုးရအဖွဲ့ကို တင်ပြတယ်။ အစိုးရအဖွဲ့ကလည်း သ‌ဘောတူတယ်။ ‌နေရာရှာ‌တော့ ကျမစဉ်းစားတယ်။ ကရင်လူမျိုး‌တွေအများစု‌နေတဲ့ ရန်ကုန် ‌မြောက်ပိုင်းခရိုင်၊ ‌တောင်ပိုင်းခရိုင်၊ ‌နောက် ဧရာဝတီတိုင်း ဘက်ကလာရင်လည်း အဆင်‌ပြေတဲ့ လှိုင်သာယာကို ‌ရွေးလိုက်တယ်” ဟု ဝန်ကြီးက ‌ပြောသည်။

ရန်ကုန်တိုင်းစာယဉ်က အစိုးရထံမှ ဝယ်ယူမည့် ‌မြေ‌နေရာသည် လှိုင်သာယာမြို့နယ်၊ ‌ရွှေလင်ပန်း စက်မှုဇုံအနီး၊ ၁၅ ရပ်ကွက်ရှိ ‌မြေတိုင်းအမှတ်(ရလပ-၂၈)၊ ‌မြေကွက်အမှတ် ၁၂၇ ဖြစ်ပြီး အကျယ်အဝန်းမှာ ၃ ဒသမ ၉၉ ဧက ခန့်ရှိသည်။

အဆိုပါ‌မြေကို တစ်စတုရန်း‌ပေလျှင် ကျပ် ၉၀ဝ နှုန်းအစိုးရထံ ‌ပေး‌ချေရမည်ဖြစ်ပြီး စုစု‌ပေါင်း ကျပ်သိန်း ၁,၆၀ဝ ခန့် အစိုးရအား‌မြေဖိုး ‌ပေး‌ချေသွားရမည်ဖြစ်ကာ လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး၊ မြို့နယ်အသီးသီးရှိ စာယဉ် များအားလုံး စု‌ပေါင်းရံပုံ‌ငွေ ကျပ်သိန်း ၅၀ဝ ကို ကနဦး‌ပေး‌ချေသွားမည်ဖြစ်သည်။ ထို‌နောက် ကျန်‌ငွေကို အလှူ ‌ငွေ‌ကောက်ခံကာ ရံပုံ‌ငွေရှာ‌ဖွေသွားမည်ဖြစ်ပြီး အလှူရှင်များကို ‌ကျောက်စာ‌ရေးထိုး မှတ်တမ်းတင် ‌ပေးသွားမည်ဟု ဝန်ကြီးက ဆက်‌ပြော သည်။

ယခုလို အစိုးရ‌မြေ ဝယ်ယူခြင်းအတွက် ‌မြေတိုင်းခြင်းလုပ်ငန်းစဉ်ကို တိုင်း‌ဒေသကြီး စာယဉ်တာဝန်ရှိသူများ၊ မြို့ နယ်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီဝင်များ၊ ရန်ကုန်မြို့‌တော်စည်ပင်သာယာ‌ရေး‌ကော်မတီမှ တာဝန်ရှိသူများ၊ ရပ်ကွက် တာဝန်ရှိသူများအပါအဝင် မတ်လ ၃ဝ ရက်‌နေ့ နံနက် ၁ဝ နာရီတွင် အဆိုပါ ‌မြေ‌နေရာ၌ ပြုလုပ်ခဲ့သည်။

တိုင်းစာယဉ် ဝယ်ယူမည့်‌မြေ‌နေရာသည် လက်ရှိတွင် ‌ရေကန်နှစ်ကန်ပါရှိပြီး ကျူး‌ကျော် အိမ်တစ်လုံးတည် ‌ဆောက်ထားသလို ‌မြေကွက် အချို့‌နေရာများတွင် အမှိုက်ပုံများလည်း ရှိသည်ကို ‌တွေ့ရသည်။ ထို့အတွက် လတ်တ‌လော ‌မြေ‌နေရာ ပြုပြင်ခြင်းလုပ်ငန်းကို ကနဦး လုပ်ကိုင်ရမည့်သ‌ဘောရှိသည်ဟု တိုင်းစာယဉ် အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁ဝ ‌နောက်ပိုင်း ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း‌ဒေသကြီး၊ မွန်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီတို့ကို တိုင်းနှင့် ပြည်နယ်အဆင့် အသီးသီးဖွဲ့စည်းပြီး‌နောက် မွန်ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီ ကိုယ်ပိုင်ရုံး တိုက်ခန်းကို ‌မော်လမြိုင်မြို့တွင် ဖွင့်လှစ်ခဲ့နိုင်ခဲ့သည်။ ရန်ကုန်တိုင်း စာယဉ်အ‌နေဖြင့်လည်း ကိုယ်ပိုင်‌မြေ‌နေရာ စတင် ရရှိပြီး ဖြစ်သလို ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ ကိုယ်ပိုင်ရုံးဖွင့်လှစ်ရန် ‌ဒေသခံတစ်ဦးက ‌မြေ‌နေရာလှူဒါန်း ထားမှုများရှိ‌ကြောင်း ဆိုင်ရာစာယဉ် တာဝန်ရှိသူ များထံမှ သိရသည်။