Home သတင်း ဌာ‌နေတိိုင်းရင်းသားများ အခွင့်အ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးဖလှယ်ပွဲ ပြုလုပ်မည်

ဌာ‌နေတိိုင်းရင်းသားများ အခွင့်အ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးဖလှယ်ပွဲ ပြုလုပ်မည်

2389

ဩဂုတ် ၇ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ဌာ‌နေ တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် အခွင့်အ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးဖလှယ်ပွဲကို ဩဂုတ် ၈ ရက်‌နေ့တွင် ‌ကေအဲန်ယူ၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ အီတူးထ ပြည်တွင်းဒုက္ခသည်စခန်း၌ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက် (KESAN)က ဦး‌ဆောင်ပြုလုပ်သွားမည်ဟု အခမ်းအနားဖြစ်‌မြောက်‌ရေး စီစဉ်သူ ‌နော်ဆာမူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျမတို့ ရည်ရွယ်ချက်က‌တော့ ဌာ‌နေလူထု‌တွေရဲ့ အခွင့်အ‌ရေး၊ မိမိတို့‌ဒေသအတွင်း သဘာဝ သယံ ဇာတ‌တွေကို ကိုယ်ပိုင်စီမံခွင့်နဲ့ပတ်သက်ပြီး အသိပညာ‌ပေးဖို့၊ ‌နောက်ပြီး မိဘဘိုးဘွားတို့ ကတည်းက ထိန်းသိမ်း လာခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုလုပ်ငန်းကို‌တွေကို အသိအမှတ်ပြုခံရဖို့၊ ဓ‌လေ့ရိုးရာ အရ ‌နေထိုင်အသက်ရှင်မှု ပုံစံ၊ ယဉ်‌ကျေးမှု ဆိုင်ရာ‌တွေကို သူတို့‌တွေ အချင်းချင်းကြားမှာ ဖလှယ်နိုင်ဖို့အ တွက်ပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဩဂုတ် ၉ ရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့ဌာ‌နေတိုင်းရင်းသားများ‌နေ့ အထိမ်းအမှတ် အခမ်းအနားများ ကို KESANက ကမကထပြုကာ ဩဂုတ်လ ၈ ရက်မှ ၉ ရက်‌နေ့အထိ အဆိုပါ အီတူးထ ပြည်တွင်း ဒုက္ခသည် စခန်း၌ ပြုလုပ်သွားမည် ဖြစ်ပြီး ယခုလို ဌာ‌နေတိုင်းရင်းသားများ အခွင့်အ‌ရေး‌ဆွေး‌နွေးပွဲကိုလည်းထည့် သွင်းပြုလုပ်သွားရန် စီစဉ်ထားခြင်းဖြစ်သည်ဟု KESAN က ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲတွင် ‌ဒေသတွင်း ဖွံ့ဖြိုး‌ရေး၊ စီးပွား‌ရေးလုပ်ငန်းများနှင့် စစ်‌ရေးပဋိပက္ခ‌ကြောင့် ဌာ ‌နေလူထု များ၏ ဓ‌လေ့ရိုးရာအရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းအ‌ပေါ် အခက်အခဲနှင့် ရင်ဆိုင် ‌နေရသည့် ကိစ္စများကို အပြန်အလှန်‌ဆွေး‌နွေးဖလှယ်သွားရန် စီစဉ်ထားသည်ဟု ‌နော်ဆာမူးက ဆက်‌ပြော သည်။

၎င်းအပြင် ဖာပွန်ခရိုင် သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်အတွင်းရှိ ဌာ‌နေကရင်အမျိုးသမီးများ၏ ၎င်းတို့ပတ်ဝန်း ကျင် တွင် ‌ဘေးသင့်‌နေ‌သောသစ်ခွပန်းမျိုးစိတ်များအ‌ပေါ် သု‌တေသနပြုပြီး စု‌ဆောင်းပြုစုတင်ဆက်ထား သည့် “ပန်းမံသစ်ခွစုံလင်လှ…လူမှုဘဝသာယာလှ” အစီရင်ခံစာ တစ်‌စောင်ကိုလည်း ထို‌နေ့တွင် မိတ်ဆက် ထုတ်ပြန် သွားမည်ဟု KESAN က ‌ပြောသည်။

ဌာ‌နေ ကရင်တိုင်းရင်းသား လူငယ်တစ်ဦးဖြစ်သူ ‌စော‌စေးမူးက “ဒီအစီအစဉ်က ဌာ‌နေ လူထု‌တွေရဲ့ ဆုံရပ် တစ်ခုဖြစ်တယ်။ ဒီပွဲမှာ ကျ‌နော်တို့ ဌာ‌နေလူထု‌တွေရဲ့ လူ‌နေမှုဘဝ‌တွေ၊ အသက်ရှင်ရပ်တည်မှု အ‌ခြေအ‌နေ ကို ‌ဆွေး‌နွေးဖလှယ်ကြမယ့် ပွဲဖြစ်တဲ့အတွက် အဲဒီပွဲထဲမှာ အများကြီး သင်ယူခွင့်ရမယ်လို ့ထင်တယ်”ဟု ‌ပြောသည်။

ကမ္ဘာ့ဌာ‌နေတိုင်းရင်းသားများ‌နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်မည့် ၎င်းဌာ‌နေလူထုများ၏ အခွင့်အ‌ရေး ဆိုင်ရာ အပြန်အလှန် ‌ဆွေး‌နွေး ဖလှယ်ပွဲအစီအစဉ်ကို ဩဂုတ် ၈ ရက်‌နေ့တွင်ပြုလုပ်သွားမည်ဖြစ်သလို ဩဂုတ် ၉ ရက်‌နေ့တွင် ဌာ‌နေလူထုများ မိမိရိုးရာယဉ်‌ကျေးမှုထိန်းသိမ်းမှု အ‌ခြေအ‌နေများကို ချပြခြင်း၊ ဓာတ်ပုံပြပွဲ၊ က‌လေးငယ်များ အတွက် ‌ရှေးကရင်ရိုးရာ ကစားနည်းများကို ကစားခြင်း၊ ဌာ‌နေလူထုများ၏ လူ‌နေမှုဘဝပုံစံများကို သရုပ်‌ဖော် ပြသခြင်း အစီအစဉ်တို့ ပါဝင်မည်ဖြစ်‌ကြောင်း KESAN က ‌ပြောသည်။