Home သတင်း ကရင်စာ‌ပေတိုးတက်ရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီရန် လိုအပ်‌နေ‌သေးဟု ကရင်စာယဉ်ဥက္ကဌ‌ပြော

ကရင်စာ‌ပေတိုးတက်ရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီရန် လိုအပ်‌နေ‌သေးဟု ကရင်စာယဉ်ဥက္ကဌ‌ပြော

2833

မတ် ၂၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်စာ‌ပေတိုးတက်‌ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီအား‌ပေးရန် လိုအပ်‌နေ‌သေး‌ကြောင်း ကရင် ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်း ဥက္ကဌ ‌စော‌အေးမြက ယ‌နေ့ (မတ်လ ၂၉ ရက်) ဖားအံမြို့၊ ကရင်‌ကျောင်းသားများရိပ်သာ(KSC)၌ ပြုလုပ်သည့် ၄၉ ကြိမ်‌မြောက် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု ဆရာဖြစ်(နည်းပြ) မွမ်းမံသင်တန်းဖွင့်ပွဲတွင် ‌ပြောသည်။

‌စော‌အေးမြက “စာ‌ပေ တိုးတက်ချင်ရင် အချင်းချင်း များများ‌တွေ့ဆုံ‌ဆွေး‌နွေးရမယ်။ သူ့အိမ်သူ‌နေ ကိုယ့်အိမ် ကိုယ်‌နေ ‌နေမယ်ဆို သတင်းအချက်အလက်မသိ‌တော့ ဘယ်နားလည်ကြမလဲ။ အခုက အဖိုးရယ် ဒါကို ကျ ‌နော်တို့မှ မသိတာ ဆိုတဲ့လူ‌တွေ တပုံကြီးရှိ‌သေးတယ်။ ဒါ‌ကြောင့် မီဒီယာ‌ရော၊ အဖိုးတို့‌ရော၊ ဘာသာ‌ရေး‌ခေါင်း ‌ဆောင်‌တွေ‌ရော အဖက်ဖက်က လို‌သေးတာ‌ပေါ့” ဟု အခမ်းအနားအပြီးတွင် ‌ပြောသည်။

၂၀၁၂ ခုနှစ်‌နောက်ပိုင်း အစိုးရစာသင်‌ကျောင်းများတွင် တိုင်းရင်းသားစာ‌ပေများ ထည့်သွင်းသင်ကြားခွင့်ရသည့် အချိန်မှစ၍ ကရင်စာ‌ပေ တိုးတက်လာသည့်အပိုင်းများရှိ‌သော်လည်း ကရင်မိဘပြည်သူနှင့် ‌ကျောင်းအုပ်၊ ဆရာ၊ ဆရာမအချို့က စာ‌ပေသင်ကြားရာတွင် အား‌ပေးအား‌မြှောက်ခြင်း မရှိ‌သေးသည်က စာ‌ပေတိုးတက်‌ရေးတွင် အ ဟန့်အတားများဖြစ်‌နေ‌သေး‌ကြောင်း ‌စော‌အေးမြက ဆက်‌ပြောသည်။

ကရင်စာ‌ပေတိုးတက်ဖွံ့ဖြိုးတိုးတက်‌ရေး ကြိုးပမ်းမှုတစ်ခုအ‌နေဖြင့် ‌ကျေးရွာအသီးသီးတွင် ‌နွေရာသီ စာ‌ပေ၊ ယဉ် ‌ကျေးမှု ဘာသာရပ်များ ဖွင့်လှစ်မည့်ဆင့်ပွားသင်တန်းများအတွက် အရည်အ‌သွေးပြည့်မီသည့် ဆရာများ ရရှိ ‌ရေး ရည်ရွယ်ကာ ပြည်နယ် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းမှဦး‌ဆောင်ပြီး ယခုကဲ့သို့ ဆ ရာဖြစ်သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်လာခဲ့ခြင်းလည်းဖြစ်သည်။

ဆရာဖြစ်မွမ်းမံသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်လာခဲ့ရာ ယခုနှစ် ၄၉ ကြိမ်‌မြောက်စတင်ဖွင့်လှစ်လိုက်သည့် သင်တန်းတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း ‌ဒေသကြီးများမှ ကရင်လူငယ်‌မောင်မယ် သင် တန်းသူ/သား စုစု‌ပေါင်း ၄၉၁ ဦး တက်‌ရောက်မည်ဟု သိရသည်။

ထို့အပြင် သင်တန်းအတွက် သင်တန်းသားများ‌ခေါ်ယူလက်ခံရာတွင်လည်း ‌ဝေးလံ‌သော‌ဒေသများမှအပ အနိမ့် ဆုံး ကရင်စာ ၂ တန်း‌အောင်မြင်ထားသူ၊ အ‌ခြေခံဒုံးအက တတ်‌မြောက်သူ၊ အသက် ၁၆ နှစ် အထက် ရှိပြီးသူ၊ အဌမတန်း ‌အောင်မြင်ထားသူများကိုသာ ဆရာဖြစ်မွမ်းမံသင်တန်းသို့ တက်‌ရောက်ရန် ကန့်သတ်ချက်များ ထား ရှိ‌ကြောင်း သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

မတ်လ ၂၉ ရက်မှ ဧပြီလ ၁၁ ရက်‌နေ့ အထိ ပြုလုပ်သွားမည့် အဆိုပါသင်တန်းတွင် ကရင်စာ‌ပေကဏ္ဍ၌ ကရင် စာ(လိုက်ထူးလီ-လိက်ထူ့လီ)၊ စ‌ကောကရင်စာ (၂) မျိုးအပါအဝင် ယဉ်‌ကျေးမှုအပိုင်းတွင် ကရင်ရိုးရာဒုံးအက၊ ကရင် ကဗျာ လကင်္ာဖွဲ့နည်း၊ အတီးအမှုတ်များကိုလည်း နည်းပြ ဆရာ/မ ၁၄ဝ ဦးမှ သင်ကြား ပြသ‌ပေးသွား မည်ဖြစ်သည်ဟု သိရသည်။

ဖားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်၊ မူ့စရီး‌ကျေးရွာမှ သင်တန်းတက်‌ရောက်လာသူ ‌စောအဲ‌လောင်ဆိုက “က ရင်ဖြစ်ပြီး ကရင်စာ မတတ်ရင် ကရင်လို့ ‌ပြောလို့မရပါဘူး။ ဒါ‌ကြောင့် ကရင်စာ တတ်‌မြောက်ပြီး ယဉ်‌ကျေးမှု ‌တွေ မပ‌ပျောက်‌အောင် ကျ‌နော်တာဝန်ယူမယ့်တဲ့ရွာက က‌လေး‌တွေအတွက် ပြန်လည်သင်ကြား ပြသသွားပါ မယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ ‌ကော့ကရိတ်မြို့နယ်၊ မိုင်းဖညားရွာမှ ပထမဆုံးအကြိမ် သင်တန်းတက်‌ရောက်လာ‌သော နန်းယို‌ဖော့ ‌ဘောင်ကလည်း “ညီမတို့ရွာသား‌တွေမှာ အားနည်းချက်‌တွေ အနည်းငယ်ရှိ‌နေတယ်။ ဒီကို တက်‌ရောက်လာ ‌တော့ မသိမတတ်အတဲ့အရာ‌တွေ တတ်သိလာ‌အောင် ကြိုးစားသင်ယူတတ်‌မြောက်ဖို့ ရည်ရွယ်ပါတယ်↔ဟု ‌ပြောသည်။

ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ပြန့်ပွား‌ရေး အသင်းအ‌နေဖြင့် နှစ်စဉ် ကရင်စာ‌ပေ‌နွေရာသီ သင်တန်းဖွင့် လှစ်ခဲ့ရာ ယခု ၄၉ ကြိမ်‌မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဆရာဖြစ်မွမ်းမံသင်တန်းများအပြင် သီးခြား‌နွေရာသီ ကရင် စာ‌ပေ သင်တန်းများကိုလည်း ဖွင့်လှစ်လျက်ရှိ‌ကြောင်း စာယဉ် တာဝန်ရှိသူများထံမှ သိရသည်။