Home သတင်း အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ကရင်လူငယ် ၁၅ ဦးအထိ ဝင်‌ရောက်ယှဉ်ပြိုင်‌နေ

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ကရင်လူငယ် ၁၅ ဦးအထိ ဝင်‌ရောက်ယှဉ်ပြိုင်‌နေ

3491

ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

‌နေပြည်‌တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံများတွင် ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်‌နေ့အထိ ယှဉ်ပြိုင်ကစား‌နေသည့် (၁၉) ကြိမ်‌မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (19th ASEAN University Games) ၌ မြန်မာ နိုင်ငံကိုယ်စားပြုကာ ကရင်လူငယ် ၁၅ ဦးအထိ ဝင်‌ရောက်ယှဉ်ပြိုင်‌နေ‌ကြောင်း တက္ကသိုလ်များ ကရင်‌ကျောင်း သားအဖွဲ့၏ အားကစားအသင်းအုပ်ချုပ်သူ မန်း‌သောလျှမ်က ‌ပြောသည်။

“ပြိုင်ပွဲဝင် ကရင်လူငယ် ၁၅ ‌ယောက်ထဲက ကျ‌နော်တို့ UKS က က‌လေး ၆ ‌ယောက်‌လောက်ပါတယ်။ (ကရင် ကစားသမား‌တွေ ပါဝင်တဲ့) ‌ဘော်လီ‌ဘောအသင်းက ၁ ပွဲပဲ ကစားရ‌သေးတယ်။ တချို့က မနက်ဖြန်မှ စပြိုင်မယ်၊ တချို့မပြိုင်ရ‌သေးဘူးဆို‌တော့ ဆုရ မရ မသိရ‌သေးပါဘူး ↔ဟု ၎င်းက ဒီဇင်ဘာ ၁၂ ရက် (ယ‌နေ့) တွင် ‌ကေအိုင်စီသို့‌ပြောသည်။

‌မော်လမြိုင်၊ ‌တောင်ငူ၊ ဖားအံ၊ ပုသိမ်၊ ရန်ကုန်အ‌ရှေ့ပိုင်း၊ ဒဂုံ စသည့် တက္ကသိုလ်များမှ ကရင်‌ကျောင်းသား ‌ကျောင်းသူ ၁၅ ဦးက ဘတ်စကတ်‌ဘော၊ ‌ဘော်လီ‌ဘော၊ ‌လေးပစ်၊ ‌လှေ‌လှော်၊ ‌ပြေးခုန်ပစ်၊ ဗိုဗီနမ်(ဗီယက်နမ် ရိုးရာသိုင်း)၊ ပီတန်း စသည့် အားကစားနည်း ၇ မျိုးတွင် ပါဝင်ယှဉ်ပြိုင်‌နေခြင်းဖြစ်သည်ဟု သိရသည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် အားကစားနည်းအလိုက် ‌ရွေးချယ်‌ရေးအဖွဲ့များရှိပြီး ‌ကျောင်းအဆင့်၊ ဇုံအဆင့်၊ နိုင်ငံအဆင့် စသည်ဖြင့် ‌ရွေးချယ်ကြပြီး အားကစားနည်းအလိုက် ‌ရွေးချယ်သည့် ပုံစံများလည်း မတူညီကြ‌ကြောင်းသိရသည်။

၁၉၈၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား ပထမဦးဆုံးအကြိမ် စတင်ကျင်းပခဲ့‌သော်လည်း မြန်မာတက္ကသိုလ်လက်‌ရွေးစင် အသင်းများအ‌နေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် ၁၅ ကြိမ်‌မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲမှသာ စတင်ပါဝင်လာခဲ့သည်ဟု သိရသည်။

ယခု ၁၉ ကြိမ်‌မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအ‌နေဖြင့် ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။