Home သတင်း BGF ၄ဦး ‌သေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရ‌အောင် ပစ်ခတ်သွားသူကို အ‌သေဖမ်းမိ

BGF ၄ဦး ‌သေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရ‌အောင် ပစ်ခတ်သွားသူကို အ‌သေဖမ်းမိ

2665

ဇန်နဝါရီ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့နယ်အတွင်း ယမန်‌နေ့ညက နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ဝင် ၄ဦးအား ‌သေနတ်ဖြင့် ပစ်သတ်သွားသူကို ယ‌နေ့ (ဇန်နဝါရီလ ၂ ရက်) နံနက်က အ‌သေ ပစ်ခတ်ဖမ်းဆီးရ‌ကြောင်း အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရတခ)မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဗိုလ်မှူးကြီး‌မောင်‌မောင်လတ်က ‌ကေအိုင်စီသို့ အတည်ပြု‌ပြောကြားသည်။

ဗိုလ်မှူးကြီး‌မောင်‌မောင်လတ်က “ညက ပစ်ခတ်မှုဖြစ်တာ‌တော့ ဟုတ်ပါတယ်။ BGF တပ်ကပါ။ ပစ်သွားတဲ့သူကို‌တော့ ဒီမနက် ၁၁နာရီမှာ အ‌သေရမိပါပြီခင်ဗျ”ဟု ယ‌နေ့ ဇန်နဝါရီလ ၂ရက်‌နေ့ နံနက်က ‌ပြောသည်။

၎င်းပစ်ခတ်သွားသူမှာ နယ်ခြား‌စောင့်တပ် (BGF) တပ်နယ် (၄) တပ်သား ‌စော‌ပေ‌ပေဟု သိရပြီး ၎င်းကို ယ‌နေ့နံနက်က အတွင်း မဲကနယ်အနီး အ‌သေဖမ်းဆီးရမိခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သကင်္န်းညီ‌နောင် ရွာသစ်‌ကျေးရွာ (၉၀၁) တပ်ဝင်းအတွင်း ယမန်‌နေ့ည ၉နာရီ ဝန်းကျင်ခန့်က BGF တပ်ဖွဲ့ ၁၀၂၁ တပ်ရင်းမှ တပ်ကြပ်တစ်ဦး အပါအဝင် တပ်သား ၃ဦးမှာ ယင်းပစ်ခတ်မှု‌ကြောင့် ‌သေဆုံးသွားခဲ့ပြီး အရပ်သား တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွား‌ကြောင်းလည်း သိရသည်။