Home သတင်း ‌ခြောက်လအတွင်း ကရင်စာ‌ပေယဉ်‌ကျေးမှု ဗဟို‌ကော်မတီတစ်ရပ်ဖွဲ့စည်းရန် KUPC စီစဉ်

‌ခြောက်လအတွင်း ကရင်စာ‌ပေယဉ်‌ကျေးမှု ဗဟို‌ကော်မတီတစ်ရပ်ဖွဲ့စည်းရန် KUPC စီစဉ်

2570

ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

မြန်မာတစ်ပြည်လုံးအတိုင်းအတာအရ ပျံ့နှံ့‌နေထိုင်‌နေကြသည့် ကရင်လူမျိုးများတ‌ပြေးညီဖြစ်လာ‌စေရန် ရည်ရွယ်ပြီး ပြည် နယ်/တိုင်း‌ဒေသကြီးအသီးသီးရှိ ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီများဖြင့် ပါဝင်ဖွဲ့စည်းထားမည့် ကရင်စာ‌ပေယဉ်‌ကျေးမှု ဗဟို‌ကော်မတီတစ်ရပ်ကို ‌ခြောက်လအတွင်း ဖွဲ့စည်းနိုင်ရန် KUPCက စီစဉ်လုပ်‌ဆောင်သွားမည်ဟု သိရသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့ ၊ ‌မောင်းမကန်ကမ်း‌ခြေရှိ တနသင်္ာရီဟိုတယ်၌ ဒီဇင်ဘာလ ၁ဝ ရက်မှ ၁၁ ရက်‌နေ့အထိ ကျင်းပသည့် ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC)၏ ၁ဝ ကြိမ်‌မြောက် အစည်းအ‌ဝေးတွင် ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

KUPC ညှိနှိုင်း‌ရေးမှူး ဆရာ‌တော် ‌စောမက်သရူး‌အေးက“ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဆိုင်ရာ‌တွေ၊ ရိုးရာဓ‌လေ့ ထုံးတမ်း‌တွေ၊ ကရင့်‌နေ့ထူး‌နေ့မြတ်‌တွေနဲ့ ပတ်သက်ပြီး‌တော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်‌ဆောင်သွားနိုင်ဖို့‌ပေါ့။ တစ်‌နေရာနဲ့ တစ်‌နေရာမတူ ‌တော့ ဘယ်လို‌စေ့စပ်ညှိနှိုင်းကြမလဲ‌ပေါ့။ ကရင်‌တော့ ကရင်ပဲ တစ်ရွာမှာ တစ်ပုဒ်ဆန်းဖြစ်‌နေ‌တော့ တစ်တိုင်းပြည်လုံးမှာ ရှိ တဲ့ ကရင်လူမျိုး‌တွေ တ‌ပြေးညီ ဖြစ်နိုင်ပါ‌စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KUPC အစည်းအ‌ဝေး ဆုံးဖြတ်ချက်များအရ ဗဟို‌ကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် ‌ရှေးဦးစွာ ပြည်နယ်/တိုင်း ကရင် စာ‌ပေ ယဉ်‌ကျေးမှု ‌ကော်မတီများ ပါဝင်‌သော အစည်းအ‌ဝေးကြီးတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ်၊ ဇွန်လမတိုင်ခင်အထိ ‌ခြောက်လအတွင်း ဖွဲ့စည်းသွားနိုင်ရန် ရည်မှန်းထားသည်ဟုလည်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကရင်လူမျိုးများ‌နေထိုင်ရာ ‌ဒေသအ‌တော်များများတွင် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီများ အသီးသီးဖွဲ့စည်းထားမှုများရှိ‌နေ‌သော်လည်း စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ပူး‌ပေါင်းလုပ်‌ဆောင် ရန်အတွက်ရည်ရွယ်သည့် ဗဟို‌ကော်မတီတစ်ရပ်ဖွဲ့စည်းခြင်းမှာ ယခု ပထမဆုံးအ‌နေဖြင့် စတင်လုပ်‌ဆောင်ခြင်းလည်းဖြစ် သည်။

ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအတွင်း‌ရေးမှူး မန်းဝင်း‌မောင်က“တစ်ပြည်လုံးမှာ ဗဟိုရှိမယ်ဆိုရင် ‌တော့ ရှိသမျှ ကရင်လူမျိုးစု‌တွေရဲ့ စာ‌ပေအားဖြင့်လည်း ပြန်ပြီး‌တော့ စည်းလုံးညီညွတ်မှုကို ‌ဖော်‌ဆောင်နိုင်မယ်။ စည်းလုံး ညီညွတ်မှုရမယ်။ ပြည်နယ်တစ်ခုနဲ့တစ်ခု မျိုးနွယ်စုတစ်ခုနဲ့တစ်ခု အချင်းချင်း ဖလှယ်နိုင်တယ်။ မြို့နယ်အဆင့် တိုင်းအဆင့် က ‌ပြောတာထက် သက်ဆိုင်ရာ ဗဟိုက‌နေပြီး‌တော့ ပြည်‌ထောင်စုကို ‌ပြောမယ်ဆိုရင်‌တော့ ကိစ္စ‌တွေက ပိုပြီး‌တော့ ‌ချော ‌မောနိုင်မယ်”ဟု ‌ပြောသည်။

မြို့နယ်အဆင့်၊ တိုင်းအဆင့် စသည့် အဆင့်ဆင့် စု‌ပေါင်းပြီး‌တော့ ကရင်စာ‌ပေယဉ်‌ကျေးမှု ဗဟို‌ကော်မတီဖွဲ့စည်းလိုက်ခြင်း အားဖြင့် တန်းတူအခွင့်အ‌ရေးများ၊ စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာများကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ‌အောင်မြင် ‌အောင် လုပ်‌ဆောင်သွားနိုင်မည်ဖြစ်‌ကြောင်း မန်းဝင်း‌မောင်က ဆက်လက် ‌ပြောကြားသည်။

KUPC အဖွဲ့ဝင်များ အပါအဝင် ‌လေ့လာသူစုစု‌ပေါင်း ၇၈ ဦး တက်‌ရောက်ခဲ့သည့် ထားဝယ်မြို့၌ နှစ်ရက်တာ ကျင်းပ‌သော အဆိုပါ KUPC (၁၀) ကြိမ်‌မြောက် အစည်းအ‌ဝေးတွင် ကရင်စာ‌ပေ ယဉ်‌ကျေးမှု ဗဟို‌ကော်မတီတစ်ရပ်ဖွဲ့စည်း‌ရေးအပြင် ကရင်တစ်မျိုးသားလုံးညီလာခံကျင်းပနိုင်‌ရေး၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများနှင့် လွှတ်‌တော်အမတ်များ ‌တွေ့ဆုံနိုင်‌ရေးအပါအဝင် ဆုံးဖြတ်ချက် (၆) ချက်ကိုလည်း ချမှတ်ခဲ့‌ကြောင်း သိရသည်။