Home သတင်း ဝင်း‌ရော်‌ဒေသ ၆ ကြိမ်‌မြောက် က‌ညော-ဖလုံ စာယဉ် စု‌ပေါင်းသင်တန်းဆင်းပွဲ လူ‌ပေါင်း‌ထောင်ချီပါဝင်ဆင်နွှဲ

ဝင်း‌ရော်‌ဒေသ ၆ ကြိမ်‌မြောက် က‌ညော-ဖလုံ စာယဉ် စု‌ပေါင်းသင်တန်းဆင်းပွဲ လူ‌ပေါင်း‌ထောင်ချီပါဝင်ဆင်နွှဲ

2181

ဧပြီလ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ၊ ဆင်‌ပြေးရွာတွင် ဧပြီလ ၉ ရက်မှ ၁ဝ ရက်‌နေ့အထိကျင်းပသည့် ၆ ကြိမ်‌မြောက် က‌ညော-ဖလုံ ကရင် စာ‌ပေနှင့်ယဉ်‌ကျေးမှု စု‌ပေါင်းသင် တန်းဆင်းပွဲကို လူ‌ပေါင်း‌ထောင်ချီ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဝင်း‌ရော်‌ဒေသ စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဦး‌ဆောင်မှုဖြင့် ယခုနှစ် သင်တန်းဆင်းပွဲတွင် သထုံ၊ သံဖြူ ဇရပ်နှင့် ကြာအင်းဆိပ်ကြီး ၃ မြို့နယ်ရှိ ‌ကျေးရွာ‌ပေါင်း ၄ဝ ‌ကျော်မှ လူဦး‌ရေ ၃,၀၀ဝ ‌ကျော်က စာ‌ပေယဉ် ‌ကျေးမှုပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

သင်တန်းနှင့်ပတ်သက်၍ ဒုသင်တန်းမှူး ‌စောဆာ့ဂီဘ‌လေးက “ ငြိမ်းချမ်း‌ရေး မရခင် ကာလတုန်းက ဒီလို သင်တန်း‌တွေ သိပ်လုပ်မရဲခဲ့ဘူး။ ခုလိုပြုလုပ်ခွင့်ရ တုန်း‌လေးမှာ ကရင်‌တွေအားလုံး ကရင်စာ‌ရေးတတ်ဖတ် တတ်ဖို့အတွက် အဓိက ရည်ရွယ်ပါတယ်” ဟု‌ပြောသည်

သင်တန်းဆင်းပွဲကို ဧပြီ ၉ ရက်‌နေ့မှစတင်ကာ ပိုးနှင့် စ‌ကောကရင် ဘာသာများဖြင့် စာ‌မေးပွဲ‌ဖြေဆိုခြင်း စာ တမ်းဖတ်ခြင်းနှင့် ပုံ‌ပြောပြိုင်ပွဲများပြုလုပ်ခဲ့သည့်အပြင် ညပိုင်းတွင် ဒုံးအကပြိုင်ပွဲ ကျင်းပခဲ့ကြပြီး
၁ဝ ရက်‌နေ့ညတွင် ကရင်‌တေးသံရှင်များက ‌တေးဂီတဖြင့် ‌ဖျော်‌ဖြေခြင်း၊ ကံစမ်းမဲဖွင့်လှစ်‌ပေးခြင်းနှင့်စာ‌ပေယဉ် ‌ကျေးမှုဆု‌ပေးခြင်းများပြုလုပ်ခဲ့ကြသည်။

ဒုံးအက လာ‌ရောက်ယှဉ်ပြိုင်သည့် ထီးထို့‌ကော်ရွာမှ ‌လေးတန်း‌ကျောင်းသူ ‌နော်လား‌ဂေမူးက “ ကြီးလာရင် ဒုံးဆရာမလုပ်မယ်။ ဝါသနာလည်းပါတယ်။ စာ‌ပေနဲ့ယဉ်‌ကျေးမှုကို တိုးတက်‌အောင် လုပ်‌ဆောင်သွားမယ်။ ” ဟု ‌ပြောသည်

က‌ညော-ဖလုံ စာ‌ပေယဉ်‌ကျေးမှုစု‌ပေါင်းသင်တန်းဆင်းပွဲကို ဝင်း‌ရော်‌ဒေသတွင် ၂၀၁၃ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပခဲ့ရာတွင် ပထမအကြိမ်အဖြစ် တညင်ရွာ၌ လည်း‌ကောင်း၊ ၂ ကြိမ်‌မြောက်အဖြစ် လွတ်ရှမ်းရွာ ၃ နှင့် ၄ ကြိမ်ကို ဖားပြရွာ၊ ၅ ကြိမ်အဖြစ် တညင်ရွာ၌ အသီးသီးကျင်းပခဲ့ပြီးဖြစ်သည်။