Home သတင်း ‌လေး‌ကေ‌ကော်မြို့သစ်တွင် မီးရပြီ

‌လေး‌ကေ‌ကော်မြို့သစ်တွင် မီးရပြီ

2558

ဩဂုတ် ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့‌တောင်ဘက်တွင်ရှိ‌သော ‌လေး‌ကေ‌ကော်မြို့သစ်တွင် ဩဂုတ်လ ၁၅ ရက်‌နေ့မှစတင်ကာ လျှပ်စစ်မီးများ စတင်ဖြန့်‌ဝေ‌ပေး‌နေပြီဖြစ်‌ကြောင်း ‌လေး‌ကေ‌ကော်မြို့ တည် ‌ဆောက်‌ရေးနှင့် စီမံခန့်ခွဲ‌ရေး‌ကေ်ာမတီ အတွင်း‌ရေးမှူး ‌စော‌ဌေးမြင့်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လေး‌ကေ‌ကော်မြို့ စတင်တည်‌ဆောက်သည့် ၂၀၁၄ ခုနှစ်မှစ၍ လမ်းမီးတိုင်၊ မီးကြိုးများရှိ‌သော်လည်း အ ‌ကြောင်းအမျိုးမျိုး‌ကြောင့် လျှပ်စစ်မီးသွယ်တန်းရန် အခက်အခဲအချို့ရှိခဲ့ရာမှ ပြည်တွင်းရှိ စွမ်းအင်ကုမ္ပဏီတစ်ခု နှင့်သ‌ဘောတူညီမှုရရှိပြီး‌နောက် ယခုကဲ့သို့ လျှပ်စစ်မီးရရှိရန် အ‌ခြေအ‌နေဖြစ်‌ပေါ်လာခြင်းဖြစ်သည်ဟု ‌ပြော သည်။

မြို့သစ် အတွင်း‌ရေးမှူး ‌စော‌ဌေးမြင့်‌အောင်က “လမ်းမီးတိုင်၊ မီးကြိုး‌တွေ‌တော့ရှိတယ်။ အစိုးရဆီက မီးသွယ်ဖို့ လျှပ်စစ်အား မလုံ‌လောက်ခဲ့ဘူး။ အစိုးရရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီလို့ ထိုင်းကလျှပ်စစ်ကို သွယ်ယူဖို့ကလည်း မဖြစ်ခဲ့ဘူး။ အဲဒီ‌နောက် ပိုင်းမှာမှ ‌ကေအဲန်ယူအကြီးအကဲ‌တွေနဲ့ ရန်ကုန်က Green Alliance Energy ကုမ္ပဏီ ညှိနှိုင်းမှု‌ကြောင့် ခုလိုဖြစ် လာတာ”ဟု ဩဂုတ် ၂၄ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

Green Alliance Energy ကုမ္ပဏီအ‌နေဖြင့် ‌လေး‌ကေ‌ကော်လျှပ်စစ်မီးအတွက် ၅ နှစ်တာ ကာလအထိ တာဝန် ယူလုပ်‌ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် ၆ နာရီမှ ၁ဝ နာရီအထိ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (တစ်ရက် ၂ ကြိမ်) လျှပ်စစ်မီးများကို စမ်းသပ်ထုတ်လွှတ် စစ်‌ဆေးမှုများ ပြုလုပ်‌ပေး‌နေ‌ကြောင်း ‌စော‌ဌေးမြင့်‌အောင်က ‌ပြောသည်။

လျှပ်စစ်မီးသွယ်တန်းရန် သ‌ဘောတူညီမှုရရှိထားသည့်ကုမ္ပဏီအ‌နေဖြင့် ဒီဇယ်နှင့်လည်ပတ်သည့် လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ထိုင်းဘတ်‌ငွေ ၈ ဘတ်ခွဲ ‌ကောက်ခံပြီး စက်တင်ဘာလမှစတင်၍ တမြို့လုံးကို မီး‌ပေးသွားမည် ဖြစ်ကာ မဟာလျှပ်စစ်ဓာတ်အားလိုင်း မ‌ရောက်လာ‌သေးသည့်အချိန်အထိ အဆိုပါမီးကိုသာ ဆက်လက် အသုံး ပြုသွားမည်ဟု သိရသည်။

မြဝတီမြို့၏ ‌တောင်ဘက်တွင်ရှိ‌သော ‌လေး‌ကေ‌ကော်မြို့သစ်အပြင် ထီးမယ်ဝါးခီး၊ ပဟိက‌လော်နှင့် ‌မေတ္တာ လင်းမြိုင်‌ကျေးရွာများအတွက်လည်း လျှပ်စစ်မီးများတပ်ဆင်သွယ်တန်း‌ပေး‌နေ‌ကြောင်း ‌လေး‌ကေ‌ကော်မြို့ တည်‌ဆောက်‌ရေးနှင့် စီမံခန့်ခွဲ‌ရေး‌ကေ်ာမတီထံမှ သိရသည်။

ယင်း ‌လေး‌ကေ‌ကော်မြို့သစ်စီမံကိန်းကို စစ်‌ဘေး‌ရှောင် ‌နေရပ်စွန့်ခွာခဲ့ကြသည့် ဒုက္ခသည်များနှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မိသားစုဝင်များအတွက် ‌ကေအဲန်ယူနှင့် ပြည်‌ထောင်စုအစိုးရတို့ ညှိနှိုင်း ‌ဆောင်ရွက်မှုဖြင့် အ‌ကောင်အထည်‌ဖော်တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မိသားစုဝင် လူဦး‌ရေ ၂,ဝ၀ဝ ဦး‌ကျော်‌နေထိုင်လျက်ရှိသည်။