Home သတင်း လူ‌ပေါင်း‌သောင်းချီ တူဆင်နွှဲ ကရင်ပြည်နယ် မီးပုံးပွဲ

လူ‌ပေါင်း‌သောင်းချီ တူဆင်နွှဲ ကရင်ပြည်နယ် မီးပုံးပွဲ

4142

နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၏ အကြီးကျယ်ဆုံး မီးပုံးပျံလွှတ်တင်ပွဲဟု နာမည်ကြီးသည့် ဖားအံမြို့နယ်၊ အိန္ဒဲ‌ကျေးရွာအုပ်စု၊ ဘုရားလုံးတိုက်‌ကျောင်း၏ ၁၁၃ ကြိမ်‌မြောက် စု‌ပေါင်းမဟာဘုံကထိန်နှင့် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကို ယမန် ‌နေ့(နိုဝင်ဘာ ၂၂)ရက်‌နေ့က လူ‌ပေါင်း‌ထောင်၊ ‌သောင်းချီကာ ပါဝင်ဆင်နွှဲခဲ့သည်။

အဆိုပါ စု‌ပေါင်းဘုံကထိန်ပွဲတွင် မီးပုံးပျံလွှတ်တင်ရသည့် အ‌ကြောင်းအရင်းနှင့်ပတ်သက်၍ ပွဲဖြစ်‌မြောက်‌ရေး အတွက်ဦး‌ဆောင်သည့် ဘုရားလုံးတိုက်‌ကျောင်းဆရာ‌တော် ဦးအရိယဉာဏက ‌ကေအိုင်စီသို့ ယခုလိုမိန့်သည်။

“ဒို့ ကရင်‌တွေဟာ စပါးပြီးတဲ့အခါ ‌ပျော်‌ပျော်ပါးပါး ကထိန်ပွဲမှာလှူကြတာ‌ပေါ့။ မီးပုံးလွှတ်တင်ကြတဲ့လူ‌တွေ ဟာလည်း ကိုယ့်ရဲ့ အသက်ကံကြမ္မာမှာ မ‌ကောင်းတဲ့ ဂြိုလ်ဆိုး‌တွေက‌နေ ကင်းလွတ်ဖို့ (မီးပုံးနဲ့အတူ) ‌စောင် ‌တွေ၊ လုံချည်‌တွေလွှတ်တင်လို့ရှိရင် ‌ဘေးအန္တရာယ် ကင်းလွတ်တယ်လို့ ယုံကြည်ကြတယ်‌လေ”ဟု မိန့်သည်။

ဘုရားလုံတိုက်‌ကျောင်း‌ဘေးရှိ ကွင်းပြင်ကြီးတွင် တစ်လုံးလျှင် ကျပ်သိန်း ၃ဝ ခန့်ကုန်ကျသည့် အမြင့်‌ပေ ၁၀ဝ ‌ကျော်၊ လုံးပတ် ၇ဝ ‌ကျော် မီးပုံးအလုုံးကြီး ၂ လုံးအပါအဝင် အလုံးလတ်၊ အလုံး‌သေး စုစု‌ပေါင်း အလုံး ၅၀ဝ ‌ကျော် လွှတ်တင်ခဲ့ကြ‌ကြောင်း သိရသည်။

မီးပုံးပျံလွှတ်တင်သည့်အချိန်တွင် မီးပုံးနှင့်အတူ ကရင်အလံ‌တော်၊ ‌စောင်၊ ကရင်ရိုးရာ အဝတ်အထည်များကို ချိတ်ဆွဲလွှတ်တင်ခြင်းဖြစ်ပြီး အဆိုပါလှူဖွယ်ပစ္စည်းများကို မီးပုံးကျသည့်အခါ လက်ဝယ်ရရှိသူက ယင်းအလှူ ပစ္စည်းများကို ရယူနိုင်‌ကြောင်းလည်း ပွဲဖြစ်‌မြောက်‌ရေး တာဝန်ရှိသူများက ‌ပြောသည်။

နှစ်စဉ်နှစ်တိုင်းပြုလုပ်လာခဲ့သည့် ဘုရားလုံးတိုက်‌ကျောင်း၏ ၁၁၃ ကြိမ်‌မြောက် စု‌ပေါင်းမဟာဘုံကထိန်နှင့် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကို ဖားအံမြို့နယ်မှ ‌ကျေးရွာအများစု ပါဝင်ခဲ့ပြီး တ‌နေကုန် မီးပုံးလွှတ်တင်ခြင်းအပြင် ဇာတ်သတင်ပွဲများ၊ စတိတ်ရှိုးပွဲများဖြင့် စည်ကားစွာကျင်းပမှုမှာ ယင်း‌ဒေသ၏ အစဉ်အလာတစ်ခုလို ဖြစ်‌နေ‌ကြောင်းလည်း သိရသည်။