Home သတင်း အိန္ဒု-‌ကော့ကရိတ်လမ်း ယခုအစိုးရသက်တမ်းတွင် အပြီးလုပ်ရန် တိုက်တွန်းမည်ဟု လွှတ်‌တော်ကိုယ်စားလှယ်‌ပြော

အိန္ဒု-‌ကော့ကရိတ်လမ်း ယခုအစိုးရသက်တမ်းတွင် အပြီးလုပ်ရန် တိုက်တွန်းမည်ဟု လွှတ်‌တော်ကိုယ်စားလှယ်‌ပြော

2638

ဇန်နဝါရီ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

လမ်းဆက်လက်‌ဖောက်လုပ်မှု ရပ်ဆိုင်းထား‌နေရဆဲဖြစ်သည့် ကရင်ပြည်နယ် အိန္ဒု၊ ‌ကော့ကရိတ်လမ်း ‌ဖောက်လုပ်မှုကို ကျန်ရှိသည့် NLD အစိုးရ သက်တမ်းတွင် အပြီး‌ဖောက်လုပ်နိုင်‌ရေးအတွက် တိုက်တွန်းလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ဖားအံမဲဆန္ဒနယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်းသန်းသန်းလွင်က ‌ပြောသည်။

၎င်းက “ပြည်သူ့ အစိုးရက ၂ နှစ်ပဲ ကျန်‌တော့တယ်။ ၂ နှစ်အတွင်းမှာ ပြီး‌အောင်လုပ်ဖို့‌တော့ တိုက်တွန်းရမှာ‌ပေါ့ ။ အစိုးရ အဖွဲ့က လုပ်ဖို့‌တော့ သူတို့ကြိုးစားရမယ်။ ပြီးမယ်မပြီးဘူးဆိုတာ‌တော့ ညှိနှှိုင်း‌ဆောင်ရွက်ချက်‌ပေါ်မှာပဲ မူတည် တယ်။ ဘာ ပြဿနာမှ မ‌ပေါ်ဘူးဆိုရင်‌တော့ ပြီးနိုင်မယ်။
‌ကျောက်ထုတ်တာနဲ့ပတ်သက်ပြီး ပြည်သူလူထု ဘက်က ဆက်လက်ကန့် ကွက်မယ်ဆိုရင်‌တော့ လုပ်ငန်းပြီးစီးနိုင်မှာ မဟုတ်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်ကာ ယ‌နေ့အထိ ပြန်လည် အ‌ကောင်အထည် မ‌ဖော်နိုင်‌သေးသည့် အဆိုပါ လမ်းစီမံကိန်း ပြီးစီး‌ရေးအတွက် ‌ဒေသခံပြည်သူများအ‌နေဖြင့် ဆက်လက်ကန့်ကွက်မှုများမပြုလုပ်ဘဲ ပူး‌ပေါင်းပါဝင် လုပ်‌ဆောင်သွားကြရန် လိုအပ်‌ကြောင်းလည်း ၎င်းကဆက်‌ပြောသည်။

‌ကော့ကရိတ် – အိန္ဒု အာရှလမ်းမစီမံကိန်းလမ်း‌ဖောက်လုပ်ရန်အတွက် အာရှဖွံ့ဖြိုး‌ရေးဘဏ်-ADB ‌ချေး‌ငွေ အ‌မေရိကန် ‌ဒေါ်လာသန်း ၁၂ဝ ဖြင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြီး လုပ်ငန်းအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ခဲ့ရာ ‌ဒေသခံပြည် သူများမှလမ်းအတွက် လိုအပ်သည့် ‌ကျောက်များကို လွန်းည‌တောင်တွင် ထုတ်လုပ်ခြင်း မပြုရန် ကန့်ကွက်မှုများဖြစ် ‌ပေါ်ခဲ့ခြင်းဖြစ်သည်။

ကန့်ကွက်မှုများ‌ကြောင့် ADB မှ လွန်းည‌တောင်‌ကျောက်ထုတ်ယူခွင့်ကို ဆက်လုပ်ခွင့်မပြုသည့်အတွက် လမ်းစီ မံကိန်း လုပ်‌ဆောင်‌နေမှုများကို ရပ်ဆိုင်းထားရပြီး‌နောက်ပိုင်း လမ်းပျက်စီးမှုများဆိုးရွားစွာ ဖြစ်‌ပေါ်ခဲ့သလို ၎င်းလမ်းကို အသုံးပြု ‌နေရသည့် ‌ဒေသခံများအ‌နေဖြင့်လည်း သွားလာ‌ရေးအခက်ကြုံ ‌နေရသည်ဟု သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး လမ်းစီမံကိန်းအမြန်ဆုံးပြီးစီး‌အောင် ‌ဆောင်ရွက်‌ပေးရန်အစီအစဉ်ရှိမရှိကို ဇန်နဝါရီလ ၂၂ ရက်‌နေ့က ‌နေပြည်‌တော်တွင်ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်‌တော် (၁၁)ကြိမ်‌မြောက် ပုံမှန်အစည်းအ‌ဝေး ဒုတိ ယ‌နေ့တွင် ဖားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင်မှ ကြယ်ပွင့်ပြ‌မေးခွန်းအ‌နေဖြင့် ‌မေးမြန်းမှုများပြုလုပ်ခဲ့သည်။

‌မေးခွန်းနှင့်စပ်လျဉ်းပြီး ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး‌ကျော်လင်းက လမ်းမကြီး အမြန်ဆုံးပြီးစီး နိုင်‌ရေး အတွက် ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနအ‌နေဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ADB တို့နှင့်ညှိနှိုင်း၍ စီမံ‌ဆောင်ရွက်လျက်ရှိ ‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်ဟု ပြည်သူ့လွှတ်‌တော် ‌ဖေ့ဘွတ် လူမှုကွန်ယက် စာမျက်နှာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် လိုအပ်‌နေသည့် အစားထိုး‌ကျောက်ထုတ်ယူရန်အတွက် စံပရီး‌ကျောက်မှှိုင်းကို ‌တွေ့ရှိထား‌ကြောင်းနှင့် ‌ကျောက် ထုတ်ယူနိုင်‌ရေးအတွက် ခွင့်ပြုချက်ရပြီးပါက စံပရီး‌ကျောက်မှှိုင်းမှ ထုတ်လုပ်‌သော ‌ကျောက်များနှင့် လမ်းကို ခင်းကျင်းသွား မည်ဖြစ်‌ကြောင်း ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပြန်လည်‌ဖြေကြားထားသည်ဟု သိရသည်။

“လမ်း‌လေးမပြီး‌တော့ စီးပွား‌ရေးကုန်သွယ်မှု‌တွေလည်းထိခိုက်တယ်။ တစ်ခြားထိခိုက်နစ်နာမှု‌တွေလည်း အများကြီး ရှိတယ်။ တို့ရဲ့ပြည်နယ်မှာဆိုရင် ဒီကုန်းလမ်းတစ်ခုပဲ အားထားရတာဖြစ်တဲ့အတွက်‌တော့ ပြည်လူထုအ‌နေနဲ့ကလည်း ဒီထက်ပြီး‌တော့ ကန့်ကွက်‌နေအုံးမယ်။ တိုက်ခိုက်‌နေအုံးမယ်ဆိုရင် လုပ်ငန်းပြီးစီးမှာမဟုတ်ဘူး။ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်တစ်‌ယောက်အ‌နေနဲ့ အများကြီး မ‌တောင်းထား‌ပေးဘူး တိုက်ပဲတိုက်တွန်းထားခဲ့ပြီးပြီ၊ အကုန်လုံးက လည်း တာဝန်ရှိတယ်။”ဟု လွှတ်‌တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင် မှတ်ချက်ပြုသည်။

‌ကော့ကရိတ်-အိန္ဒုလမ်းအထိ အရှည်မိုင် ၄၁.၂၅ မိုင်( ၆၆.၄ ကီလိုမီတာ)ရှိသည့် အဆိုပါ စီမံကိန်းကို ယခင်က ADB ၏ ‌ချေး‌ငွေ ‌ဒေါ်လာသန်း ၁၀၀၊ အာဆီယံ အ‌ခြေခံအ‌ဆောက်ဦး ရံပုံ‌ငွေ ‌ဒေါ်လာသန်း ၂ဝ နှင့် မြန်မာအစိုးရ ထည့်ဝင်‌ငွေ ‌ဒေါ်လာ ၁.၈ သန်းဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ကာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အဆုံးသတ်ရန်လျာထားသည့် စီမံကိန်းလည်း ဖြစ်သည်။