Home သတင်း ပဒိုမန်းရှာ ၁၁ နှစ်ပြည့် ‌အောက်‌မေ့ဖွယ် ‌မွေးရပ်‌မြေတွင် စကားဝိုင်းပြုလုပ်

ပဒိုမန်းရှာ ၁၁ နှစ်ပြည့် ‌အောက်‌မေ့ဖွယ် ‌မွေးရပ်‌မြေတွင် စကားဝိုင်းပြုလုပ်

2951

‌ဖေ‌ဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၉ခုနှစ်။ နန့်‌ဖောင်မွီးရှာ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်းဖြစ်သူ ပဒိုမန်းရှာလားဖန်း ကျဆုံး ခြင်း ၁၁ နှစ်ပြည့် ‌အောက်‌မေ့ဖွယ် အခမ်းအနားကို ယ‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၄ရက်) သူ၏ ‌မွေးရပ်ဇာတိ ဧရာဝ တီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ် ၊ ‌တော‌ကျောင်း‌ကျေးရွာ၌ ပြုလုပ်ခဲ့ရာ ၎င်းနှင့်ပတ်သက်‌သော စကားဝိုင်း‌ဟော‌ပြော‌ဆွေး‌နွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

ယ‌နေ့ ပြုလုပ်သည့် ၁၁နှစ်ပြည့် ‌အောက်‌မေ့ဖွယ် အခမ်းအနားကို တက်‌ရောက်လာကြ‌သော ပဒိုမန်းရှာ လားဖန်းအား ချစ်ခင်‌လေးစားသူများနှင့် ‌မွေးရပ်ဇာတိမှ ကျန်ရစ်‌သော မိသားစုတို့က ပဒိုမန်းရှာနှင့် ပတ်သက် ‌သော အ‌ကြောင်းများကို စကားဝိုင်းပုံစံ ‌ဟော‌ပြော‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားသို့ ပန်းတ‌နော်၊ ‌ညောင်တုန်း၊ ပုသိမ်၊ ကန်ကြီး‌ထောင့်၊ ‌ကျောင်းကုန်း မြို့နယ်များအပြင် ရန်ကုန် တိုင်းနှင့် ကရင်ပြည်နယ်တို့မှ ၎င်းအား‌လေးစားချစ်ခင်ကြသူများက တက်‌ရောက်ခဲ့ကြပြီး အာရုဏ်ဆွမ်း ကပ် ခြင်း၊ ရှာထု‌ဝေါင်း ပရဟိတကျန်းမာ‌ရေးအဖွဲ့ ဖန်း‌ဖောင်‌ဒေးရှင်းမှ လှူဒါန်းထားသည့် ကားအား ‌ရေစက်ချ အမျှ‌ဝေ ခြင်း၊ မိသားစုဝင်များနှင့် အနယ်အနယ် အရပ်ရပ်မှ လာ‌ရောက်ကြသူများက ပဒိုမန်းရှာ၏ ရုပ်ထု‌ရှေ့တွင် လွမ်းသူ့ပန်း‌ခွေများချကာ အ‌လေးပြုခဲ့ကြသည်။

ပန်းတ‌နော်သား ဇာတိဖြစ်သူ ပဒိုမန်းရှာလားဖန်း ကွယ်လွန်ချိန်တွင် KNU ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး တာဝန် ကို ထမ်း‌ဆောင်‌နေပြီး အသက် ၆၃ နှစ်ရှိသည်။ ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့၊ ည‌နေ ၄ နာရီခွဲ အချိန် တွင် အမည်မသိ ‌သေနတ်သမားနှစ်ဦး၏ လုပ်ကြံပစ်ခတ်မှု‌ကြောင့် သူ‌နေထိုင်ရာ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၊ ‌နေအိမ်၌ ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ပဒိုမန်းရှာလားဖန်း၏ ကျန်ရစ်သူ သားသမီးများ၊ လုပ်‌ဖော်ကိုင်ဖက်များနှင့် ‌လေးစားချစ်ခင်သူများမှ ၎င်းအုတ်ဂူတည်ရှိရာ KNU ဖားအံခရိုင်၊ ‌သေ့‌ဘေ့ထာ့‌နေရာ၌လည်း ယ‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်)ညတွင် ‌အောက်‌မေ့ဖွယ် မီးထွန်းပွဲအစီအစဉ်တစ်ရပ် ပြုလုပ်ခဲ့ကြသည်။