Home သတင်း အမှတ်(၂) ချစ်ကြည်‌ရေးတံတား စီမံကိန်း အငြင်းပွားမှု ဥပ‌ဒေအတိုင်း ‌ဖြေရှင်းသွားမည်ဟု ဝန်ကြီး‌စောပြည်သာ‌ပြော

အမှတ်(၂) ချစ်ကြည်‌ရေးတံတား စီမံကိန်း အငြင်းပွားမှု ဥပ‌ဒေအတိုင်း ‌ဖြေရှင်းသွားမည်ဟု ဝန်ကြီး‌စောပြည်သာ‌ပြော

2505

ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်‌ရေး တံတားစီမံကိန်းဧရိယာတွင်ပါဝင်ပြီး အိမ်ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင် (၅)ဦးနှင့် ညှိနှိုင်းရာတွင် ‌ပြေလည်မှုမရရှိ‌သေး‌သော်လည်း ဥပ‌ဒေအတိုင်း ဆက်လက်‌ဖြေရှင်းသွားမည်ဟု ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ သစ်‌တော၊ သတ္တုနှင့် လမ်းပန်း ဆက်သွယ်‌ရေးဝန်ကြီး ‌စောပြည်သာက ‌ပြောဆိုသည်။

ဒီဇင်ဘာ ၄ ရက်(ယမန်‌နေ့)က ဖားအံမြို့ရှိ ကရင်ပြည်နယ် လမ်းဦးစီးဌာနရုံးခန်းမ‌ဆောင်၌ ပြုလုပ်သည့် စီမံကိန်း တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ ‌တွေ့ဆုံ‌သော သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးက “ကျ‌နော်တို့က ဥပ‌ဒေအရ လုပ်တာပဲ‌လေ။ ဥပ‌ဒေအတိုင်း ဆက်ရှင်းသွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ဖြေကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်‌နေ့ မနက်ပိုင်းက မြဝတီနှင့် မဲ‌ဆောက်မြို့ကို ဆက်သွယ်ထား‌သော အမှတ် ၂ တံတားစီမံကိန်း လမ်းအူ‌ကြောင်းနှင့် မလွတ်ကင်း‌သော အိမ်များအား အကြိမ်ကြိမ်ညှိနှိုင်းမှုများပြုလုပ်ခဲ့‌သော် လည်း မ‌ပြေလည်မှု‌ကြောင့် လုပ်ထုံး လုပ်နည်းများနှင့်အညီ အင်အားသုံး ဖယ်ရှားမှုများပြုလုပ်ခဲ့ရသည်ဟု တာဝန်ရှိသူများဘက် က ယမန်‌နေ့ သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုသည်။

ဖယ်ရှားခံရသည့် အိမ်ပိုင်ရှင်များအ‌နေဖြင့် ယင်းလမ်းတံတားစီမံကိန်းမှာ လက်ရှိ‌ဖောက်လုပ်‌နေ‌သော လမ်း အူ‌ကြောင်း မှားယွင်းမှု‌ကြောင့် ၎င်းတို့ အိမ်‌မြေများကို လာ‌ရောက် ထိခိုက်ခြင်းဖြစ်‌ကြောင်း ‌ပြောဆိုမှုများ ရှိ‌နေသည့်အပြင် အစိုးရမှ ‌ပေးသည့်‌လျော်‌ကြေး‌ငွေ ပမာဏအ‌ပေါ် မ‌ကျေလည်မှုများလည်း ရှိ‌နေသည်။

စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် အိမ်‌ထောင်စု (၉၁) လုံးအတွက် ‌မြေယာ‌လျော်‌ကြေးများကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ‌လောက်တွင် မြဝတီမြို့၌ ‌ပေးအပ်ခဲ့ပြီးဖြစ်‌သော်လည်း ယင်းအထဲမှ လက်ရှိတွင် ‌လျော်‌ကြေးမယူသည့် ၎င်းအိမ် ‌ထောင်စု (၅)လုံး ကျန်ရှိ‌နေ‌သေးခြင်းလည်းဖြစ်သည်။

အိမ်‌ထောင်စု ၅ လုံးထဲမှ ဦးကျင်ထွန်း၏ဇနီး မမျိုးမင်းမင်းစန်းက “သူတို့က အစ်မတို့ကို ‌လျော်‌ကြေး‌ပေးတာ မဟုတ်ဘူး။ ‌ရွှေ့‌ပြောင်းစရိတ်‌ပေးတာ။ အစ်မတို့ခြံဆိုရင် ‌ပေ ၁၃ဝ ‌ကျော်၊ အိမ်‌ရောပါသွားတာကို ‌လျော်‌ကြေး ၆၆ သိန်းပဲ‌ပေးတယ်။ လမ်းမ‌ဘေး‌မြေဟာ ‌ပေ ၄၀၊ ၆ဝ တစ်ကွက်ကို‌တောင် သိန်း‌ထောင်ချီတန်‌နေတာ‌လေ။ အမှန်တရားတစ်ခုဖြစ်ဖို့ တရားဥပ‌ဒေနဲ့အညီ ဖြစ်‌စေချင်ပါတယ်” ဟု ‌ပြောသည်။

တံတားစီမံကိန်းအတွက် မလွတ်ကင်း‌သော‌မြေ‌နေရာများအတွက် ‌မြေအမျိုးအစားအ‌ပေါ်မူတည်ပြီး ‌မြေတန်ဖိုး၊ အ‌ဆောက် အဦးနှင့်သီးနှံတန်ဖိုးနှင့် ‌ပြောင်း‌ရွှေ့စရိတ်စုစု‌ပေါင်း ကျပ်သန်း ၃,၅၂၆,၀၃၀,၇၁၄ သတ်မှတ်တွက်ချက်ထားပြီး ထိုအထဲမှ ‌လျော်‌ကြေး‌ငွေ ကျပ်သန်း ၃,၄၈၇.၅၇၆၂၅ ကို နစ်နာသူများအား ‌ပေးအပ်ခဲ့ပြီဖြစ်‌ကြောင်းလည်း တာဝန်ရှိသူများက ယမန်‌နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်‌ပြောဆိုသည်။

မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက “‌မြေအမျိုးအစားအလိုက် နစ်နာ‌ကြေး၊ ‌လျော်‌ကြေး‌တွေနဲ့ ပတ်သက်ပြီး ‌တော့ ဂရန်‌မြေ တစ်ဧကကို သိန်း ၈၀၀၊ လန ၃၉/လယ ၃ဝ ခွင့်ပြုချထားပြီးသား ‌မြေတစ်ဧကကို သိန်း ၇၅၀၊ ‌မွေးမြူ‌ရေး ဇုန်အတွင်း လန ၃၉ ချထားပြီးသား‌မြေတစ်ဧက သိန်း ၅၀၀၊ ‌မြေလွတ်‌မြေရိုင်း လုပ်ပိုင်ခွင့်ပြုရ‌မြေ တစ်ဧက သိန်း ၃၀၊ လယ်‌မြေ တစ်ဧက ၃၅ သိန်း၊ သီးနှံနစ်နာ‌ကြေးအတွက် လယ်တစ်ဧက စပါးတင်း ၇ဝ နှုန်းနဲ့ တစ်တင်းကို ၅,၅၀၀၊ ဥယျာဉ် ခြံ‌မြေတစ်ဧက သိန်း ၃ဝနှုန်း‌တွေနဲ့ တွက်ချက်ထားပါတယ်။ ကျ‌နော်တို့ မြဝတီမှာ တွက်ချက်ထားတဲ့ ‌ဈေးနှုန်းက မြန်မာနိုင် ငံမှာ အမြင့်ဆုံးဖြစ်ပါတယ်↔ဟု‌ပြောသည်။

မဟာမဲ‌ခေါင်‌ဒေသကြီးအတွက် စီးပွား‌ရေးအကျိုးဖြစ်ထွန်းနိုင်မည့် နိုင်ငံ‌တော်စီမံကိန်းဖြစ်သည့် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်‌ရေးတံတား စီမံကိန်းကို မြန်မာနိုင်ငံဘက်တွင် မြဝတီမြို့ အမှတ် (၅) ရပ် ကွက်၊ ‌ရေပူ‌နေရာနှင့် ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့နယ်၊ ဝမ်းစကင်း‌ကျေးရွာကို ချိတ်ဆက်ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၃ဝ ရက်‌နေ့က စတင်အ‌ကောင်အထည်‌ဖော် တည်‌ဆောက်ခဲ့ခြင်းဖြစ်သည်။

အရှည် ၇၆ဝ မီတာ၊ အကျယ် ၁၇ မီတာရှိ အမှတ် (၂)တံတားသည်စီမံကိန်း အစအဆုံး ၂၁.၄ဝ ကီလိုမီတာ ရှည်လျားပြီး ၎င်းတံတားကို ထိုင်းနိုင်ငံဘက်မှ အကုန်ကျခံကာ ဘတ်‌ငွေသန်း ၃,၉၀ဝ (သုံး‌ထောင်ကိုးရာ) အသုံးပြုထားသည်ဟု ထိုင်းနိုင်ငံ အ‌ဝေး‌ပြေးလမ်းဦးစီးဋ္ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိ တံတား ပြင်ဆင်‌ဆောင်ရွက်မှု ရာနှုန်းပြည့်နီးပါးရှိပြီးဖြစ်၍ လာမည့်နှစ် ၂၀၁၉ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်သွားနိုင်ရန် နှစ်နိုင်ငံအစိုးရမှ စီစဉ်ထားသည်ဟု သိရသည်။