Home သတင်း ‌ကျောင်းပြင်ပ က‌လေးငယ်များအတွက် ကူညီနိုင်ရန် နယ်စပ်ရှိ ပညာ‌ရေးအဖွဲ့များနှင့် UNESCOတို့ ‌တွေ့ဆုံ

‌ကျောင်းပြင်ပ က‌လေးငယ်များအတွက် ကူညီနိုင်ရန် နယ်စပ်ရှိ ပညာ‌ရေးအဖွဲ့များနှင့် UNESCOတို့ ‌တွေ့ဆုံ

2408

ဇွန်လ ၂၆ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ထိုင်နိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ ‌ကျောင်းပြင်ပ က‌လေးငယ်များကို ပညာ‌ရေးဆိုင်ရာ အကူအညီများ ကူညီ ‌ထောက်ပံ့နိုင်ရန်အတွက် ကုလသမဂ္ဂ၏ ပညာ‌ရေး၊ သိပ္ပံနှင့် ယဉ်‌ကျေးမှုဆိုင်ရာအဖွဲ့အစည်း(UNESCO) တာဝန်ရှိ သူများနှင့် ထိုင်းပညာ‌ရေးဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းပညာ‌ရေးတာဝန်ရှိသူများ ယ‌နေ့ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် ‌တွေ့ဆုံညှိနှိုင်း‌ဆွေး‌နွေးပွဲတစ်ခုပြုလုပ်ခဲ့သည်။

ဘန်‌ကောက်အ‌ခြေစိုက်၊ ယူနယ်စကိုအဖွဲ့မှ အာဆီယံ‌ကြေညာချက်ပါ ‌ကျောင်းပြင်ပ က‌လေးငယ်များအတွက် ပညာ‌ရေးဆိုင်ရာအကူအညီ‌ပေး‌ရေးစီမံကိန်းကို တာ့ခ်ခရိုင်အတွင်း၌ အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်နိုင်ရန် အတွက် တာ့ခ်ခရိုင်အတွင်းရှိ ထိုင်းနှင့် မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေးဆိုင်ရာအဖွဲ့အစည်း၏ တာဝန်ရှိသူများနှင့် ‌တွေ့ဆုံ၍ စီမံကိန်းအ‌ပေါ်ချပြ‌ဆွေး‌နွေးခြင်း နှင့် အကြံဉာဏ်ရယူနိုင်ရန်အတွက်ဖြစ်သည်ဟု (UNESCO-Bangkok) ၏ စီမံကိန်း အထူးပြု ပညာ‌ရေးကျွမ်းကျင်ပညာရှင် အင်ချင်ရို မီယာဇာဝါ(Ichiro Miyazawa) က‌ပြောသည်။

၎င်းက “‌ပြောင်းလဲမှု‌တွေ ဖြစ်လာ‌တော့ ဒီတာ့ခ်ခရိုင် မဲ‌ဆောက်ထဲက ပညာ‌ရေးအတွက် စိန်‌ခေါ်ချက်‌တွေ အခက်အခဲ‌တွေကြုံ‌တွေ့‌နေရတဲ့ က‌လေးငယ်‌ပေါင်းများစွာရှိတယ်လို့ သိထားပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်ကတည်းက သူတို့‌တွေက ဒီက‌နေ့ ‌ကျောင်း‌တွေ၊ ‌ရွှေ့‌ပြောင်း ‌ကျောင်း‌တွေမှာ အများအပြား မတက်နိုင်ကြ တာ‌တွေ့ရသလို တက်ဖြစ်တဲ့သူလည်း တစ်နှစ်၊ နှစ်နှစ်နဲ့ ထွက်သွားကြတာရှိတယ်။ ဒါ‌ကြောင့် ဒီ‌နေ့ အစည်းအ ‌ဝေးက‌နေ ‌ကောင်းတဲ့ အ‌ခြေအ‌နေကို ယူပြီး ဆိုးရွား‌နေတဲ့ အပိုင်း‌တွေကို‌လေ့လာသွားမယ်။ ဒီက‌နေ တစ်ဆင့် ‌ကောင်းမွန်တဲ့ နည်းဗျူဟာ တစ်ခုကို ရရှိနိုင်ဖို့ဖြစ်ပါတယ်။ ကျ‌နော်တို့ မြင်ချင်တာက‌တော့ က‌လေး‌တွေအားလုံး ‌ကျောင်းတက်နိုင်ဖို့ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

တာ့ခ်ခရိုင်အတွင်းအ‌ကောင်အထည်‌ဖော်သွားမည့် ‌ကျောင်းပြင်ပက‌လေးငယ်များအတွက် ပညာ‌ရေး ‌ထောက်ပံ့ ကူညီမှု စီမံကိန်းကို လာမည့် စက်တင်ဘာလ‌လောက်တွင် စတင်ရန် စီစဉ်ထားပြီး လိုအပ်သည့် ‌ငွေ‌ကြေးနှင့် သင်ကြားမှု နည်းပညာဆိုင်ရာ အစီအစဉ်များကို အစိုးရ၏ အ‌ခြေခံ‌ကျောင်းများ၊ ‌ဒေသတွင်း အသိအမှတ်ပြုခြင်း မခံထားရသည့်သင်ကြား‌ရေးစင်တာများ၊ NGOအဖွဲ့အစည်းများ၏ သင်ကြား‌ရေးစင်တာများနှင့် ပူး‌ပေါင်း အား ဖြည့်၍ ကူညီ ‌ထောက်ပံ့‌ပေးသွားမည်ဟု စီမံကိန်း၏ တာဝန်ရှိသူများ ဆိုသည်။

၎င်းအ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်မည့် စီမံကိန်းအတွက် လိုအပ်သည့် ‌ငွေ‌ကြေးအ‌ထောက်အပံ့များကို ‌တောင်ကိုရီးယားနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး POSCO သံမဏိထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီမှ အလုပ်သမား သုံး‌သောင်း‌ကျော်၏ လုပ်ခလစထဲမှ တစ်ရာခိုင်နှုန်းဆီ ထည့်ဝင်မှုဖြင့် (UNESCO) မှ အ‌ကောင်အထည်‌ဖော် ‌ထောက်ပံ့ကူညီ‌ပေးသွားမည်ဖြစ်သည်။

လက်ရှိအ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်မည့် စီမံကိန်းသည် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် အာဆီယံ ထိပ်သီးစည်း‌ဝေးပွဲက‌နေ အာဆီယံထိပ်ပိုင်း‌ခေါင်း‌ဆောင်များမှ သ‌ဘောတူလက်ခံခဲ့သည့် ဖွံ့ဖြိုးတိုး တက်မှု သ‌ဘောတူ‌ကြေငြာချက်ပါ စီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပါ ‌ကြေငြာချက်သည် အာဆီယံ နိုင်ငံ‌ဒေသ တွင်းရှိ ‌ကျောင်းပြင်ပက‌လေးငယ်‌ပေါင်း ၄ ဒသမ ၁ သန်း‌ကျော်အတွက် လိုအပ်ချက်များ‌ဖြေရှင်းမှုကို ဖြစ်‌စေ‌ကြောင်း UNESCOက ဆိုသည်။