Home သတင်း KNDO စစ်ဦးစီးချုပ်‌ဟောင်း ဗိုလ်မှူးချုပ် မန်း‌ကျော်‌ဖေ ကွယ်လွန်

KNDO စစ်ဦးစီးချုပ်‌ဟောင်း ဗိုလ်မှူးချုပ် မန်း‌ကျော်‌ဖေ ကွယ်လွန်

4750

ဇန်နဝါရီ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့အစည်း-KNDO ဦးစီးချုပ်‌ဟောင်း ဗိုလ်မှူးချုပ် မန်း‌ကျော်‌ဖေသည် အ‌မေရိကန်နိုင်ငံ၌ ဇန်နဝါရီလ ၂၁ ရက်‌နေ့၊ ‌ဒေသစံ‌တော်ချိန် ည (၉)နာရီ‌ကျော်တွင် ဦး‌နှောက်‌သွေး‌ကြောပြတ်၍ ကွယ်လွန်သွားခဲ့သည်ဟု သူ၏ သမီး‌ထွေးဖြစ်သူ နန်းစန်းစန်းသွယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ည (၉)နာရီ ၁၈မိနစ်‌လောက်က ဆုံးသွားတာ။ ဆုံးသွားတာက ဆရာဝန်‌ပြောပြတာက‌တော့ ဦး‌နှောက်‌သွေး ‌ကြောပြတ်ပြီးဆုံးသွားတယ်လို့ ‌ပြောတယ်။ ဦး‌နှောက်‌သွေး‌ကြောက ပြတ်ပြီး ‌သွေးလွန်ပြီးဆုံးသွားတယ်‌ပြော တယ်။ ၆ ရက်‌လောက် သတိလစ်ပြီး‌တော့ ဆရာဝန်ကယ်လို့မရ‌တော့တဲ့အဆုံးမှာ ဆုံးသွားတာပါပဲ။ ‌ဆေးရုံမှာပဲ ဆုံးသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌မေရိကန်နိုင်ငံ Kentucky ပြည်နယ်၊ Bowling Green မြို့တွင် သွား‌ရောက် ‌နေထိုင်သည့် ဗိုလ်မှူးချုပ် မန်း‌ကျော်‌ဖေသည် ကွယ်လွန်ချိန်တွင် အသက် ၇၈နှစ်ရှိပြီး လက်ရှိတွင် ၎င်း၏ရုပ်ကလာပ်ကို ‌နေအိမ်၌ ပြန်လာထားပြီး လာမည့် ဇန်နဝါရီလ ၂၇ တနဂင်္‌နွေ‌နေ့တွင် မီးသဂြုႋဟ်၍ ပင့်သံဃာ‌တော်များဖြင့်
ဆွမ်း‌ကျွေး‌ရေစက်ချ အမျှ‌ပေး‌ဝေသွားမည်ဟုလည်း နန်းစန်းစန်းသွယ်က ဆက်‌ပြောသည်။

ဗိုလ်မှူးချုပ်မန်း‌ကျော်‌ဖေသည် အသက် ၂၁နှစ်အရွယ် ၁၉၆၂ ခုနှစ်မှ စ၍ KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)နယ်‌မြေရှိ ‌ကေအဲန်ဒီအို တပ်ရင်း(၆)တွင် တပ်သားအ‌နေဖြင့်စတင်ဝင်‌ရောက်ခဲ့ပြီး တပ်ခွဲမှူး၊ တပ်ရင်းမှူးစသည့် တာဝန်အဆင့်အဆင့်ယူခဲ့ပြီး ‌ကေအဲန်ဒီအို စစ်ဦးစီးချုပ်အထိ တာဝန်ယူခဲ့ကာ ကျန်းမာ‌ရေး အ‌ခြေအ‌နေအရ တာဝန်မှ အနားယူပြီး‌နောက် သားသမီးများရှိရာ အ‌မေရိကန်နိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင်သွား ‌ရောက်အ‌ခြေချခဲ့သည်။

၎င်း၏ လုပ်‌ဖော်ကိုင်ဖက်‌ဟောင်းဖြစ်သူ ယခင် ဒူးပလာယာခရိုင်အတွင်း‌ရေးမှူး‌ဟောင်းဖြစ်သူ လက်ရှိ KNU စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က “သူက တည်ငြိမ်‌အေး‌ဆေးတဲ့ ‌ခေါင်း ‌ဆောင် တစ်‌ယောက်ပါ။ တပ်ဖက်ကဆို‌ပေမဲ့ သူ့ရဲ‌ဘော်ရဲဘက်‌တွေအ‌ပေါ်မှာ အမိန့်ထက် စည်းရုံး‌ရေး အသွင် ဆန်တယ်။ ‌နောက်ပြီး ဗဟို‌ခေါင်း‌ဆောင်ဖြစ်လာတဲ့အချိန်ထိဆို ပိုပြီး‌တော့မှ တည်ငြိမ်တဲ့ ‌ခေါင်း‌ဆောင် ဖြစ်လာ တယ်။ လူထု‌တွေ အ‌ပေါ်မှာလည်း စည်းရုံးနိုင်စွမ်းရှိတာ‌ကြောင့် လူချစ်လူခင်‌ပေါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌မေရိကန်နိုင်ငံသို့ ‌ရောက်ရှိချိန်တွင်လည်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO တွင် ဒု-ဥက္ကဌ အ‌နေဖြင့် တာဝန်ယူ၍ နိုင်ငံတကာ‌ရောက် ကရင်လူမှုအဖွဲ့များဖြင့် အမျိုးသားလှုပ်ရှားမှုများဆက်လက်လုပ်‌ဆောင်‌နေစဉ် ယခုလိုကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးသည်နှင့် သားသမီး ၈ ဦး ကျန်ရစ်ခဲ့သည်ဟု မိသားစုဝင်များက ‌ပြောသည်။