Home သတင်း ဖားအံမြို့ ၏ အထင်ကရ ကန်သာယာ အပန်း‌ဖြေ‌နေရာ အနီးတဝိုက် တားမြစ်‌နေရာအဖြစ်အမိန့်ထုတ်ပြန်

ဖားအံမြို့ ၏ အထင်ကရ ကန်သာယာ အပန်း‌ဖြေ‌နေရာ အနီးတဝိုက် တားမြစ်‌နေရာအဖြစ်အမိန့်ထုတ်ပြန်

4274

‌အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဖားအံမြို့အတွင်းရှိ အများနှင့်သက်ဆိုင်‌သော ကန်သာယာ အပန်း‌ဖြေ‌နေရာအနီးဝန်းကျင်တွင် လုံခြုံ‌ရေးနှင့် ‌အေးချမ်း သာယာ‌ရေးအတွက် ၎င်းနှင့်အနီးတဝိုက် ဧရိယာများအား တားမြစ်ဧရိယာအဖြစ် ဖားအံမြို့နယ် အုပ်ချုပ်‌ရေးဦးစီးဌာနရုံးမှ ‌အောက်တိုဘာလ ၉ ရက်‌နေ့တွင် ‌ဒေသန္တရအမိန့်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

အဆိုပါ သတ်မှတ်သည့် တားမြစ်ဧရိယာတွင် အုပ်စုဖွဲ့၍ဖြစ်‌စေ၊ တစ်ဦးတစ်‌ယောက်ချင်း ဖြစ်‌စေ၊ အရက်‌သေစာ ‌သောက်စားခြင်း နှင့် အန္တရာယ်ဖြစ်‌စေနိုင်သည့် ယာဉ်များအုပ်စုဖွဲ့စု‌ပေါင်း၍ ပိတ်ဆို့‌မောင်းနှင်လာခြင်းနှင့် အုပ်စု ဖွဲ့ နား‌နေခြင်းများ မပြုလုပ်ရန် တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ဖားအံမြို့နယ်အုပ်ချုပ်‌ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“တစ်ချို့‌နေရာ‌တွေမှာ မူးယစ်ရမ်းကားတာ‌တွေရှိတယ်။ အများပြည်သူ အ‌နှောင့်အယှက်မဖြစ်ရ‌အောင် ဒီလို ထုတ်ပြန် လိုက်တာ။ အခုသတ်မှတ်ထားတဲ့‌နေရာမှာ အပန်း‌ဖြေ‌နေရာဖြစ်လို့ ထုတ်ပြန်ထားတဲ့ အချက်ထဲကလွှဲပြီး လူ ‌ကောင်းဆိုရင် သွားလို့ရတယ်။ ခွင့်ပြုတယ်။ အဲဒီကိုသွားပြီး ရမ်းကားတာဖြစ်ဖြစ် တစ်စုံတစ်‌ယောက်ကို ‌နှောင့်ယှက်တဲ့ အပြုအမူမျိုးလုပ် ရင်‌တော့ အမိန့်အတိုင်းအ‌ရေးယူမှာ‌ပေါ့” ဟု ‌ပြောသည်။

အဆိုပါ ထုတ်ပြန်ထားသည့် ‌ဒေသန္တရအမိန့်များတွင် နာခံမှုမရှိဘဲ ‌ဖောက်ဖျက်ကျူးလွန်ပါက ပုဒ်မ-၁၈၈ အရ လည်း‌ကောင်း ၊ တည် ဆဲဥပ‌ဒေအရ လည်း‌ကောင်း ထိ‌ရောက်စွာ အ‌ရေးယူ‌ဆောင်ရွက်သွားမည်ဟု ‌ဒေသန္တရ အမိန့်စာတွင် ‌ဖော်ပြထားသည်။

ယခု‌ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်သည့် ကန်သာယာအနီးတဝိုက်တွင် ယခင်ကအုပ် စုဖွဲ့အရက်‌သေစာ ‌သောက်စားခြင်း၊ အများပြည်သူများအား နှုတ်ဖြင့်ဖြစ်‌စေ၊ ကိုယ်ကာယအရဖြစ်‌စေ အ‌နှောင့်အယှက်ဖြစ်‌စေခြင်း၊ လူငယ်အချင်းချင်း ခိုက် ရန်ဖြစ်ပွားခြင်း စသည့်ဖြစ်ရပ်များ မကြာခဏဖြစ်‌ပေါ်‌လေ့ရှိသည်။

ကန်သာယာအနီးတွင် ‌နေထိုင်သူ အမျိုးသမီးတစ်ဦးက“ အဲဒီ‌နေရာ ဒုစရိုက်သမား‌တွေ၊ မူးယစ်‌မှောင်ခိုသမား‌တွေ ‌မှောင်ရိပ် ခိုတဲ့‌နေရာဖြစ်တယ်။ နည်းနည်း‌မှောင်တာနဲ့ သွား‌ရေးလာ‌ရေးက လုံခြုံမှု မရှိ‌တော့ဘူး။ အဲဒီရာ‌တွေက ‌ဆေးရုံ‌တွေ ရှိတယ်။ ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်ဖြတ်တဲ့‌နေရာဆို‌တော့အ‌ရေး‌ပေါ် သွားရမယ်ဆိုရင် လုံခြုံမှုမရှိဘူး။ အရမ်းစိုးရိမ် စရာဖြစ် တယ်။ ထုတ်ပြန်လိုက်ပြီး ‌နောက်ဆက်တွဲကျရင်လည်း ဘယ်လို ထိထိ‌ရောက်‌ရောက်‌လေး လုပ်‌ဆောင်မှုမျိုးလည်း အစီအစဉ် ရှိဖို့လိုတယ်။ ထုတ်ပြီး၊ ပြီးသွားတာ မဟုတ်ပဲနဲ့‌ပေါ့”ဟု ‌ပြောသည်။

၎င်းသတ်မှတ်သည့်‌နေရာများမှာ ကန်သာယာ အ‌ရှေ့ဘက်ခြမ်းရှိ ရန်မျိုး‌အောင်လမ်း‌ထောင့်မှ ‌ကျော်‌ဇေယျလမ်း အတိုင်း ‌ဆေးရုံကြီးဝင်းအထိ၊ အ‌နောက်ဘက် ရန်မျိုး‌အောင်လမ်း‌ထောင့်မှအဆက် သီရိလမ်းမကြီးအတိုင်း ‌ဒေါနလမ်း‌ထောင့်အထိ၊ ‌တောင်ဘက် ဇွဲကပင်လမ်း‌ထောင့်မှ ရန်မျိုး‌အောင်လမ်း‌ထောင့်အတိုင်း ‌ကျော်‌ဇေယျ လမ်း‌ထောင့်အထိ ‌မြောက်ဘက်‌ဒေါန လမ်း‌ထောင့်မှ ကန်သာယာလမ်း‌ထောင့်အတိုင်း ‌ကျော်‌ဇေယျလမ်း‌ထောင့်အထိ ဖြစ်သည်ဟု သိရသည်။