Home သတင်း ဖားအံမြို့ ‌ရေ‌ဘေးသင့်ပြည်သူများအား နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် သွား‌ရောက်ကြည့်ရှုအား‌ပေး

ဖားအံမြို့ ‌ရေ‌ဘေးသင့်ပြည်သူများအား နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် သွား‌ရောက်ကြည့်ရှုအား‌ပေး

2337

ဇူလိုင် ၂၇ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်တွင် ကျင်းပမည့် (၈)ကြိမ်‌မြောက် ငြိမ်းချမ်း‌ရေး စကားဝိုင်းကို ရက်အကန့်အသတ်မရှိ ‌ရွှေ့ဆိုင်းလိုက်‌သော်လည်း ယ‌နေ့ ဇူလိုင်လ ၂၆ရက်‌နေ့တွင် ဖားအံမြို့ ‌ရေ‌ဘေးသင့်ပြည်သူများကိုမူ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် က သွား‌ရောက်ကြည့်ရှုအား‌ပေးခဲ့သည်။

အဆိုပါ ငြိမ်းချမ်း‌ရေး စကားဝိုင်းကို နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် ‌ဒေသခံတိုင်းရင်းသားလူ ငယ်များ ၊ ကွန်ပျူတာ ပညာရှင်နှင့် အရပ်ဖက် အဖွဲ့အစည်းမှ လူငယ်များ ဝင်‌ရောက်‌ဆွေး‌နွေးရန် စီစဉ်ထားခြင်းဖြစ်ပြီး ရာသီဥတု ဆိုးရွားမှု‌ကြောင့် ရက်‌ရွှေ့ဆိုင်းလိုက်သည်ဟု ဗမာတိုင်းရင်းသား‌ရေးရာဝန်ကြီး ဦး‌တေဇထွဋ်လှိုင်‌ထွေးက ဇူလိုင်လ ၂၅ရက်‌နေ့ တွင် ‌ပြောကြားခဲ့သည်။

ယင်းသို့ ငြိမ်းချမ်း‌ရေးစကားဝိုင်း ကျင်းပပြုလုပ်မည့်အစား ‌ရေ‌ဘေးသင့်ပြည်သူများအား သွား‌ရောက်ကြည့်ရှု အား‌ပေးသည့်အ ‌ပေါ် မွန်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဦးမင်းတင်ဝင်းက “ငြိမ်းချမ်း‌ရေး စကားဝိုင်း လုပ်‌တော့မယ်လို့ ရည်ရွှယ်ထားပြီးကာမှ ကရင် ပြည်နယ်မှာ ‌ရေကြီးနစ်မြှုပ်မှု‌တွေ၊ ‌ရေ‌ဘေးသင့်‌တွေက ‌တော်‌တော်များလာတယ်။ ‌တော်‌တော်များများမှာ ‌ရေကြီး‌ပေမယ့် ကရင် ပြည်နယ်က ပိုများတယ်။ အဲ့ဒါအ‌ပေါ်မှာ လာပြီး‌တော့ စိစစ်မယ်။ ကူညီမယ်။ ကြည့်ရှုမယ်။ အဲ့ဘက်ကို လုပ်ကြရ‌အောင်။ ငြိမ်း ချမ်း‌ရေးစကားဝိုင်းကို ‌လော‌လောဆယ် မလုပ်ဘဲ ‌နေရ‌အောင် ဆိုပြီး‌တော့ ဆုံးဖြတ်လိုက်ကြတယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်သို့ ‌ရောက်ရှိလာသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ဖားအံမြို့ ‌ရွှေရင်‌မျှော်ဘုရားတွင် ဖွင့်လှစ်ထားသည့် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း၊ ဆိုင်ကလုန်း (Cyclone Shelter) အပါအဝင် ပြည်နယ် မိုးလုံ‌လေလုံ အားကစားခန်းမ စသည့် ‌နေရာများတွင် ဖွင့်လှစ်ထားသည့် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းများသို့ သွား‌ရောက်ကာ ‌ရေ‌ဘေးသင့်ပြည်သူများအား အား‌ပေး စကား ‌ပြောကြားခဲ့ပြီး ‌ထောက်ပံ့ပစ္စည်းများနှင့် ‌ထောက်ပံ့‌ငွေများ ‌ပေးအပ်ခဲ့သည်။

ဖားအံမြို့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ငြိမ်းချမ်း‌ရေးစကားဝိုင်းမှာ (၈)ကြိမ်‌မြောက်ဖြစ်ပြီး ၂၀၁၇ခုနှစ်မှစ၍ သျှမ်းပြည် နယ် ပင်လုံ၊ ‌နေပြည်‌တော်၊ မန္တ‌လေးတိုင်း ဝမ်းတွင်းမြို့နယ်၊ ‌မြေတိုင်ကန်‌ကျေးရွာ၊ ကယားပြည်နယ် လွိုင်‌ကော်မြို့၊ ဧရာဝတီ တိုင်း ‌မြောင်းမြမြို့နယ်နှင့် (၇)ကြိမ်‌မြောက်ကို ယခုနှစ် ဇွန်လ ၁၄ရက်‌နေ့က မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပြီးဖြစ် သည်။

နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိလ်အ‌နေဖြင့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလတွင်တစ်ကြိမ် လာ‌ရောက်ခဲ့ပြီး NLD အစိုးရတက်လာပြီး‌နောက် ပိုင်း ကရင်ပြည်နယ်သို့ ပထမဆုံးအကြိမ် ထပ်မံ‌ရောက်ရှိလာခြင်းဖြစ်သည်။