ဒီဇင်ဘာ ၁၄ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ၊ နောက်ဆုံးမူကြမ်းအရ တောကိုအမှီ သ ဟဲပြုနေထိုင်သည့် ဌာနေတိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း ထိန်းသိမ်းထားရှိမှု ပျောက်ကွယ်သွားမည်ကို စိုးရိမ်သည်ဟု အရပ်ဖက်အဖွဲ့ အ စည်းများက ကေအိုင်စီသို့ ပြောသည်။
တနသင်္ာရီတိုင်းဒေသကြီး ကရင်အရပ်ဖက်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် CAT အဖွဲ့၊ တာဝန်ခံ နော်အယ်ထီးဝါးက“နည်း ဥပဒေမူကြမ်း ထဲမှာ သဘာဝတောမြေထိန်းသိမ်းရေးထက် ဝင်ငွေကိုဦးတည်တဲ့အပိုင်း ဖြစ်နေတယ်။ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ဟာ တွေ၊ ရုက္ခဗေဒဥယျာဉ်တွေ၊ မွေးမြူရေးအပိုင်းတွေမှာပေါ့။ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေက ဖားတစ်ပိုင်း ငါးတစ်ပိုင်းအဖြစ် ခံရမှာ စိုးတယ်။ ထိန်းသိမ်းရေးနယ်မြေထဲမှာ အပြင်ကလူလာလုပ်ရင် ဝန်ကြီးဌာနက ခွင့်ပြုလို့ရတယ်။ ကျမတို့က ခွင့်မပြုစေချင်ဘူး။ ခရီး သွားလုပ်ငန်း လာလုပ်လို့ရှိရင် ဌာနေယဉ်ကျေးမှုတွေ အကုန်ပျက်စီးသွားမှာ စိုးရိမ်တယ်”ဟု ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြော သည်။
အဆိုပါ နည်းဥပဒေ၊ နောက်ဆုံးမူကြမ်းကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ တော်ဝင်နေပြည်တော် ဟိုတယ်၌ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီက အခမ်းအနားတွင် ယခုလို ပြောသည်။
“သဘာဝမျိုးစုံမျိုးကွဲ အဏ္ဏဝါမြေ ပျောက်ကွယ်မသွားဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်ထိန်းသိမ်းနေတာ အားလုံးအသိ ဖြစ်တယ်။ ပြည်သူ တွေ၊ အစိုးရတာဝန်ရှိသူတွေ တာဝန်ရှိရှိနဲ့ ထိန်းသိမ်းဖို့လိုအပ်ကြောင်း တင်ပြလိုပါတယ်။ ကျနော်တို့ဥပဒေဟာ ပြည်ထောင်စု တစ်ခုလုံးကို လွှမ်းခြုံတဲ့ဥပဒေဖြစ်တဲ့အတွက် နေရာဒေသ မိရိုးဖလာထုံးတမ်းအရေးကိုတော့ ချက်ချင်းဖော်ပြနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ အားလုံးနား လည်ပေးဖို့ တင်ပြလိုတယ်” ဟု ပြောသည်။
၎င်းနည်းဥပဒေမူကြမ်းထွက်ရှိရန် တနသင်္ာရီ၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားတွင် လူမှုအရပ်ဖက်များနှင့် ဒေသခံများကို ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး ထွက်ရှိလာသည့် နောက်ဆုံးနည်းဥပဒေမူကြမ်းကို ပြည်ထောင်စုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရား ဥပဒေစိုးမိုး ရေးကော်မတီသို့ အဆင့်ဆင့်တင်ပြပြီး လွှတ်တော်တွင်း အတည်ပြုချက် ရယူသွားမည်ဟု သိရသည်။
တနသင်္ာရီတိုင်းဒေသကြီး ခမိုးသွေးဒေသခံ စောအေးရှော့က“အခုနည်းဥပဒေကြမ်းက ကျနော်တို့ဒေသခံတွေအတွက် စိန်ခေါ်မှုအများကြီးရှိ တယ်။ ကြိုတင်အသိပေးရှင်းပြတာလည်း မရှိဘူးပေါ့နော်။ ကျနော်တို့အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေ ဘာတွေပါလည်းဆိုတာ မသိရဘူး။ ကိုယ်နေတဲ့ဒေသကို အသိအမှတ်ပြုမခံရဘူး။ မြေဂရမ်လည်းမရှိဘူးဆိုတော့ နောက်ဆို မတရားနေထိုင်တယ်ဆိုပြီး ပြောင်းရွှေ့ပေးမှာလည်း စိုးရိမ်တယ်” ကေအိုင်စီသို့ ပြောသည်။
ဥပဒေတွင် ကိုလိုနီခေတ် ကာကွယ်ထိန်းသိမ်းရေးပုံစံကို အမှီပြုထားပြီး လူနှင့်သဘာဝတရားတို့၏ ဆက်သွယ်မှု သဘောကို ပစ်ပယ်ထား သလို ဒေသခံတိုင်းရင်းသားတို့၏ သဘာဝသယံဇာတ အရင်းအမြစ်များကို ထိန်းသိမ်းခွင့်မရှိတော့ခြင်းနှင့် ပြင်ပကျူးကျော် သိမ်းပိုက်လာမှု များကို ကာကွယ်နိုင်ခြင်း မရှိတော့သည့်အဖြစ်သို့ ရောက်ရှိသွားစေသည်ဟု အရပ်ဖက်အဖွဲ့ ၃၁ ဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ကချင်ပြည်နယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဒါရိုက်တာ အင်ခွန်ဘရာအောင်က “ ဥပဒေက ဌာနေတိုင်းရင်းသား တွေနဲ့ ဒေသခံ တွေအပေါ်မှာ ဘယ်လောက်အထိ အကာအကွယ်ပေးထားသလဲဆိုတာ ပိုအရေးကြီးတယ်။ လူထုက တောကိုမှီပြီး လုပ်ကိုင်စား သောက်ဖို့ စီမံခန့်ခွဲလုပ်ကိုင်တော့မယ်ဆို ပြည်ထောင်စုအစိုးရဆီမှာ သွားတောင်းရမှာလား။ သစ်တောဦးစီးဌာနမှာ သွားပြီးတောင်းရမှာလား ဆိုတဲ့အ ပိုင်းမှာ ရှင်းရှင်းလင်းလင်း မဖော်ပြထားဘူး။ တောထဲမှာ အသက်ရှင်နေထိုင်ရတဲ့ လူတစ်ယောက်ရဲ့ဘဝ၊ ဂုဏ်သိက္ခာကို အကာအ ကွယ်ပေးထားတဲ့အချက်တွေ မတွေ့ရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ မြေဧရိယာ ၅ ဒသမ ၅၇ (၅.၅၇)ရာခိုင်နှုန်းဖြစ်သော ၃၈ ဒသမ ၉၀၆ (၃၈.၉ဝ၆)စတုရန်းကီလိုမီတာ အကျယ်အဝန်းတွင် သဘာဝနယ်မြေ ၃၉ ခု သတ်မှတ်တည်ထောင်ထားပြီး အမျိုးသားသစ်တောကဏ္ဍ၏ နှစ် ၃ဝ ပင်မ စီမံကိန်းတွင် နိုင်ငံ၏ စုစုပေါင်းမြေဧရိယာ ၁ဝ ရာခိုင်နှုန်းကို ၂ဝ၃ဝ ခုနှစ်တွင် သဘာဝနယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်ထားရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက်အရ သိရသည်။